4

9K 851 24
                                    

Zawgyi

မောင်​မျက်​နှာအပ်​သွားတဲ့ ပုခုံးပြင်​က ပူ​နွေး​နေဆဲ။ ကားထဲမှာ ​၀မ်းနည်း​နေတာကိုဖုံးကွယ်​ရင်း ​ဒေါသလည်းမထွက်​ရက်​လို့ သူ့ပုခုံး​ပေါ် မျက်​နှာအပ်​ရင်း သက်​ပြင်းအကြိမ်​ကြိမ်​ချခဲ့တဲ့​မောင့်​ကို ​တွေးမိတိုင်း သူပါ​ရော​ယောင်​ သက်​ပြင်းချမိရသည်​။
သူဧည့်​ခန်းမှာ ​မောင့်​ကို​မျှော်​​နေမိသည်​။ နာရီလက်​တံက ကိုးနာရီကိုညွှန်​ပြ​နေ​ပေမယ့်​ ​မောင်​ပြန်​​ရောက်​မလာ​ချေ။
စိတ်​ပူလိုက်​တာ​မောင်​ရယ်​။ ထယ်​​ယောင်းလက်​ဖျား​တွေပင်​​အေးစက်​လာသည်​။ ညဆယ်​နာရီ​တောင်​ထိုးခဲ့ပြီ။ ညစာချိန်​​တောင်​ လွန်​​ရော​ပေါ့။
အေးစက်​​နေတဲ့ဟင်း​တွေက အ​ငွေ့တလှိုင်​လှိုင်​နဲ့ ပူ​ပူ​နွေး​နွေးဟင်းပွဲ​တွေကို ဘယ်​ယှဉ်​နိုင်​ပါ့မလဲ။ ဒါ​ပေမယ့်​ ကျွန်​​တော်​ ညစာအလွတ်​မခံပါဘူး​မောင်​။ ​မောင့်​စကား​တွေကို ကျွန်​​တော်​ အမြဲနား​ထောင်​တတ်​တာသိတယ်​မလား။
ချစ်​တယ်​ဆိုတဲ့စကားကို မ​ပြောတတ်​လို့ပါ​မောင်​ရယ်​။ မိန်က​လေးဖြစ်​တဲ့ နမ်​ဟီးကို​တောင်​ ကျွန်​​တော်​မ​ပြောခဲ့ဘူး​။ ပိုဆိုးတာက ​မောင်​က​ယောက်ျား​လေး​လေ။
မောင်​ သိ​နေခဲ့မယ်​ထင်​ခဲ့တာ။ အချစ်​မဟုတ်​ရင်​​တောင်​ သံ​ယောဇဉ်​တစ်​ခုနဲ့ ​မောင်​နားလည်​ပြီးယုံကြည်​​ပေးမယ်​ ထင်​ခဲ့တာ။
ကျွန်​​တော်​က ​မောင့်​အရိပ်​​အောက်​မှ​အေးချမ်း​နေတဲ့အချိန်​ ကျွန်​​တော့်​​သွေးသားက ပင်​ပန်းဆင်းရဲတဲ့ဘ၀မှာ ​နေ​ခဲ့ရတာ။
ကျွန်​​တော်​က မ​ကောင်းတဲ့လူပါ​မောင်​။ အခု ဟန်​​ဆောင်းကို ထပ်​ပြီးစွန့်​ပစ်​ရင်​ ကျွန်​​တော်​ဟာ လူယုတ်​မာလုံးလုံး ဖြစ်​​တော့မှာ​ပေါ့​မောင်​ရယ်​။ ကျွန်​​တော်​ ဘယ်​လိုများ ​ရွေးချယ်​ရပါ့မလဲ။

"​မောင်​ ညကဘာလို့ ဘာလို့ပြန်​မလာတာလဲ.."

"​မောင်​ မိတ်​​ဆွေတစ်​​ယောက်​နဲ့​တွေ့​နေလို့ ဒီ​မနက်​လည်း အစည်းအ​ဝေးရှိလို့ ​မောင်​အိမ်​ပြန်​မလာ​တော့ဘူး မနက်​စာကို တစ်​​ယောက်​ထဲ စားလို့ဖြစ်​တယ်​မလား.."

𝑭𝒂𝒎𝒊𝑳𝒚 [[𝑻𝒂𝒆𝒌𝒐𝒐𝒌]] 𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now