Tae - Hyung ကျွန်တော်ပြန်ရောက်ပြီ....
JiMin - အော် အင်း ပင်ပန်းလာရောပေါ့ သွားနားတော့လေ...
Tae - ဟုတ် ဘာမှထွေထွေထူးထူးမရှိဘူးမှတ်လား hyung...
JiMin - မရှိပါဘူးကွ...သွားနားတော့သွား...မနက် meeting ရှိတယ်...
Tae - ဟုတ် Hyung .....
***************************************
မနက်မိုးလင်းတော့ ထုံးစံအတိုင်းအလုပ်သွားရန် Taehyung နှင့် JiMin အိမ်မှထွက်လာတော့..အိမ်မကြီးရှေ့ရောက်သည်နှင့် အဆင်သင့်တွေ့လိုက်ရသော မနက်စာဘူးလေး၂ဘူးကို ကိုင်လျှက် ကားပေါ်တတ်ခဲ့လိုက်တယ်...ကားထွက်တော့ ခြံတံခါးဝမောင်းတဲ့အချိန်မှာ အိမ်ဖြူလေးမှထွက်လာတဲ့ Professor ပေါက်စ၃ယောက်ကိုတွေ့တော့...JiMin - Tae-ah ကားခဏရပ်ဦး...ဟို ၃ယောက်ဘယ်သွားမလို့လဲမသိဘူး မေးကြည့်လိုက်စမ်းပါ..
Tae - ဟာ Hyung ကလဲ ဘယ်သွားသွားပေါ့ ဘာလုပ်မလို့လဲ...
JiMin - လမ်းကြုံရင် ဝင်ပို့ပေးခဲ့မလို့လေ....
Tae - ဟင်....
JiMin - သွားပါ သွားမေးလိုက်....
Tae လဲ JiMin ကိုမလွန်ဆန်နိုင်တာကြောင့် ကားပေါ်ကဆင်းကာ...
Tae - JungKook-shi ဘယ်သွားကြမလို့လဲ...
JungKook - အော် Hyung ခရီးကဘယ်တုန်းကပြန်ရောက်တာလဲ....ကျွန်တော်တို့က ကျောင်းကိုသွားမလို့ပါ Dr.John ခေါ်ထားလို့ဗျ...
Tae - အင်း ငါညကပြန်ရောက်တာ...တတ်လေ လိုက်ပို့ပေးမယ် လမ်းကြုံတာပဲ...
HoSeok - နေပါစေဗျာ ...CEOလဲပါနေတော့ ...ကျွန်တော်တို့ Bus စီးသွားလိုက်ပါ့မယ်....
Tae - တတ်ပါ CEO ကိုယ်တိုင်ခေါ်ခိုင်းလိုက်တာမို့....
JungKook - ဟုတ်...ကျေးဇူးပါဗျ....
ဒီလိုနဲ့ Tae က ကားမောင်း ....ကားရဲ့ အနောက်ခန်းမှာ၃ယောက်သားဝင်ထိုင်လိုက်ကြပြီး JiMinကတော့ ကားရှေ့ခန်းမှာ မနက်စာစားရင်း သတင်းစာဖတ်လို့ လမ်းတစ်ဝက်ရောက်သည်အထိဘာစကားမှမပြောဖြစ်ကြပေ...JungKook တစ်ယောက်ကတော့ အနောက်ခန်းမှနေ၍ သူပြင်ပေးထားတဲ့မနက်စာလေးစား သတင်းစာဖတ်နေတဲ့ JiMin ကိုငေးကြည့်နေခဲ့တယ်...အတွေးထဲမှာလဲ မနက်စာစားရင်း သတင်းစာဖတ်နေတာတောင်မှ စမတ်ကျလွန်းလှတယ် ဘာညာပေါ့...ထိုအချိန် JiMin မှ ဘာရယ်မဟုတ် backမှန်ကိုကြည့်လိုက်တဲ့အခါ သူ့အားကြင်နာစွာစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံတွေ့လိုက်တာကြောင့် သောက်နေတဲ့ ကော်ဖီတောင်သီးသည်အထိ...