BLUE SIDE (Ep 25)

4.6K 537 41
                                    

အချိန်အားဖြင့် (3) နှစ်ခန့်ကြာခဲ့လေပြီ...

Professor Min Yoongi  နဲ့ Professor Jung HoSeok တို့ကျောင်းကန်တင်း၌ ထမင်းစားနေကြခြင်းဖြစ်သည်.....

Yoongi - အငယ်လေးရော...

HoSeok - ထုံးစံ အတိုင်းပေါ့.....

HoSeok ဆိုလိုတဲ့ ထုံးစံအတိုင်းဆိုသည်မှာ ယနေ့ကဲ့သို့ JiMin နှင့် သူရဲ့ ချစ်သူစဖြစ်တဲ့နေ့ရက် Anni day တိုင်းတွင် Hoseok တို့နဲ့ ထမင်းမစားပဲ သူ့ရုံးထဲမှာပဲ JiMin ရဲ့ videoလေးဖွင့် Cake လေးခွဲကာ အထီးကျန်ဆန်စွာ Anni day လေးကိုဖြတ်သန်းနေကြဖြစ်သည်....တချို့လူတွေကတော့ ရူးနှမ်းသည်ဟု သတ်မှတ်ကြပေမယ့် တချို့သူများကတော့ ချစ်တတ်လိုက်တာဟု အားကျသူများလဲရှိသည်....

HoSeok စကားကြားတော့ Yoongi တစ်ယောက်သက်ပြင်းချမိပြန်ကာ အရင်ကအကြောင်းများခေါင်းထဲရောက်လာပြန်သည်...

HoSeok နဲ့ Yoongi တို့ America ကိုလိုက်သွားကာ JiMin ကိုတောင်းပန်ခဲ့ကြသည်....Jin ရော JiMin ကောက ဒေါသထွက်ခြင်းအလျင်းတောင်မရှိပဲ သူတို့အား ကောင်းကောင်းမွန်မွန်လက်ခံစကားပြောခဲ့ကြသည်လေ.....ပြီးနောက် တောင်းပန်တာကို လက်ခံပေမယ့် JiMin ကသူ Korea ကိုပြန်မလာနိုင်သေးကြောင်းနဲ့ JungKook အား ဂရုစိုက်ပေးဖို့အတန်တန်မှာလိုက်သေးသည်...သူ့အတွက်အချိန်နည်းနည်းလိုအပ်သည်တဲ့ ဒါကိုလဲ Yoongi တို့နားလည်ပေးနိုင်ပါသည် ဒီလိုအဖြစ်အပျက်ကြီးဖြစ်ထားခဲ့တာဆိုတော့....ဒါပေမယ့် ဒီလောက်ကြာမယ်လို့တော့ မမျှော်လင့်ထားခဲ့ရိုးအမှန်ပါ...ဒါမှမဟုတ် သူစိတ်အခြေအနေပြန်ကောင်းရင် ပြန်လာမှာပါဆိုတဲ့ ကတိကို CEO JiMin မေ့နေတာတော့ မဟုတ်လောက်ပါဘူးနော်.....

***************************************
Yoongi နဲ့ HoSeok ထမင်းစားပြီးသွားတော့ JungKook ရုံးခန်းသို့တတ်လာခဲ့ကြသည်...

JK - အော် Hyungတို့ လာလေ....ဒီနေ့ ကျွန်တော်နဲ့ JiMin Hyung 4years Anni day...Cakeလာစား...

HoSeok - စားမှာပေါ့ အခုလဲ ထမင်းစားပြီး အချိုတည်းဖို့ပဲတတ်လာတာ.....

JK - ဟားဟား ဟုတ်ပါပြီ....အဲ့တာဆို စားပြီးကိုယ့်ဘာသာကို သိမ်းလိုက်ကြတော့နော်...ကျွန်တော် အတန်းသွားသင်ရဦးမယ်....

BLUE SIDETempat cerita menjadi hidup. Temukan sekarang