(Zawgyi)
အဆုံးသတ်ဟာ ဝေးကွာခြင်းလား....။
Hyungဆီကအချစ်ကိုတစ်နေ့နေ့မှာရလိမ့်မယ်လို့ မျှော်လင့်နေခဲ့မိတာ...
ဘာလို့အမုန်းတွေလဲ....
Hyungကကျွန်တော့်ကိုပြန်မချစ်နိုင်တော့တာအဲ့တာကြောင့်လား.....
ကျွန်တော်ထွက်သွားပေးလို့ Hyungပျော်မယ်ဆိုရင်ကျွန်တော်ကျေနပ်ပါတယ်....ပါးပြင်ထက်သို့စီးကျလာသည့်မျက်ရည်စတို့ကိုသုတ်ရန်အင်အားပင်မရှိတော့ပါ။
Bus Carထဲတွင်ငိုနေရှာသူကောင်လေးတစ်ယောက်...။
ဒီမြို့လေးကိုစွန့်ခွာလေပြီပေါ့။ကျောခိုင်း၍ထွက်ခဲ့စဉ်ကတည်းက တစ်ချက်မှအော်၍မတားခဲ့သူ ပြေးဖက်၍မဆွဲခဲ့သူလေးကို စိတ်မနာကျဉ်းရပ်ပါ။
သို့သော်ကိုယ့်၏ထွက်ခွာခြင်းက သူအတွက်ပျော်ရွှင်မှုကိုယူလာပေးမည်ဆိုလျှင်ကိုယ်ကျေနပ်မိပေလိမ့်မည်။
လွဲမှားခြင်းတစ်ခုဖြစ်နေပြီ။
ဒါဟာ....သူတို့နှစ်ဦးကြားမှာလွဲမှားခြင်း....။~~~~~~~
ထွက်သွားလေသူ၏ကျောပြင်ငယ်ကြိုကည့်လျက် ကိုယ်ဟာငိုကြွေးခြင်းသို့သာ။
ထွက်သွားလေသူကိုပြေးဖက်၍ ဆွဲထားရန်အင်အားမရှိတော့ပါ။
သူတကယ်ပဲ ကိုယ့်ကိုစိတ်နာသွားပြီလား။
တစ်နေ့တော့ဒီလိုအချိန်မျိုးရောက်လာခဲ့မည်ကိုသိပေမယ့်ဘာလို့ ဒီနေ့လဲ။
အမှန်တရားကဖုံးကွယ်လို့မရတာသိပေမယ့် အနားထွက်မသွားစေချင်ခဲ့တာကို အတ္တကြီးမှုတစ်ခုလို့သတ်မှတ်လည်းရပါတယ်....
မင်းHyungကိုမုန်းသွားလေပြီပေါ့...
ငါ့ဘ၀ကနေဘာလို့ထွက်သွားနေကြတာလဲ....ဘာလို့လဲ....ချုပ်နှောင်ထားနိုင်စွမ်းမရှိတော့ပါ... အဝေးတစ်နေရာသို့လွတ်လပ်စွာပျံသန်းပါတော့ငှက်ငယ်။
Jiminတစ်ယောက်တည်းအိမ်သို့ပြန်လာခဲ့သည်။
ကားလေးအတွင်းမှာမပေးဖြစ်ခဲ့သောနေကြာပန်းပွင့်တို့ကငိုကြွေးလျက်သာ...။ကျောင်းဝတ်ဆုံနှင့်ထွက်သွားသောကောင်လေးရောအဆင်ပြေရဲ့လား..။
YOU ARE READING
𝑺𝒖𝒏𝒇𝒍𝒐𝒘𝒆𝒓 || [Complete]
Fanfiction• kookmin Fanfiction • 🌻 နေကြာပန်းလေးတစ်ပွင့်က ဟိုး...ကောင်းကင်ထက်မှာရှိတဲ့နေနတ်သားလေးကိုချစ်မိနေလေ၏။ နေကြာပန်းလေး၏အချစ်ကရိုးရှင်းပေသည်။ သူမဆိုင်ရပေမယ့် ငေးကြည့်နေရရုံနှင့်ကျေနပ်နေမိသည်။ နေကြာပန်းလေး၏ ကမ္ဘာမှာ နေနတ်သား၏အပြုံးကိုနေ့တိုင်းမြင်နေရရု...