Tae - Hyung ရုံးမသွားဘူးလား ဘာမှလဲမပြင်မဆင်ထားဘူး....
JiMin - အင်း.....
Tae ရဲ့မျက်နှာကိုတောင် တည့်တည့်မကြည့် လည်ပင်းပွတ်လိုက် ပါးပွတ်လိုက် ဟိုလျှောက်လိုက် ဒီလျှောက်လိုက်လုပ်နေတဲ့ JiMin Hyung ကိုကြည့်ပြီး Tae သဘောတော့ပေါက်လိုက်ပါပြီ...ဆံပင်ဆိုးချင်တိုင်းဆိုးပြီးတော့မှ companyမသွားရဲဖြစ်နေတာပဲနေမယ်....ဒါမျိုးတော့ ဘယ်ရမလဲ TaeHyung အကြောင်းကောင်းကောင်းသိစေရမယ်...
Tae - Hyung မလိုက်လို့မရဘူးနော် ဒီနေ့ meeting က ကျွန်တော်နဲ့မပြီးဘူး Hyung လက်မှတ်လိုက်ထိုးမှရမှာ....
JiMin - နောက်မှထိုးလို့မရဘူးလား
Tae - မရလို့ပေါ့ Hyungရ ....နေ့ခင်းကြရင်လဲ နိုင်ငံခြားသားဧည့်သည်တွေနဲ့တွေ့ဖို့ရှိတယ် အဲ့တာလဲ hyung မပါလို့မရဘူး...
JiMin - အေး အေး ဟူးးးး အဲ့ဒါဆိုလဲ ခဏစောင့်
JiMin အဝတ်လဲရန်အခန်းထဲဝင်သွားတော့မှ Tae Taeလေးတယောက် လူယုတ်မာအပြုံးနဲ့ ခေါင်းမော့ကာ...ပါးစပ်ကလဲ မှတ်ပြီလားဟု ပြောဖြစ်အောင် ပြောလိုက်သေးသည်......
Time Skip>>>>>>>>
ညနေ ၃ နာရီထိုးလေပြီ ....ချာတိတ်ကျောင်းက ၄နာရီခွဲဆိုဆင်းမှာဖြစ်တဲ့အတွက် JiMin company မှ စောထွက်လာကာ အိမ်ပြန် ရေချိုးအဝတ်အစားလဲ ပြီး အကြိုတော်လုပ်ရန်ပြန်ထွက်လာခဲ့သည်.....
**************************************
JK - အားလုံးမင်္ဂလာပါ ဆရာက ဒီနေ့ကစပြီး Practical(လက်တွေ့ပိုင်း)ကို သင်ကြားပေးမယ့် ဆရာပါ....ဆရာ့နာမည် Jeon JungKook လို့ခေါ်ပါတယ်...." ဆရာ ရည်းစားရှိလား...."
"ဟုတ်တယ် ဆရာ ရည်းစားရှိလား "
"ဖြေပေးပါ ဆရာ "
အကုန်လုံးက တယောက်တပေါက်နဲ့ဝိုင်းအော်မေးနေကြတော့...JungKook တစ်ယောက် စားပွဲခုံကို စာအုပ်နဲ့ထုလိုက်ပြီး
JK - ရှိတယ်....ရပြီလား စာသင်ဖို့လုပ်ကြတော့....
" ဟွန်းးးးးး" တစ်ခန်းလုံးမှ သက်ပြင်းချသံများဖြင့်သာ....
Ella - ဆရာ ella ဒါလေးနားမလည်လို့....(ချွဲပြစ်ပြစ်အသံဖြင့်).....
Sora - ငါသိတယ် ငါရှင်းပြမယ်...