၁၄♡

2.3K 330 2
                                    

(Zawgyi)

အချိန်တွေသည်တရွေ့‌ရွေ့ကုန်ဆုံးလာလေပြီ။

ဆောင်းရာသီ၏မြောက်ပြန်လေညင်းတို့ကတိုးဝှေ့တိုက်ခတ်နေပြီ။

မိုးရာသီကုန်ဆုံး၍ ဆောင်းရာသီသို့ပင့်ရောက်တော့မည်။

ဆောင်းလေညင်းတို့သည် ခြံထဲရှိနှင်းဆီဝါတို့ကို ထွေးပွေ့နမ်းရှိုက်နေလေ၏။

ပန်းဝန်းကျင်မြင်ကွင်းတို့ကပြောင်းလဲသွားသော်လည်း မပြောင်းလဲသေးသည်မှာ နှင်းဆီခင်းထဲတွင်ထိုင်နေသောလူသားနှစ်ယောက်သာ။

‌အနောက်ဘက်မြှဖာကျနေသောနေရောင်တို့က ထိုလူသားနှစ်ဉီး၏မျက်နှာထက်ဖြာကျနေ၏။

ညနေခင်းအချိန်ခါလေးကပြီးပြည့်စုံနေသည်။

ငါ့ခံစားချက်တွေကိုHyungသိအောင်ပြောလိုက်ရင်ကောင်းမလား...
ဒါပေမယ့် ငါတို့နှစ်ယောက်စလုံးကယောက်ျားလေးတွေလေ...
Hyungငါ့ကိုတမျိုးထင်သွားမလား...
Hyungနဲ့အတူနေတာ တစ်လတောင်ပြည့်ပြီ... Hyungကငါ့အပေါ်ဘယ်လိုရှိလဲအခုထိမသိရသေးဘူး...

နှင်းဆီခင်းကြီးကိုငေးကြည့်နေသည် မျက်ဝန်းအပြာရောင်နှင့်ကောင်လေးငေးကြည့်ရင်း Jungkookစဉ်းစားနေမိသည်။

တစ်နေ့ထက်တစ်နေ့Jungkookဘက်ကခံစားချက်တွေပိုလာသည်ကို Jungkookကိုယ်တိုင်လက်ခံမိသည်။

"Jungkook ah"

လေအတိုက်မှာအနည်းငယ်ရှုပ်ပွသွားသောဆံနွယ်တို့ကို နောက်သို့သပ်တင်လိုက်ရင်း Jiminစကားစလိုက်သည်။

Jimin၏မျက်ဝန်းတို့သည် ပန်းခင်းကိုကြည့်နေရာမှ Jungkookဘက်ကိုလှည့်လိုက်သည်။

သူ့ကိုအစကတည်းကကြည့်နေသော Jungkook၏မျက်ဝန်းတစ်စုံနှင့်အကြည့်စုံလျက်
"စာ‌မေးပွဲနီးလာပြီနော် စာ‌မေးပွဲပြီးလို့ကျောင်းပိတ်ရင်မင်းBusanကိုပြန်ချင်လား ငါလိုက်ပို့ပေးမယ်လေ"ပြောလိုက်သည်။

Jungkookတစ်ယောက်စားမေးပွဲနီးပြီဖြစ်သည်။ဒီစာ‌မေးပွဲက အထက်တန်းနောက်ဆုံးစာမေးပွဲဖြစ်၍အရေးကြီးပေသည်။

"Busanပြန်ရင် Hyungက မိန်းကလေးလိုထပ်ဝတ်ရမှာပေါ့"

"ငါကအဆင်ပြေပါတယ် အဘွားနဲ့တွေ့တဲ့အချိန်ခဏပဲဝတ်ရမှာကို"

𝑺𝒖𝒏𝒇𝒍𝒐𝒘𝒆𝒓 || [Complete]Hikayelerin yaşadığı yer. Şimdi keşfedin