(Zawgyi)
ဧည်ခန်းထဲရှိငိုသံတို့ကြောင့် ဘွားဘွားလည်းထမင်းစားဝိုင်းမှအပြင်သို့ထွက်လာခဲ့သည်။အတွင်းရေးမှူး၏ပြောစကားကြိုကားမိသွားသည်နဲ့ ဘွားဘွားတစ်ယောက် မိမိကိုယ်ကိုပင်မထိန်းနိုင်ခဲ့တော့ပါ။
"ဘွားဘွား....."jiminခေါ်လိုက်ရင်းနောက်သို့ယိုင်သွားသောဘွားဘွားကိုလေးကိုထိန်းလိုက်သည်။
Jimin၏မေမေကပါဘွားဘွားဆီသို့ပြေးလာလိုက်သည်။
"မေမေ....သတိထားပါအုံး"လို့jimin၏မေမေကပြောရင်းဘွားဘွားကိုအိပ်ခန်းဆီသို့တွဲခေါ်လိုက်သည်။
Jiminလည်းJungkookကိုလှမ်းကြည့်လိုက်တော့ ကြိုးပျက်သွားသောအရုပ်တစ်ခုလိုပင်ကြမ်းပြင်ပေါ်မှာဒူးထောက်လျက်သာ။
မျက်ရည်တို့ကလည်းjungkook၏မျက်ဝန်းအိမ်ထဲမှာ ပြည့်လျက်ပင်ဖြစ်သည်။
Jiminလည်းJungkookလက်ကိုကိုင်လိုက်ပြီး ဒူးထောက်ထိုင်နေရာမှဆွဲထူလိုက်သည်။
"ဦလေးဘယ်ဆေးရုံမှာလဲ...အဲ့ဒိကိုလိုက်ပို့ပါ"jiminပြောလိုက်သည်။
Jiminနဲ့မမကမျက်လုံးအရောင်သာကွဲသော်လည်း ရုပ်ကလုံးဝတူသည့်အမွှာတြွေဖစ်သည်။
ထို့ကြောင့်jiminမိန်းကလေးလိုဝတ်ထားလျှင်မမနှင့်တစ်ထေရာတည်းတူသည်မှာအမှန်ဖြစ်သည်။
သို့သော်jiminတို့အတွက်အနည်းငယ်ကွဲပြားနေသည်မှာအသံဖြစ်သည်။
မိန်းကလေးအသံနှင့်ယောက်ျားလေးအသံသည်ကွဲပြားမှုရှိသည်။
ထိုကြောင့်Jiminသူ့အသံကိုမကြားစေချင်လို့စကားမပြောပဲနေခဲ့သော်လည်း ဒီအခြေအနေမှာတော့သူမပြောလို့မရတော့ပါ။
ကားလေးသည်မိုးရေထဲမှာအရှိန်နှုန်းမြန်စွာဆေးရုံကိုမောင်းနှင်နေသည်။
ကားနောက်ခန်းတွင်စကပ်တိုလေးဖြင့်မိန်းကလေးကဲ့သို့ဝတ်ထားသောကောင်လေးနှင့်သူ၏ရင်ခွင်ထဲတွင်ငိုနေသောကောင်လေးတစ်ယောက်တို့ရှိသည်။
ဘွားဘွားကိုစောင့်ရှောက်ရန်အတွက်jimin၏မေမေနေခဲ့သည်။
ကားလေးဆေးရုံရှေ့မှာရပ်လိုက်သည်နှင့်jungkookလည်းဆေးရုံထဲသို့အသည်းအသန်ပြေးသွားလိုက်သည်။
YOU ARE READING
𝑺𝒖𝒏𝒇𝒍𝒐𝒘𝒆𝒓 || [Complete]
Fanfiction• kookmin Fanfiction • 🌻 နေကြာပန်းလေးတစ်ပွင့်က ဟိုး...ကောင်းကင်ထက်မှာရှိတဲ့နေနတ်သားလေးကိုချစ်မိနေလေ၏။ နေကြာပန်းလေး၏အချစ်ကရိုးရှင်းပေသည်။ သူမဆိုင်ရပေမယ့် ငေးကြည့်နေရရုံနှင့်ကျေနပ်နေမိသည်။ နေကြာပန်းလေး၏ ကမ္ဘာမှာ နေနတ်သား၏အပြုံးကိုနေ့တိုင်းမြင်နေရရု...