(Zawgyi)
ထွက်သွားသူနဲ့ကျန်ခဲ့သူဘယ်သူပိုနာကျင်ရလဲ~~~။
အဖြေကရိုးရှင်းပါသည်။ဒီမေးခွန်းလေးကိုကြားကတည်းကJungkook၏အဖြေကရြှိပီးသားပါ။
"ကျန်ခဲ့သူကပိုနာကျင်ရတာပေါ့Hyungရယ်"
"ဟုတ်တယ်...ထွက်သွားသူကတော့ထွက်သွားခဲ့ပေမယ့် ကျန်ခဲ့တဲ့သူကရင်ကွဲမတတ်ခံစားရတယ်
မင်းရောငါရောဒီခံစားချက်ကိုကောင်းကောင်းကြီးခံစားဖူးတယ်
ငါလေ.....ငါ့ဘ၀ထဲကနေဘယ်သူကိုမှထက်ပြီးထွက်မသွားစေချင်တော့ဘူး.."နေကြာပန်းခင်းကြီးကိုငေးကြည့်လျက်ပြောနေသောJimin၏အသံတို့ကတည်ငြိမ်လျက်ပင်။
Jungkook၏မျက်ဝန်းတို့ကJiminဆီမှာသာ။
"မင်းသိလားJungkook
ဒီနေရာလေးမှာအမှတ်တရတွေအများကြီးရှိတယ်
အရင်တုန်းကငါရယ်မမရယ်Appaရယ်Ommaရယ်ဒီနေရာလေးကိုပိတ်ရက်တိုင်းမှာလာလည်နေကြ
အဲ့ဒိတုန်းကလည်းမမကငါ့ကိုအမြဲစက်ဘီးတင်းနင်းရတယ်
ငါလေ....မမကိုတစ်ခါမှစက်ဘီးတင်မနင်းခဲ့ဖူးဘူး
မမကိုအသက်တွေကြီးသွားတဲ့အခါကျရင်....
ပြန်ပြီးတင်နင်းပါ့မယ်လို့ကတိတွေပေးခဲ့ဖူးတယ်....
ဒီကတိကိုငါမတည်နိုင်ခဲ့ဘူး...တကယ်တော့ငါကလူလိမ်တစ်ယောက်လိုပဲ...."စကားသံလေးက လေညင်းလေးထက်သွင်ပြန့်လွင့်သွား၏။
တုန်ရီနေသောထိုအသံလေးက Jungkook၏စိတ်ကိုနာကျင်စေသည်။ထိုအသံလာရာသူလေးတစ်ယောက်မျက်ရည်တို့ကျနေပြီဆိုသည်မှာခန့်မှန်းစရာမလိုဘဲသိနိုင်၏။
Jimin၏ပါးပြင်ထက်သို့စီးကျလာသည့် မျက်ရည်လေးတို့က Jungkook၏ရင်ထဲသို့ထိုးနက်နေသလိုပင်။
ငိုလိုက်တိုင်းတွင်အလိုလျောက်ရဲတက်လာသောမျက်နှာလေးကို အောက်သို့ငုံ့ထားလိုက်သည်။
မိမိ၏ရှေ့မှပန်းခင်းကြီးကိုဆက်၍ကြည့်ရန်Jiminတစ်ယောက်အားမရှိတော့ပါ။
Jimin၏မျက်ဝန်းထက်မှာ နေကြာခင်းထဲတွင်ပြေးလွှားနေသောလွန်ခဲ့သည့်ဆယ်နှစ်က ကလေးနှစ်ယာက်၏ပုံရိပ်တို့ကြိုမင်ယောင်နေမိသည်။
YOU ARE READING
𝑺𝒖𝒏𝒇𝒍𝒐𝒘𝒆𝒓 || [Complete]
Fanfiction• kookmin Fanfiction • 🌻 နေကြာပန်းလေးတစ်ပွင့်က ဟိုး...ကောင်းကင်ထက်မှာရှိတဲ့နေနတ်သားလေးကိုချစ်မိနေလေ၏။ နေကြာပန်းလေး၏အချစ်ကရိုးရှင်းပေသည်။ သူမဆိုင်ရပေမယ့် ငေးကြည့်နေရရုံနှင့်ကျေနပ်နေမိသည်။ နေကြာပန်းလေး၏ ကမ္ဘာမှာ နေနတ်သား၏အပြုံးကိုနေ့တိုင်းမြင်နေရရု...