၆လ ကြာသောအခါ......
ဧည့်ခန်းတွင် JiMin က ချာတိတ်လေး ပေါင်ပေါ်ခေါင်းတင်ကာ ဗိုက်လေးကိုပါးလေးအပ်၍ အိပ်နေလေသည်...ချာတိတ်လေးကလဲ JiMin ရဲ့ ဆံပင်လေးတွေကို ထိုးဖွလျှက်...
" Hyung..... ဘာလိုလိုနဲ့ မနက်ဖြန်ဆို ultrasound ရိုက်ကြည့်ရတော့မယ်နော်....ဟီးးး သားသားလေး လိုချင်လား မီးမီးလေးလိုချင်လား"....
" Ummmm.... ဘာလေးပဲဖြစ်ဖြစ် ချာတိတ်လေးနဲ့တူတဲ့ အရာလေး..."
" Hyung နော် ကိုယ့်ကလေးကို ဘာအရာလေးလဲ ...အ!!!!"
"ချာတိတ် ဘာဖြစ်တာလဲ....ဘာဖြစ်လို့လဲ..."
"ကန်တယ် Hyung.... ဗိုက်ထဲက လှုပ်နေတယ်..."
"ဟင်....."
JiMin က ဗိုက်လေးပေါ်နားလေးအသာကပ်ကာ နားထောင်လေတယ်....
" ဟားဟားးး...ယောကျားလေးထင်တယ်ဗျ...ကန်ချက်ပြင်းလိုက်တာ...ငြိမ်ငြိမ်နေ ကောင်လေးရေ မင်းpapaလေးကို နာအောင်ကန်ရင် မင်းကို ငါအိမ်ပေါ်ကကန်ချမယ်..."
" အာ.....Hyungနော်..... ကလေးကို...."
Tae - ပြန်ရောက်ပါပြီ..... အယ် အဲ့တာဘာလုပ်နေကြတာလဲ ဧည့်ခန်းထဲမှာ..."
JM - Taeလေး ပြန်လာပြီလား...ဒီမှာမင်းတော့ တူလေးရမှာထင်တယ် ချာတိတ်လေးကိုကန်နေလို့....
Tae - ဟုတ်လား...
လက်က ဖိုင်တွေ အိတ်တွေကိုပစ်ချကာ သူတို့၂ယောက်နားချက်ချင်းရောက်လာလေတယ်...
Tae - ကျွန်တော်နားထောင်ကြည့်လို့ရလား...
JK - ရပါတယ် Hyungရဲ့ ...ဗိုက်နားကပ်ကြည့်လေ...
Tae က JungKook ရဲ့ ဗိုက်လေးကို အသာလေးကိုင်ကာ နားလေးကပ်ပြီးနားထောင်လေတယ်...