16

9.2K 837 113
                                    

Zawgyi

သူ့ကို အ​နောက်​က​နေပြီး ​ပွေ့ဖက်​ထားတဲ့ အ​ကြောစိမ်း​တွေယှက်​​နေသည့်​ လက်​​ကို ထယ်​​ယောင်းခပ်​ဖွဖွငုံ့နမ်းရင်း ဖယ်​လိုက်​သည်​။
ရေချိုးခန်းထဲက ပုဝါတစ်​ထည်​ကိုခါးမှာပတ်​လိုက်​သည့်​တိုင်​ သူ့မှာမလုံခြုံ​သေးသလို။
ဒီလိုကိစ္စ​တွေကသူနှင့်​​မောင့်​ကြားမှာ မထူးဆန်း​ပေမယ့်​ သုံးနှစ်​ကြာပြီးမှ ပထမဆုံးအကြိမ်​ဆို​တော့အနည်းငယ်​ ​နေရခက်​သည်​။
ရေပန်း​အောက်​မှာ အချိန်​အ​တော်​ကြာကုန်​ဆုံးပြီး​နောက်​​တော့ ထယ်​​ယောင်း bathrobeတစ်​ထည်​၀တ်​ကာထွက်​လာခဲ့သည်​။
မထင်​မှတ်​ထားစွာဖြင့်​ ​မောင်​ဟာနိုးလို့​နေခဲ့သည်​။

"ထယ်​...အဆင်​​ပြေရဲ့လား..."

ကြောင်​အကာ ဘာ​ပြောလို့်​ပြောရမှန်းမသိဖြစ်​​နေချိန်​ ​မောင့်​ဘက်​ကစလာတဲ့စကား​ကြောင့်​ လူကရှိန်းခနဲဖိန်းခနဲ။

"ဘာမှမဖြစ်​ပါဘူး..."

"ကိုယ်​ညက သန့်​ရှင်း​ရေးလုပ်​​ပေး​ပေမယ့်​ ထယ်​အရမ်းအိပ်​​ပျော်​​နေလို့ ​သေချာမလုပ်​လိုက်​ရဘူး ဗိုက်​​အောင့်​​နေမှာစိုးရိမ်​​နေတာ.."

"ကျွန်​​တော်​!!...ထုတ်​ ထုတ်​လိုက်​ပြီ...​သေချာ..အဲ့ဟာ​တွေကို.."

ရှေ့စကား​နောက်​စကားကို အထစ်​ထစ်​ဖြင့်​ မညီမညွတ်​​ပြောလာရင်း အဆုံးမှာ အသံတိုးဝင်​သွားသည့်​ထယ်​​ကြောင့်​​ဂျောင်​ဂု ပထမမှာ အံ့သြသွားရ​သေးသည်​။
ဒါ​တွေက သူ​မေး​နေကျပဲကို ထယ်​ကဘာလို့ အခုတကြိမ်​မှ အရမ်းရှက်​​နေသည်​လဲ။
သုံးနှစ်​ကြာမှ ပထမဆုံးအကြိမ်​ဆိုတာကိုသတိရမိတဲ့​နောက်​မှာ​တော့ ​ဂျောင်​ဂုသည်​လည်း ကုတင်​​ပေါ်က ၀ုန်းဆို​ပြေးဆင်းကာ ​ရေချိုးခန်းထဲ ​ပြေးဝင်​ပြီး တံခါးကိုအားကြီးနှင့်​ဆွဲပိတ်​ချလိုက်​သည်​။
သူ့မျက်​နှာ​တွေပူတက်​လာသလို ထယ်​လည်း ထိုနည်းအတိုင်း ဖြစ်​​နေမည်​မှာ မလွဲပင်​။
ညက ထိုအချိန်​မှာ မငိုခဲ့မိတဲ့ ကိုယ့်​ဟာကိုယ်​ ​ကျေးဇူးတင်​မိသည်​။

မောင်​အခန်းထဲဝင်​သွားမှ ထယ်​​ယောင်း​ အင်္ကျီ​တွေကို လဲလိုက်​သည်​။
စော​စောကရှက်​ရွံမှု​တွေ ဘယ်​​ရောက်​ကုန်​သည်​လဲမသိ။
သူ့ထက်​ပင်​ ပိုအရှက်​သည်းပြသွားသည့်​​မောင့်​​ကြောင့်​ ထယ်​​ယောင်း ရှက်​​နေတာ​တွေပင်​ ကြက်​​ပျောက်​ငှက်​​ပျောက်​ ​ပျောက်​ကုန်​သည်​။
မောင်​​ရေ အရူးကြီး။
.
.
"ဟန်​​ဆောင်း ငြိမ်​ငြိမ်​​နေစမ်း တင်​ပါးပုပ်​သွား​အောင်​ ​ဆော်​ပစ်​မှာ​နော်​..."

𝑭𝒂𝒎𝒊𝑳𝒚 [[𝑻𝒂𝒆𝒌𝒐𝒐𝒌]] 𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Donde viven las historias. Descúbrelo ahora