Jin - JungKook-ah ဒီတစ်ခါကော အခြေအနေ?
JK - ထုံးစံအတိုင်းပါပဲ Hyungရာ စိတ်ညစ်တယ်.....
အချိန်အားဖြင့် ၁လ ကျော် ၂လနီးပါးထဲရောက်ခဲ့လေပြီ.... ဆေးတွေလဲပုံမှန်သောက်ပြီး ဆေးရုံလဲပုံမှန်သွားသည်...ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပြီး အပတ်တိုင်းလိုလို ဆီးစစ်တံနဲ့စစ်ကြည့်နေတာတောင် အခြေအနေထူးမလာသေးသောကြောင့် စိုးရိမ်နေကြခြင်းပင်.....
ဆရာဝန်ကတော့ပြောရှာပါသည်...ပုံမှန်သမရိုးကျဖြစ်စဥ်မဟုတ်သည့်အတွက် ကြန့်ကြာနေခြင်းသာဖြစ်သည်လို့....ဒါပေမယ့် နေရထိုင်ရတာလုံးဝအဆင်မပြေပါ...JiMin Hyungကလဲ နေမကောင်းလို့လား မျက်နှာလဲမကောင်းဘူး ဆေးတွေကဘာလို့သောက်နေရတာလဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာမေးနေပြီဖြစ်သည်....အတည်တကျအဖြေမသိရသေးသ၍တော့ JiMin Hyungကိုပေးမသိချင်ပါ...ထို့ကြောင့် ဟိုလိမ်ဒီလှည့်ဖြင့် မုသားသုံးနေရတာလဲ လိပ်ပြာမလုံဖြစ်လာရသည်....အဲ့ထဲကမှအဆိုးဆုံးကတော့ ထိုအကြောင်းအရာနဲ့ပက်သတ်ပြီး အတွေးနဲ့တင်မတွေးမိအောင်တောင် JiMin Hyung ရှေ့မှာ သတိကြီးကြီးထားနေရခြင်းပင်...
***************************************
JK - Hello Jin Hyung...
Jin - အင်း ပြော JungKook-ah...ဒါနဲ့အခြေအနေကော...
JK - အရင်တပတ်ကအတိုင်းပဲ Hyung...အဲ့တာကြောင့် ကျွန်တော် စိတ်မရှည်တော့လို့ ဆေးရုံထပ်သွားမလားလို့...
Jin - ဟာ ရက်ချိန်းကလိုသေးတယ်မဟုတ်လား...ဘာသွားလုပ်မလို့လဲ...ဆေးရုံသွားလဲ ဘာမှထပ်လုပ်ပေးနိုင်တာမှမဟုတ်တာ...
JK - ဟုတ်တော့ ဟုတ်ပါတယ် ဒါပေမယ့် ဘာလို့ ထူးမလာရတာလဲ.... အရမ်းကြာနေပြီ မဟုတ်ဘူးလား...
Jin - မင်းနဲ့ JiMin ထပ်ကောကြိုးစားကြည့်ရဲ့လား...
JK - ဟုတ် မင်္ဂလာဦးညပြီးကထဲကဆို ၃ခါတော့ရှိပြီ...
Jin - ဟင် မင်္ဂလာဆောင်ပြီးထဲက အခု ၃လကြာတဲ့အထိ ၃ခါ....မင်းတို့က ၁လ ၁ခါပဲဆိုပြီး စည်းကမ်းနဲ့လုပ်ထားကြတာများလားကွာ...
JK - အဲ့လိုတော့မဟုတ်ပါဘူး Hyung ရယ်...Hyung သိတဲ့အတိုင်း Hyungသူငယ်ချင်းကအချေ...ပြီးတော့ ကျွန်တော့ကို မနာကျင်စေချင်လို့တဲ့...ဟီးးဟီးးး...