BLUE SIDE (Ep 30)

4.9K 496 13
                                    

ဆေးရုံရှေ့တွင်ဖြစ်သည်..

Jin - JungKook-ah သေချာတယ်နော်...

JK - သေချာတယ် Hyung ကျွန်တော်ဆုံးဖြတ်ပြီးပြီ...

Jin - အင်းပါ စိတ်လှုပ်ရှားနေတာလား...

JK - ဟုတ် နည်းနည်း....ဟီး....

NJ - ဝင်ကြရအောင် .....

သက်ပြင်းရှည်တစ်ချက်ချပြီးနောက် ဆေးရုံထဲကို ခြေလှမ်းစချလိုက်သည်...သို့သော်လည်း ဆရာဝန်ရုံးခန်းရှေ့ရောက်သည်နှင့်တပြိုင်နက် ခုနကထိန်းချုပ်ထားတဲ့စိတ်တွေဘယ်ရောက်သွားမှန်းမသိ ခြေဖျားလက်ဖျားတွေပါအေးစက်လာရသည်...အဲ့အချိန် Jin Hyung က လက်ကလေး၂ဖက်ကို ဆုပ်ကိုင်ကာ Fighting!! တဲ့ NamJoon Hyung ကိုကြည့်တော့ အဆင်ပြေသွားမှာပါဆိုတဲ့သဘောနဲ့ ပြုံးပြကာခေါင်းညိတ်ပြသည်.....

ဘာမှမကြောက်နဲ့ JungKook မင်းလုပ်နိုင်တယ်...အခုကလဲ ဆွေးနွေးရုံနဲ့ ပြင်ဆင်ရုံပဲကို Fighting!!!!!....

၁နာရီမျှကြာအောင် ဆွေးနွေးပြီးနောက် ဆရာဝန်က လိုအပ်တဲ့ဆေးကုသမှူများပြုလုပ်ခဲ့သည်...ပြီးတော့ ဆောင်ရန်ရှောင်ရန်နဲ့ ပုံမှန်သောက်ရန်ဆေးများ စီစဥ်ပေးသည်...ကလေးယူဖို့ကြိုးစားပြီးတာနဲ့ တစ်လပြည့်လျှင် လာရောက်စစ်ဆေးဖို့လဲ အတန်တန်မှာလိုက်သေးသည်....

Jin - JungKook-ah အဆင်ပြေလား...

JK - ဟုတ် ....Operation ဝင်ရမယ် Hyung ကျွန်တော် ည အိမ်ပြန်မအိပ်နိုင်ရင် ဘယ်လိုလုပ်မလဲ...JiMin Hyung စိတ်ပူနေလိမ့်မယ်....

NJ - ငါတို့အိမ်မှာ အိပ်တယ်ပြောရင်ကော..

Jin - ရမလား Joonရယ် ....တော်ကြာအိမ်ရောက်လာလို့ ၃ယောက်လုံးကိုမတွေ့ရင် မီးပွင့်လိမ့်မယ်....

Operation ဝင်ဖို့ရန် JungKook ကဆေးသွင်းရင်းတန်းလန်းပြင်ဆင်ချိန်တွင် JiMin ကိုလှည့်ပတ်ဖို့ရန်အတွက်လဲစဥ်းစားရသေးသည်....

JK - Hyung ဘာမှမပြောပဲ ဒီအတိုင်းနေရင်ကော..

Jin - ဖြစ်ပါ့မလား....စိတ်ပူနေဥိးမယ်..

JK - အဲ့တာတော့ဟုတ်တာပေါ့ ဒါပေမယ့် ပြရမယ့်ခိုင်ခိုင်လုံလုံအကြောင်းပြချက်လဲမရှိဘူးလေ...

BLUE SIDEWhere stories live. Discover now