BLUE SIDE (Ep 5)

5.4K 623 5
                                    

ဒီနေ့တော့ Professor လက်သစ်လေး Jeon Jungkook ၏ ဒုတိယံမိ စိတ်လှုပ်ရှားရသောနေ့ပင်........

အရင်နေ့က CEO Park Jimin နှင့်ကိုယ်တိုင်တွေ့ဆုံခဲ့ရသည် ဆိုပေမဲ့လို့  သူ့ရဲ့ Project ကို အတိအကျ Confirmမလုပ်သေးတာကြောင့်  မတင်မကျစိတ်ဖြင့် မျှော်လင့်နေခဲ့ရသည်မှာ ယခုတော့  ဒုတိယအကြိမ် Company ရဲ့ Managing Director Park Taehyung ကိုယ်တိုင် ဆက်သွယ်လာပီမို့  သူ့Project ကိုလက်ခံလောက်သည်မှာ ရာခိုင်နှုန်းများသည်ဟု ယူဆကာ အနည်းငယ် စိတ်လှုပ်ရှားမိသည်။

ချိန်းဆိုထားသည့် အချိန်မတိုင်ခင် Jungkook တစ်ယောက် ရေမိုးချိူးပြင်ဆင်နေသည်မှာ ၁ နာရီနီးပါးလောက်ပင်ရှိလိမ့်မည်......

အဘယ်ကြောင့်ဆိုသော် သူ့အနေနှင့်  Professor တစ်ယောက်လဲဖြစ်ကာ ကမ္ဘာနှင့်ချီ အရေးပါသော Project ကို လုပ်ကိုင်မည့်သူဖြစ်တာကြောင့်  သူကမ်းလှမ်းထားသော သူတွေ၏ရှေ့တွင် Smart ကျချင်မိသည်။ ပုံမှန်ဆိုလျှင် Dutyချိန်မှလွဲ၍ Free Style သာ ဝတ်ဆင်ကာ လွယ်အိတ်တစ်လုံးနှင့် ပေါ့ပေါ့ပါးပါး နေတတ်သူသာဖြစ်သည်။

Smart ကျချင်မိတာကြောင့်ပင် နဂိုထက်ပို၍ ကြည့်ကောင်းအောင် ပြင်ဆင်ကာ သူ့ဆီမှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ အဝတ်အစားတွေထဲကမှ  ဒီနေ့အတွက် သူ့စိတ်နဲ့ လိုက်ဖက်ကာ smartကျမယ်ဟုထင်သော ဝတ်စုံကို ရွေးချယ်၍ဝတ်ဆင်ကာ သူ့၏အကြိုက်ဆုံးရေမွှေးတွေထဲက တစ်ခုဖြစ်တဲ့ Victoria Secret's တံဆိပ်ရဲ့ " Noir Tease " ဆိုတဲ့ အမျိူးအစားကို ရွေးချယ်ကာ လည်ပင်းတစ်ဝိုက်နှင့်  လက်ကောက်ဝတ်သွေးကြောလေးတွေပေါ် စိတ်ကြိုက်ဖြန်းလိုက်သည်။

Jungkook က အနံ့နှင့်ပတ်သက်လျှင် အနည်းငယ် sensitiveဖြစ်တတ်ကာ ဆပ်ပြာနံ့နှင့် ရေမွှေးနံ့သင်းပျံ့ပျံ့လေးတွေကို သဘောကျတတ်တာကြောင့် ရေမွှေးဆိုလျှင် မိန်းကလေးများအတွက် ထုတ်ထားသည့် ရေမွှေးကို ရွေးချယ်ဝယ်ယူတတ်၏ ။ သူက ယောကျာ်းလေးသုံး အနံ့ပြင်းပြင်း စူးရှရှတွေကို သိပ်သဘောမကျတတ်တာကြောင့်လဲပါသည်။

အားလုံးကို စိတ်တိုင်းကျ ပြင်ဆင်ပီးတာနှင့် မှန်ရှေ့တွင် သူ့ကိုသူ တစ်ပတ်လည်ကာ အနုလုံပဏိလုံ ကြည့်ပီး သဘောကျစွာတစ်ချက်ပြုံးလိုက်ပီး  လိုအပ်တာတွေယူကာ Company ကိုထွက်လာခဲ့တော့သည်။

BLUE SIDEDonde viven las historias. Descúbrelo ahora