17 (Ending)

16.7K 905 65
                                    

Zawgyi

မောင့်​​မေ​မေက တဖွဖွ​တောင်းပန်​ရင်း ပြန်​သွားသည်​။
တကယ်​​တော့ ​မေ​မေ့အမှားလည်းမဟုတ်​ခဲ့ပါဘူး။
မိဘ​တစ်​​ယောက်​ရဲ့ အတ္တအ​နေနှင့်​ ​မေ​မေသူ့အ​ပေါ်လုပ်​ခဲ့တာ​တွေက အ​သေးအမွှား​လေးသာ ရှိ​သေးသည်​။

"ထယ်​ ထယ့်​မိဘ​တွေကို သွား​တွေ့ရ​အောင်​ သူတို့လည်း သုံးနှစ်​လုံး ထယ့်​စိတ်​နဲ့ မ​ပျော်​နိုင်​ကြဘူး..."

"ကျွန်​​တော်​အရမ်းဆိုးခဲ့တာ ကျွန်​​တော့်​ကြောင့်​ လူ​တွေအားလုံး နာကျင်​​နေကြရတယ်​..."

"အာ ဒီက​လေးက​တော့ မဟုတ်​တာ​တွေ​တွေးပြန်​ပြီကွာ.."

အူယားသလိုဆိုလာတဲ့​မောင်​က သူ့ကိုက​လေးတဲ့။
ထယ်​​ယောင်း ​ခေါင်းကိုသာအသာငုံ့ထားလိုက်​သည်​။
ဟန်​​ဆောင်း​ရှေ့မှာ အရှက်​သည်း​နေ၍မဖြစ်​​ချေဘူးမလား။

"​နောက်​​နေ့မှ​ပေါ့​မောင်​ ဒီ​နေ့​တော့ Green Landနဲ့ project meeting ရှိတယ်​.."

ဟုတ်​​သားပဲ။
သူထယ့်​ကို Green Landရယ်​ဂျွန်​ဟို​ဆော့ရယ်​နှင့်​ ပတ်​သက်​ပြီး စုံစမ်းခိုင်းခဲ့တာ။

"Green Landကဒီprojectကြီး​အောင်​မြင်​သွားရင်​​တောင်​ ပြန်​ထူ​ထောင်​ဖို့မလွယ်ပါဘူး​ လက်​ရှိCEOလက်​ထက်​မှာ လုံးဝပြိုကွဲ​နေတာ ​ဒေ၀ါလီခံရ​တော့မယ်​ သူ့တူ​ဂျောင်​ဟို​ဆော့က ယိုင်​နဲ့​နေတဲ့ကုမ္ပဏီကို ဆက်​ပြီးထိန်းထား​ပေးတာ ပြီး​တော့​ ​ဂျောင်​ဟို​ဆော့က......."

အချက်​အလက်​​တွေရှိတဲ့ notebookကို သူ့ဆီပြရင်း ကုမ္ပဏီထဲကို သူတို့အတူဝင်​လာလိုက်​သည်​။
ပရမ်းပတာအ​ခြေအ​နေဖြင့်​ အချိန်​တိုအတွင်း စုစည်းလာရသည်​မို့ ထယ်​​ယောင်းရဲ့အချက်​အလက်​​တွေက ပြည့်​စုံသည်​ဟုမ​ဆိုသာငြားလည်း အဓိကအချက်​​တွေက​တော့ပါလာသည်​။
အထူးသဖြင့်​ Green Landရဲ့​ငွေ​ကြေး​ဖောင်းပွမှု​တွေနှင့် wasteဖြစ်​သွားတဲ့ ရင်းနှီးမြှုပ်​နှံမှု​တွေ။

"​ဆောရီးထယ်​ ကိုယ့်​​ကြောင့်​သာမဟုတ်​ရင်​ ထယ့်​မှာဒီထက်​ပိုပြီး အချိန်​​တွေရခဲ့မှာကို..."

𝑭𝒂𝒎𝒊𝑳𝒚 [[𝑻𝒂𝒆𝒌𝒐𝒐𝒌]] 𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now