3

9.9K 897 36
                                    

Zawgyi

"သားထယ်​​လေးမှာ ချစ်​သူရှိတယ်​သား.."

ဂျောင်​ဂု​သောက်​​နေတဲ့​ကော်​ဖီ​တွေ သီးသွားသည်​။

"ဗျာ ဒါနဲ့များဘာလို့.."

"​အဲ့မိန်းက​လေးကို ထယ်​​ယောင်း​လေးမိဘ​တွေက သ​ဘောမကျလို့ သားနဲ့လက်​ထပ်​ပေးဖို့ အရင်​စလို စီစဉ်​လိုက်​ကြတာ.."

"​သားသိပါပြီ"

ကောင်​​လေး မျက်​နှာမ​ကောင်းတာ ဒါလည်းပါမည်​။ သို့​သော်​လည်း ဒီအ​ကြောင်းကို တစ်​ခွန်းပင်​မဟ​ချေ။ သူလည်း အတင်းအကြပ်​မ​မေးချင်​ပါ။
သူ​တောင်​မ​ပြောပြချင်​လို့ တိတ်​ဆိတ်​​နေခဲ့တာပဲ။ သူလည်း မသိချင်​​ယောင်​​ဆောင်​လိုက်​​တော့မည်​။ တစ်​ချိန်​ချိန်​မှာ​တော့ သူဖွင့်​​ပြောလာမှာပါ။
လက်​ထပ်​ပွဲကလည်း တစ်​ပတ်​​တောင်​မလို​တော့ဘူးမလား။
ပြီး​တော့ ထယ့်​ပုံစံ​လေးက သူ့ကိုတနည်းနည်းနဲ့မငြင်းနိုင်​​အောင်​ တုပ်​​နှောင်​ထား၏။ ဘယ်​အရာက သူ့ကို ငြင်းဆိုဖို့တွန့်​ဆုတ်​​စေခဲ့သလဲ​တော့မသိပါ​ချေ။
ထယ်​​ယောင်းဆိုတဲ့ ​ကောင်​​လေးကို မြင်​ထဲက သူလက်​ထပ်​ဖို့မငြင်းမိတာကိုက ကံ​ကောင်းမှုတစ်​ခုလို ခံစားရသည်​။

ကိုယ်​ငါးနှစ်​လုံးလုံး ထယ့်​ဆီက ၀န်​ခံစကား​မျှော်​​နေခဲ့​ပေမယ့်​ ဒီလိုပုံစံမျိုးနဲ့ အသိ​ပေးတာမျိုး​တော့မဟုတ်​ခဲ့ဘူး။
ထယ့်​ရဲ့မျက်​နှာ​လေးနဲ့ ထယ့်​ပုံစံ​လေးကို ကိုယ်​စသ​ဘောကျခဲ့တာဆို​ပေမယ့်​ တဖြည်းဖြည်း ကိုယ်​ထယ့်​အ​ပေါ်​လေးနက်​လာခဲ့တာ။ ဟာသ​တွေ​ပြောမ​ပေး​ပေမယ့်​ တည်​ငြိမ်​​အေး​ဆေးတဲ့ထယ့်​အနားမှာ ​နေရရင်​ကို ကိုယ်​အလိုလို​ပျော်​ရွှင်​မှုကို ခံစားခဲ့ရတာ။ ဒါ​​တွေက အချစ်​မဟုတ်​ဘူးလို့ ကိုယ်​မငြင်းနိုင်​ခဲ့တာကြာပြီ။ ကိုယ်​က​လေ ထယ့်​ကို သိပ်​ချစ်​တာ။
ထယ်​သူ့ကိုထားသွားရင်​ဆိုတဲ့အ​တွေးနဲ့ ဖုန်း​ကို​ကောက်​ကိုင်​မိသည်​။ ထယ့်​အသံကြားရင်​ ​ပြေး​တွေ့ချင်​မိမှာမို့ message ​လေးတစ်​​စောင်​သာ ပို့လိုက်​မိသည်​။
ကိုယ်​​ ထယ့်​ကိုချစ်​တယ်​​လေထယ်​ရယ်​..။
ငါးနှစ်​လုံး သူမအ​ကြောင်းကို မ​ပြောတာက သူမကိုမချစ်​​တော့လို့လို့ ​ပြောပါထယ်​။ သူမကိုမ​မေ့နိုင်​​သေးဘူးလို့ ​ယောင်​လို့​တောင်​မ​ဖြေပါနဲ့ထယ်​ရယ်​။ မုသားဆိုရင်​​တောင်​ ကိုယ်​​ကျေနပ်​မှာမို့။

𝑭𝒂𝒎𝒊𝑳𝒚 [[𝑻𝒂𝒆𝒌𝒐𝒐𝒌]] 𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now