9

8.4K 802 49
                                    

Zawgyi

"​မောင်​​ရေ မနက်​စာရပြီထ​တော့..."

ပုခုံးကိုကိုင်​ကာလှုပ်​နှိုး​နေ​ပေမယ့်​ ​မောင်​က​တော့တုပ်​တုပ်​မလှုပ်​။
တစ်​ဖက်​ကိုလှည့်​ကာ ပြန်​အိပ်​သွား၏။
ညကလည်း က​လေးဆိုးကြီးကိုမငို​အောင်​​ချော့ပြီး ကြိုးစားသိပ်​လိုက်​ရသည်​။
ဟန်​​ဆောင်းပင်​ သူ့ဟာသူအိပ်​သွားသည်​။

"​မောင်​မထရင်​လည်း ကျွန်​​တော်​ဟန်​​ဆောင်းနဲ့ပဲ အရင်​စားလိုက်​​တော့မယ်​.."

"ဟာ ထယ်​ကွာ...ငဂျစ်​​လေး..."

"​မောင်​ကမှလူဂျစ်​ကြီး..."

ထယ့်​စကားအဆုံး​ဂျောင်​ဂု ဟက်​ဟက်​ပက်​ပက်​ရယ်​မိသည်​။
ထယ့်​ကို ကုတင်​​ပေါ်ဆွဲချရင်း ​ထွေး​ထွေးအိအိကိုယ်​လုံး​လေးကို ဖိညှစ်​ကာဖက်​ထားမိ၏။

"လွှတ်​အုံး​မောင်​ သားကိုသွားနှိုးရအုံးမယ်​..."

"ထယ်​​အောက်​ကပဲ​စောင့်​ ​မောင်​ ဟန်​​ဆောင်းကို​ခေါ်လာခဲ့မယ်​.."

"ဒါ​ပေမယ့်​ ​မောင်​.."

မောင်​က အဆင်​​ပြေပါတယ်​ဆိုတဲ့ အပြုံးဖြင့်​ သူ့ကိုပြုံးပြသည်​။
ထယ်​​ယောင်းရင်​ထဲ ကြည်​နူးမှုလှိုင်းက​လေးက ၀င်​ခတ်​သည်​။

"​​မောင်​!..."

ပါးပြင်​တစ်​ဖက်​ကို အလစ်​ဖမ်းကာနမ်းရင်း ​ရေချိုးခန်းထဲဝင်​သွားတဲ့​မောင့်​​ကျောပြင်​ကို သူပြုံးကြည့်​ရင်းကျန်​ခဲ့သည်​။
အပြစ်​အနာအဆာများတဲ့ သူ့ဘ၀မှာ ​မောင်​ကတစ်​ခုတည်း​သော ပြီးပြည့်​စုံခြင်း​လေး။
ထယ့်​လို တန်​ဖိုးမရှိတဲ့လူတစ်​​ယောက်​ကို ချစ်​ရလို့ ​နောင်​တမရဘူးမလား​မောင်​။
အိပ်​ယာကိုခပ်​သွက်​သွက်​သိမ်းရင်း မီးဖိုခန်းရှိရာ ပြန်​ဆင်းလာခဲ့သည်​။

သိပ်​မကြာခင်​မှာပင်​ အိမ်​​ပေါ်ကဆင်းလာတဲ့ ဂျွန်​ထယ်​​ယောင်းရဲ့​ယောက်ျား ဂျွန်​​​ဂျောင်​ဂု..။

(လက်​ထပ်​တဲ့အခါ မျိုးရိုး​ပြောင်းဖို့လို​သေးရဲ့လား ခြူး​သေချာမသိလို့ပါ က​လေး​မွေးလာရင်​ခင်​ပွန်းရဲ့မျိုးရိုးကိုယူရတာ​တော့သိ​ပေမယ့်​ ဇနီးသည်​ဘက်က မျိုးရိုး​ပြောင်းရလားမသိလို့ ခြူးကြည့်​ရတဲ့ drama​တွေထဲလည်း မ​ပြောင်းကြလို့ပါ ​ပြောင်းရသည်​ရှိ​သော်​ ​ပြောပြခဲ့ပါ ပြန်​Edit​ပေးပါ့မယ်​ အလယ်​ကြီးမှာ ANထည့်​ရလို့အားနာပါတယ်​)

𝑭𝒂𝒎𝒊𝑳𝒚 [[𝑻𝒂𝒆𝒌𝒐𝒐𝒌]] 𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Место, где живут истории. Откройте их для себя