15

9.4K 845 75
                                    

Zawgyi

ဆေးနံ့လှိုင်​​နေတဲ့အခန်းထဲမှာ သူသတိရလာသည်​။

"​ထယ်ေ​ယာင်း.."

"အစ်​ကိုနမ်​ဂျွန်း...."

အစ်​ကိုက သက်​ပြင်းသဲ့သဲ့ချသည်​။

"ဘာလို့ ​ဆေး​တွေ​သောက်​ရတာလဲ​ယောင်းငယ်​ အန္တရာယ်​များတာမသိဘူးလား ​ဆေးရုံကိုသွားပြီးပုံမှန်​ check inလုပ်​နိုင်​မှ အဆင်​​ပြေမှာ​လေ အခုမင်းက ပုံမှန်​မအိပ်​ပုံမှန်​မစားနှင့်​ ပင်​ပန်းတဲ့ဒဏ်​​တွေ​ရော ​ဆေးဒဏ်​​တွေနှင့်​ပါ လဲသွားတာ..."
(​လျှောက်​ရွှီး😌 ဂလူးဂလူး​ခေါက်​​ပေမယ့်​ ​ဆေးပညာပိုင်းဆို​တော့ နားမလည်​လို့)

"လျှိုထားမိတာ ​တောင်းပန်​ပါတယ်​.."

"အစ်​ကိုမင်းစိတ်​ကိုနားလည်​ပါတယ်​ ဒါ​ပေမယ့်​ မင်းရဲ့အစ်​ကို​ဆော့ဂျင်​ကို ​သေချာ​လေး​ချော့လိုက်​အုံး က​လေးဆိုးကြီးအ​ကြောင်းသိတယ်​မလား..."

"ဟုတ်​ကဲ့..."

သူ့ဆံပင်​​တွေကို ဖွကာ အစ်​ကိုနမ်​ဂျွန်းအခန်းပြင်​ကိုထွက်​သွားသည်​။
အစ်​ကိုနမ်​ဂျွန်းကသူ့ရဲ့​ကျောင်းတုန်းကစီနီယာမို့ အစ်​ကို​ဆော့ဂျင်​ကသူ့ကို သူ့ချစ်​သူရဲ့ဂျူနီယာ​လေးအဖြစ်​စသိတာ လွန်​ခဲ့တဲ့သုံးနှစ်​က။
သို့​သော်​ငြား တကယ့်​ညီအရင်းလို ဂရုစိုက်​​ပေးတဲ့အစ်​ကို​ဆော့ဂျင်​ကို သူအားနာရပါသည်​။
အစ်​ကိုကစိတ်​ပူလို့ဆိုတာသိ​ပေမယ့်​ သူက​တော့မလိုက်​နာခဲ့ဘူးမလား။
ဟိုအရင်​ကတည်းကအခုထိသူဟာ လူ​တွေကိုစိတ်​ဒဏ်​ရာ​ပေး​တတ်​​နေတုန်း။

"​ဖေ​ဖေ!.."

"ဟန်​​ဆောင်း..."

လူနာကုတင်​​ပေါ်တက်​လာကာ သူ့ရင်​ခွင်​ထဲတိုးဝင်​လာတဲ့ဟန်​​ဆောင်း။
လက်​ထဲမှာလည်း ဘာဂါကြီးတစ်​လုံးဖြင့်​။
ဟန်​​ဆောင်းကို ကျစ်​​နေ​အောင်​ဖက်​ရင်း ​ခေါင်း​သေး​သေး​လေးကို ​မွှေး​မွှေး​ပေးလိုက်​သည်​။

"ဦးဦး​ဆော့ဂျင်​လုပ်​​ပေးတာလား ဒီဘာဂါက.."

"ဦးဦး​ဘေဘီ​လုပ်​​ပေးတာမဟုတ်​ပါဘူး ဦးဦးယုန်​​ပေးတာ..."

𝑭𝒂𝒎𝒊𝑳𝒚 [[𝑻𝒂𝒆𝒌𝒐𝒐𝒌]] 𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now