အချစ်ဆိုတဲ့ အရာကို သေချာခံစားမိသွားတဲ့ Professor ပေါက်စလေး Jeon Jungkook ခမျာ ပြိုင်ပွဲကလဲတဖြေးဖြေးနီးကပ်လာတာကြောင့် ဒီရက်ပိုင်းအတွင်း ၄/၅ရက်ဆက်တိုက် မအားမလပ်နိုင်အောင်ပါပဲ....
ပြိုင်ပွဲမှာသေချာပေါက်အနိုင်ရယူဖို့အတွက်ဆိုရင် အခုထဲကအပင်ပန်းခံပီးကြိုတင်စီစဉ်ထားတာက အကောင်းဆုံးနည်းလမ်းပဲမို့လား.....
ဒီရက်ပိုင်းအတွင်း သူ့ရဲ့ ချစ်လှစွာသော Jimin Hyung နှင့်လဲမတွေ့ဖြစ်ပဲ Project ကိစ္စနဲ့သာ လုံးလည်ချာလည် လိုက်နေတာကြောင့် Jimin Hyung ကိုတော့ လွမ်းသလိုလို သတိရသလိုလိုခံစားမိပြန်သည်။
လူချင်းမတွေ့ဖြစ်ပေမဲ့လို့ Jungkook အိမ်မှာ ရှိနေတဲ့ အချိန်ဆို Jimin Hyung ကားလေး မောင်းထွက်သွားတာကအစ , Jimin Hyung ကို ချောင်းကြည့်ဖို့တော့ မပျက်ကွက်ခဲ့ပေ ။
အခုလဲ လုပ်လက်စProjectကိစ္စကို အပီးသတ်နေရတာကြောင့် အိမ်ပြန်နောက်ကျရပြန်သည်။ Project ခြင်းတူပေမဲ့ တာဝန်တွေခွဲထားတာကြောင့် Yoongi Hyung နဲ့ Hoseok Hyung တို့၂ယောက်ကတော့ ညနေထဲက ကျောင်းကထွက်သွားလိုက်သည်မှာ အိမ်ပြန်ရောက်ပီလားတောင် မသိ။
Jungkook တစ်ယောက်ထဲ Bus Car မှတ်တိုင်ရဲ့ ထိုင်ခုံလေးမှာထိုင်ရင်း Bus Carစောင့်နေတုံး ကားဟွန်းတီးသံကြားလိုက်တာကြောင့် လှည့်အကြည့်တွင် မထင်မှတ်ပဲ Jimin Hyung ရဲ့ ကားဖြစ်နေတာကြောင့် ကားရှိရာဆီသို့ အပြေးတပိုင်းလေး သွားမိကာ ဝမ်းသာအားရဖြင့် ကားပေါ်တက်လိုက်သည်။
"Gumawoe Hyung.. နဲနဲနောက်ကျနေပီဆိုတော့ Bus Carတွေကလဲ အလာကျဲနေတာ.. Hyung တစ်ယောက်ထဲပဲလား.. Taehyung Hyung ရောမပါဘူးလား?? "
"အင်း မပါဘူးချာတိတ်.. Taehyung က ညစာစားပွဲမှာ ကျန်ခဲ့တယ်.. ငါကနဲနဲမွန်းကြပ်လာလို့ တစ်ယောက်ထဲထွက်လာခဲ့တာ...."
"အာ... Nae .. Hyung.... "
" ညစာစားပီးရဲ့လား ချာတိတ်..."
"ဟုတ်ကဲ့ စားပီးပါပီ Hyung...."
"အော်... အင်း....."
၄/၅ရက်လောက်မတွေ့ဖြစ်ကြပီးမှ အမှတ်မထင်ပဲ ကားကြုံလိုက်စီးခွင့်ရတဲ့ Jungkook တစ်ယောက် တစ်နေကုန်ပင်ပန်းနေခဲ့တဲ့ ခံစားချက်ကိုတောင် မေ့သွားလောက်အောင် ပျော်နေခဲ့မိတယ်။