JungKook - Hyung ကျွန်တော်ရောက်ပါပြီ...
Tae - အင်း လာ.....
ဆိုပြီး ခြံထဲက ကော်ဖီသောက်ဖို့ ဆောက်ထားတဲ့ အမိုးလေးအောက်ထဲခေါ်ကာ ထိုင်စေပြီး...
Tae - hyung ကပြောပြလိုက်ပြီဆို
JK - ဟုတ်...
Tae - အင်း ဒါဆိုဘယ်လိုသဘောရလဲ
JK - ဗျာ ဘာကိုလဲမသိဘူး..
Tae - Hyung ရဲ့ အခြေအနေကိုပြောတာ မင်းလက်ခံပေးနိုင်ရဲ့လား...
JK - ကျွန်တော် လက်ခံနိုင်ပါတယ်....
Tae - ထားပါ....ဒါဆို ငါမင်းကို ရှင်းရှင်းပဲပြောမယ် ပထမဆုံးအချက် အခြားသူတွေမသိပါစေနဲ့ အထူးသဖြင့် မင်းအနီးအနားကသူတွေ...ငါပြောတာနားလည်တယ်မှတ်လား....
JK - ဟုတ်
Tae - နေဦး ငါပြောတာမပြီးသေးဘူး...အခု Hyungက မင်းနဲ့သက်ဆိုင်နေပြီဆိုတော့ မင်း Hyungကို ကာကွယ်ပါ ...ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် Hyung ခြေထောက်ကို ရေလုံးဝမထိပါစေနဲ့ ပြီးတော့ မင်းဘယ်လောက် ပင်လယ်စာ စားချင်နေပါစေ အတတ်နိုင်ဆုံးရှောင်ပါ...မင်းအဲ့၂ချက်ကတော့ ငါမပြောလဲမင်းနားလည်နိုင်မယ်လို့ထင်တယ်....ပြီးတော့ မီး...Hyung ရှေ့မှာ မီးနဲ့ပက်သတ်တာ ဘာအရာမှမမြင်ရစေနဲ့ ....အဲ့တာက Hyung အသက်အန္တရာယ်ပါထိခိုက်စေနိုင်လို့ပဲ...
JK - ဟုတ် ကျွန်တော်နားလည်ပါပြီ ....ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ် ပြီးတော့ ကျွန်တော့ကိုအခုလိုပြောပြလို့လဲကျေးဇူးတင်ပါတယ်....
Tae - အမှန်အတိုင်းပြောရရင် ငါမင်းကို မယုံဘူး
JungKook အနည်းငယ်တော့ မျက်ခုံး၂ခုတွန့်ချိုးမိလိုက်သည်...ဒါပေမယ့် နားလည်ပေးနိုင်ပါတယ် သူစိမ်းတယောက်က ဒီလိုအကြောင်းအရာမျိုးကို သိလိုက်ရတဲ့အတွက် သူဘယ်လိုလုပ်စိတ်ချနိုင်မှာလဲ....
Tae - Hyung ကသိပ်သနားဖို့ကောင်းတယ် သူအပြင်ပိုင်းမှာသာ ခက်ထန်နေပေမယ့် စိတ်ကအရမ်းနုတယ်...သာမာန်လူတွေလိုလွတ်လွတ်လပ်လပ်မနေနိုင်ဘူး ရှောင်ရရှားရတာတွေအရမ်းများတယ်....ပြီးတော့ Hyung မျက်လုံးခရမ်းရောင်ဘာလို့ဖြစ်တာလဲ မင်းသိလား....