10

8.5K 833 26
                                    

Zawgyi

"မင်းတို့​တွေ ငါတို့မိသားစုအ​ပေါ် ဘယ်​လိုများလုပ်​လိုက်​ကြတာလဲ..ဟမ်​.."

မောင့်​​မေ​မေဟာ မျက်​ရည်​​တွေ ဖြိုင်​ဖြိုင်​ကျတဲ့အထိ ရင်​ထုမနာ ငို​ကြွေး​နေသည်​။
နမ်​ဟီးက​တော့ မသက်​ဆိုင်​သူလို ​​အေး​အေးလူလူပင်​ထိုင်​​နေ​သေးသည်​။
သူမအပြစ်​လို့လည်း မဆိုချင်​ပါ။
စင်​စစ်​အမှားကျူးလွန်​ထားသူက သူဖြစ်​သည်​မို့။

"​တောင်းပန်​ပါတယ်​ ​မေ​မေ..."

သူလည်းသိပ်​မကြာခင်​ကမှ သိခဲ့သည့်​အ​ကြောင်းကို​ပြောကာ ​ဖြေရှင်းချက်​မထုတ်​ချင်​​တော့ပါ။
မေ​မေ့မျက်​လုံးထဲမှာ အပြစ်​ကျူးလွန်​ပြီး အ​ကြောင်းပြချက်​ ​ထောင်​​သောင်းများစွာဖြင့်​ ​ရှောင်​​ပြေးဖို့ရာကြိုးစား​နေသူတစ်​ဦးအဖြစ်​ မမြင်​​စေလို။
ထိုအခါ သူဆိုတာ ​မောင့်​မေ​မေ့မျက်​လုံးထဲမှာ ရွံစရာအ​ကောင်းဆုံးလူဖြစ်​သွားလိမ့်​မည်​။

"စီးပွား​ရေးဆန်​ဆန်​လက်​ထပ်​ရမယ့်​ကြားက ငါ့သားလက်​ထပ်​ရမယ့်​လူက ​ယောက်ျား​လေးဆိုတာသိလို့ ငါကန့်​ကွက်​တဲ့ကြားက တစ်​ခါပဲ​တွေ့ရ​သေးတဲ့ မင်းကို ငါ့သားကချစ်​တယ်​ဆိုလို့ လက်​ခံ​ပေးခဲ့တာ..."

ဘုရား​ရေ ​မောင်​သူ့အ​ပေါ်ကို အ​နေနီးလာလို့ ချစ်​မိသွားတာမျိုးမဟုတ်​ပဲ ပထမဆုံးအကြိမ်​​တွေ့တဲ့အချိန်​ထဲကတဲ့လား။
သူဘယ်​လိုအမှား​တွေများ ဆက်​တိုက်​ကျူးလွန်​ခဲ့ပါလိမ့်​။

"ဒါတင်​ပဲလား ငါ့သားချစ်​တဲ့မင်းကို ငါလည်းသားအရင်းလို ချစ်​လိုက်​ရတာ ငါ့သားမက်​​လေးက​ယောက်ျား​လေး​ပေမယ့်​ ဘယ်​မိန်းက​လေးမှ မယှဉ်​နိုင်​ဘူးလို့ ဂုဏ်​ယူခဲ့ရတာ မင်းက​တော့ အလိမ်​အညာ​တွေနဲ့ ငါတို့မိသားစုထဲကိုဝင်​လာခဲ့တာ..."

အရင်​ကသူ့ကို သားအရင်းတစ်​​ယောက်​လို ​နွေး​နွေး​ထွေး​ထွေး ဆက်​ဆံ​ပေးခဲ့တဲ့ ​မေ​မေလည်း သူ့ကို ယခုချိန်​မှာ​တော့ ကျိန်း​သေမုန်းတီး​နေပါလိမ့်​မည်​။

"ထွက်​သွား ကင်​ထယ်​​ယောင်း ​ရော့ကွာရှင်းစာချုပ်​ လက်​မှတ်​ထိုး ငါ့သားနားမှာ တစက္ကန့်​​လေး​တောင်​ပိုမ​နေပါနဲ့...ငါမင်းမိဘ​တွေနဲ့လည်း မျက်​နှာချင်း​တောင်​ မဆိုင်​ချင်​ဘူး"

𝑭𝒂𝒎𝒊𝑳𝒚 [[𝑻𝒂𝒆𝒌𝒐𝒐𝒌]] 𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Dove le storie prendono vita. Scoprilo ora