"ကိုယ့်ကို ဆက်မစောင့်တော့ဘူးလား ချာတိတ်"
ဟင် ဒီအသံ ဒီအသံလေး သူမှတ်မိတာပေါ့ JungKook လက်ဖျားတွေပါ တုန်ယင်လာရသည်....မျက်ရည်များဝဲတတ်လာကာ ဖြေးဖြေးချင်းအားတင်းကာ လှည့်ကြည့်လိုက်တော့ ထင်ထားသည့် အတိုင်းပါပဲ....သူ့သိပ်ကိုလွမ်းခဲ့ရပါသော သိပ်ကိုတွေ့ချင်နေခဲ့သော သူ့ရဲ့ CEO ရေသူထီးလေး Park JiMin....လက်ထဲမှာလဲ Banana Milk ဘူးလေးကိုင်လို့ ဒါဆို အရင်နေ့တွေက Banana Milk ပိုင်ရှင်က Hyung ဖြစ်နေခဲ့တာပေါ့ .....အချိန်အတော်အတန်ကြာတဲ့အထိငေးကြည့်နေမိသည်...ထိုအချိန်ဝဲတတ်လာတဲ့မျက်ရည်များကလဲ အထိန်းအကွပ်မဲ့သွားကာ ပါးပြင်ပေါ်သို့ အဆက်မပြတ် စီးကျလာတော့သည်.....
JiMin - ဘာလို့ငိုနေတာလဲ ကိုယ့်ကိုတွေ့ရလို့ စိတ်ညစ်သွားတာလား.....
JiMin က JungKook အနားတိုးကာ ပါးပြင်ပေါ်မှမျက်ရည်လေးများကို အသာအယာသုတ်ပေးလိုက်တော့ JungKook က JiMin ရဲ့လက်ကလေးကို ကိုင်ကာ မျက်လုံးစုံမှိတ်လျက် သူ့ပါးပြင်နဲ့ ပိုဖိကပ်ထားစေခဲ့သည်.....
တစ်စတစ်စကျနေတဲ့မျက်ရည်တွေက ရပ်စဲမသွားပဲ ပိုပိုတိုးလာတဲ့အတွက် JiMin က ယုန်ပေါက်လေးအား ရင်ခွင်ထဲထည့်လိုက်ကာ တင်းကြပ်စွားဖက်ထားလိုက်ပြီး...
JiMin - ကိုယ်တောင်းပန်ပါတယ်....ကိုယ်အရမ်းနောက်ကျသွားတယ်....
JK - ဟင့်အင်း Hyung ....နောက်မကျပါဘူး ကျွန်တော် ကျေနပ်ပါတယ် ....ကျွန်တော့ဆီပြန်လာပေးတာကိုပဲ ကျေးဇူးတင်ပါတယ်....
JiMin - မငိုပါနဲ့တော့ ချာတိတ်ရယ် ခေါင်းကိုက်လိမ့်မယ်....အခုကိုယ်ရောက်လာပြီပဲကို....
JK - အရမ်းလွမ်းနေခဲ့ရတာ Hyung သိလား....ကျွန်တော့ကို အကြာကြီးပြစ်ထားရက်တယ် Hyung မကောင်းဘူး...
JiMin - ကယ် အဲ့တာဆို ကိုယ့်ချာတိတ်လေး ကျေနပ်အောင် ကိုယ်ဘာလုပ်ပေးရမလဲပြော...ဘယ်လိုလုပ်ပေးမှ အငိုတိတ်မှာလဲ...
JK - Hyung ကျွန်တော့ကို ကလေးများထင်နေလား အငိုတိတ်အောင်ချော့ရအောင်....
JiMin - အဲ့တာဆိုလဲ မငိုနဲ့တော့လေကွာ မရှက်ဘူးလား ကျောင်းဝန်းထဲမှာ ဆရာတစ်ယောက်ဖြစ်ပြီး....