နောက်တစ်နေ့မနက် SouthKorea Aquaculture (ရေသတ္တဝါဆိုင်ရာ အလှပြပွဲ) ကို CEO JiMin ဖိတ်ကြားခြင်းခံရတာ တတ်ရောက်ဖို့အတွက် ပြင်ဆင်နေလေတယ်...
JiMin - Tae အဆင်သင့်ဖြစ်ပြီလား...
Tae - ဟုတ် Hyung ...သွားတော့မလား
JiMin - ဒီနေ့ ဘာအစီအစဥ်တွေရှိသေးလဲ....
Tae - ဒီပွဲပြီးတာနဲ့ Seoul ကိုပြန်ရုံပဲ Hyung .....မနက်ဖြန် companyမှာ အစည်းအဝေးရှိတော့ ဒီနေ့ပြန်မှဖြစ်မှာ....
JiMin - အိုကေလေ အဲ့တာဆိုသွားမယ်...
Tae - yahhhh ငါတို့ Hyung ချောချက်ကတော့...ဒီနေ့ပွဲမှာ ဟိုလူဆွဲဒီလူဆွဲဖြစ်နေမှာ မြင်ယောင်သေးတယ်....
JiMin - ငါလုပ်ထည့်လိုက်လို့ ဘာလိုချင်နေပြန်ပြီလဲ...လာဖားနေတာ...
Tae - ဘာမှမလိုချင်ပါဘူးနော် အကောင်းနဲ့ပြောတာကို....
JiMin - သွားမယ် နောက်ကျတော့မယ်...
***************************************
ပွဲသို့ရောက်တော့...Men - CEO Park JiMin-shi မတွေ့တာကြာပြီနော်...
JiMin - ဟုတ်ပဗျာ....
ဟိုလူနှုတ်ဆက် ဒီလူနှုတ်ဆက်နဲ့ JiMin ဆိုသည်မှာ Taeပြောသလိုပင် အတော်ကိုရေပန်းစားလှတယ်...လူတွေပါးစပ်ဖျားမှာလဲ ကောင်လေးကတော်တယ် အသက်ငယ်ငယ်လေးနဲ့ CEOဖြစ်နေတာ ရုပ်လေးကလဲချော ပရဟိတဆိုလဲလက်မနှေးဘူးတဲ့ တော်တော်ဆုတောင်းကောင်းတဲ့ကောင်လေးပဲ အစသဖြင့် ဟိုတစ်စုဒီတစ်စုပြောနေသံများလဲ ရှိသည်...
JiMin - ဒါဆို ခွင့်ပြုပါဦး ...ဟိုဘက်သွားကြည့်ချင်လို့...
Men - ကောင်းပါပြီဗျ....
ထိုလူအုပ်ကြားထဲမှ ထွက်လာပြီးခပ်လှမ်းလှမ်းရောက်တော့....
Tae - Hyung အဆင်ပြေရဲ့လား ကျွန်တော်သောက်စရာတစ်ခုခုသွားယူပေးရမလား...
JiMin - အင်း ကောင်းသားပဲ ငါဟိုဘက်လျှောက်နှင့်မယ်...
Tae - ဟုတ်....
JiMin လဲ ဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်ရင်း အရာတစ်ခုက သူ့ကိုစိတ်ဝင်စားစေခဲ့တယ်...အဲ့အရာကတော့ rare fish (ရှားပါးမျိုးစိပ် ငါး) ဖြစ်တဲ့ Kissing Loach (အရမ်းလှတဲ့ရေချိုငါးတစ်မျိုး) ပြသထားရာ မှန်ဘောင်လေးဘေး ထိုငါးလေးတွေကို စိတ်ဝင်တစား စူးစိုက်ကြည့်နေတဲ့ကောင်လေးတစ်ယောက်...လက်ထဲမှာလဲ ကင်မရာလေးတစ်လုံးနဲ့ သူ့ကြည့်ရတာ ငါးတွေနဲ့ပက်သတ်ပြီး အတော်စိတ်ဝင်စားပုံပေါက်တယ်...ရှပ်အဖြူပေါ် အနက်ရောင် long coatလေးထပ် ဂျင်းအပြာလေးနဲ့ လွယ်အိပ်လေးတစ်လုံး အဲ့ကောင်လေးကို စိုက်ကြည့်ရင်း...