"ချာတိတ် ကိုယ့်ကိုလက်ထပ်နိုင်မလား"
"ဗျာ"
JiMin - အခုအဖြေမပေးနိုင်သေးလဲ ဖြစ်ပါတယ်....Hyung မင်းအဆင်သင့်ဖြစ်တဲ့အချိန်ထိ စောင့်နိုင်တာမို့....
JK - ဟင့်အင်း Hyung ကျွန်တော် တွေဝေနေတာမဟုတ်ဘူး....အဆင်သင့်မဖြစ်တာလဲမဟုတ်ဘူး.... ကျွန်တော်မထင်ထားခဲ့လို့ပါ....
"ကျွန်တော် Hyung ကိုလက်ထပ်ချင်တယ် "
"ကိုယ်အရမ်းဝမ်းသာတာပဲ ပြီးတော့ ကိုယ်မင်းကို အရမ်းချစ်တယ် ချာတိတ်"
"ကျွန်တော်လဲ Hyung ကို အရမ်းချစ်တယ်"
JK - ဒါနဲ့လေ Hyung အပြင်က၂ယောက်ကို ဒီအတိုင်းထားတော့မှာလား....
JiMin - ဘာလို့လဲ
JK - မနက်နိုးလာလို့ ဧည့်ခန်းမှာ၂ယောက်လုံး မြင်မကောင်းရင်ဘယ်လိုလုပ်မလဲ.....
JiMin - ဘယ်တတ်နိုင်မလဲ သူတို့နိုးတော့မှ ကိုယ်တို့လဲ အခန်းထဲက ထွက်ကြတာပေါ့...
JK - ဟွန်းးးး မုန်းတယ် အဲ့၂ယောက်ကို....
JiMin - ဟားးဟားးးး ဟုတ်ပ .....အနောင့်အယှက်၂ယောက်.... လာပါ Hyung တို့လဲ အိပ်ကြမယ်.....
ဤသို့နှင့် ဒီတစ်ခေါက်လဲ ဘာမှကိုမဘာလိုက်ရပါပဲ အိပ်ယာသာဝင်ခဲ့ကြရသည်....ဘယ်တတ်နိုင်မလဲ NamJoon ရဲ့ အစွမ်းက ဒီ၂ယောက်မဟုတ်ပဲ ဟို၂ယောက်အတွက်ဖြစ်သွားတာကို......
***************************************
အားးးးးးးးးးးးး!!!!!!!!!!!!!!!!!
ဧည့်ခန်း Sofa မှ Taeတစ်ယောက် နိုးလာခြင်းခြင်းတွေ့လိုက်ရတာက သူ့ရင်ခွင်ထဲမှာ နှစ်ချိုက်စွာအိပ်ပျော်နေတဲ့ HoSeok......
HoSeok လဲ Taeရဲ့အော်သံကြောင့် နိုးလာတော့ သူရောက်နေတာက Taeရဲ့ အဝတ်မပါတဲ့ ရင်ခွင်ကြီးထဲ.....
Tae - ကျွန် ကျွန်တော်တို့၂ယောက်ဖြစ်ပြန်ပြီ....
HoSeok - အေးကွာ နောက်တစ်ခါ ငါတို့၂ယောက် တူတူအရက်သောက်လို့မဖြစ်တော့ဘူး....
ညကကိစ္စတွေကို မစဥ်းစားပဲ အရင်လိုရိုးရိုးတန်းတန်းထင်ကာပြောနေကြတဲ့ သူတို့၂ယောက်.....ဒါပေမယ့် မကြာပါဘူး ညက ရိုးရိုးတန်းတန်းမဟုတ်ပဲ ဆန်းဆန်းပြားပြားဖြစ်ခဲ့ကြတာကို အောက်ပိုင်းဗလာကျင်းနေတဲ့ခန္ဓာကိုယ်ကဖော်ပြနေသည်လေ....ညသန်းခေါင်ကြီး ကိုယ်လုံးဗလာကျင်းနဲ့ဧည့်ခန်းမှာအိပ်နေကြတဲ့၂ယောက်ကို မြင်မကောင်းလို့ JiMin က စောင်ထွက်ခြုံပေးထားချင်ဖြစ်သည်....အဲ့တာကြောင့် အစက အောက်ပိုင်းဗလာကျင်းနေမှန်းစစချင်းက သတိမထားကြခြင်းဖြစ်သည်.....