Zawgyi
မောင်နှင့် တွေ့ရမယ့် business partnerကိုမြင်ပြီး ထယ်ယောင်းတကယ်ပင် ဆွံ့အသွားရသည်။
ဂျပန်ရိုးရာစားသောက်ဆိုင်ရဲ့သီးသန့်ခန်း စားပွဲခုံပုလေးပေါ်မှာ ဆူရှီအမျိုးမျိုး တန်ပူရာအမျိုးမျိုးနှင့် အငွေ့တထောင်းထောင်းထနေတဲ့ အူဒုံခေါက်ဆွဲတွေအပြင် sobaအေးအချို့ ရှိနေသည်။
ဘယ်လိုများတွဲစပ်စားမလဲတော့သူမသိချေ။
သူဝင်ထိုင်ဖို့မကောင်းတတ်တာမို့ အခန်းပြင်မှာထွက်ကာစောင့်နေလိုက်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။"CEOဂျွန်ရဲ့အတွင်းရေးမှူးကိုလည်း တစ်ခါတည်းဝင်ထိုင်ခိုင်းလိုက်ပါ ကျွန်မတို့ကအခုလို သူစိမ်းဆန်ရမယ့်ဆက်ဆံရေးမှမဟုတ်ပဲ"
"ထယ်ယောင်း ဒါရိုက်တာချွဲပြောတာကြားတယ်မလား"
သူ့ဘက်ကိုခေါင်းဆတ်ရင်း ပြောလာတဲ့မောင့်စကားကြောင့် အပြင်ထွက်တော့မယ့် ခြေလှမ်းတွေကို ပြန်ရုတ်သိမ်းလိုက်ရင်း ထယ်ယောင်း ငြိမ်ငြိမ်လေး ၀င်ထိုင်လိုက်သည်။
"ဒါနှင့်အရင်ကခေါ်လာနေကျ ကိုယ်ရေးအရာရှိကရော"
"သူပါမလာဘူးလေ ကျွန်တော့်အတွင်းရေးကိစ္စတွေဖြေရှင်းရင်း အလုပ်ရှုပ်နေတယ် "
"အော် ဟုတ်လား.."
"ထယ်ယောင်း ဒါက Inspire ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာချွဲနမ်ဟီး သူက JEON gpရဲ့ shareရှင်တစ်ယောက်လည်းဟုတ်တယ် ဒါရိုက်တာချွဲ ဒါကကျွန်တော့်ရဲ့ယာယီအတွင်းရေးမှူး ဂျွန်ထယ်ယောင်းပါ မိတ်မဆက်လည်းသိမယ်ထင်ပါတယ်..."
"ထယ်ယောင်း မတွေ့ရတာကြာပြီနော်..."
လက်ကမ်းပေးလာတဲ့သူမလက်ကို ပြန်လည်မဆုပ်ကိုင်ခင် မောင့်မျက်နှာကို မသိမသာခိုးကြည့်မိသည်။
အပြုံးမပျက်တဲ့မောင့်ကြောင့် ထယ်ယောင်းပြန်နှုတ်ဆက်လိုက်သည်။"တွေ့ရတာဝမ်းသာပါတယ် ဒါရိုက်တာချွဲ.."
"ခုကအလုပ်ကိစ္စမပြောကြသေးဘဲ အရင်စားပြီးမှ ဆွေးနွေးတာပေါ့ အဆင်ပြေတယ်မလား CEOဂျွန်...."
YOU ARE READING
𝑭𝒂𝒎𝒊𝑳𝒚 [[𝑻𝒂𝒆𝒌𝒐𝒐𝒌]] 𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//
Fanfictionဤချစ်ခြင်းမှာ မာနတရားတို့လည်းမရှိခဲ့ပါဘူး ဤချစ်ခြင်းအားဖြင့် ချစ်မေတ္တာမြဲစေ 𝙱𝚃𝚂 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗 𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 ♡ 𝙺𝚒𝚖 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 𝙼𝚊𝚛𝚛𝚒𝚎𝚍 𝚕𝚒𝚏𝚎 𝙲𝚘𝚟𝚎𝚛 𝚋𝚢 𝙰𝚖𝚢 (𝚂𝚝𝚊𝚛𝚝 𝚍𝚊𝚝𝚎- 𝙰𝚙𝚛...