(Zawgyi)
သည်းထန်စွာရွာနေသောမိုးကိုအန်တုလျက် ကားလေးသည်မောင်းနှင်လေ၏။နောက်ဆုံးတော့ သူတို့နှစ်ဦး၏အိမ်လေးထဲသို့ ချောချောမွေ့မွေ့ရောက်ပါပြီ။
မိုးရေစက်တို့ကနှင်းဆီဝါတို့အပေါ်အညှိုးကြီးစွာပင်နမ်းရှိုက်နေလေ၏။
တချက်တချက်တိုက်ခတ်လာသောလေတို့က သစ်ရွက်ကြွေတို့အပြင် နှင်းဆီပွင့်ဖတ်တို့ကိုလည်းသယ်ဆောင်လာလေသည်။
သူတို့နှစ်ဦးလည်းအိမ်ထဲသို့အမြန်ပင်ဝင်လိုက်သည်။
"တော်သေးတယ် မိုးပဲရွာသေးလို့ လျပ်စီးနဲ့မိုးကြိုးတွေမပါလို့"
Jungkookတစ်ယောက် Jiminကိုကြည့်ရင်းပြောလိုက်သည်။Jungkookသတိထားမိသည်မှာ Jimin၏ပုံစံအနည်းငယ်ပို၍ထူးခြားနေသည်။
Jimin၏ပုံစံမှာတစ်ခုခုကိုစိုးရိမ်နေသလိုပင်။
မတည်ငြိမ်သောမျက်ဝန်းပြာတို့ကဟိုဒီရွေ့လျားလျက်။
Jungkookပြောသည်ကို Jiminဂရုမပြုနိုင်။
Jimin၏ခြေလှမ်းတို့ကအိမ်အနောက်ဘက်ရှိဟိုအခန်းလေးဆီအပြေးသာ။
မိုးရွာနေသည်ဖြစ်သောကြောင့် အိမ်ကအနည်းငယ်မှောင်နေသည်။
သို့သော်နေမ၀င်သေးသောကြောင့် နေ၏အလင်းရောင်ဖျော့ဖျော့ လေးတို့ရှိသေးသည်။
Jungkookလည်း Jiminနောက်သို့အမှီလိုက်နေစဉ်မှာပင် တစ်အိမ်လုံးလင်းထိန်သွားသောမီးရောင်တို့ကြောင့် မျက်ဝန်းတို့ကိုပင်လက်နှင့်ကာလိုက်ရသည်။
အော်... Hyungကဘာသွားလုပ်တာလဲလို့...မီးသွားဖွင့်တာကို
ထိုအခန်းမှJiminပြန်ထွက်လာလေပြီ။
သို့သော်လက်ထဲမှာလည်းဖယောင်းတိုင်အချို့ကိုကိုင်ထားသည်။
Jungkookကိုမြင်သောအခါမှ Jiminလည်း
"Jungkook ah မင်းအ၀တ်စားလဲရင်လဲလိုက်အုံး
Hyungခေါက်ဆွဲပြုတ်ထားမယ် အခုတော့ ....."
သူ့လက်ထဲကဖယောင်းတိုင်ကိုလှုပ်ပြရင်းပြောသည်။"အော်..ဟုတ် ဖယောင်းတိုင်ထွန်းဖို့မဟုတ်လား ကျွန်တော်လုပ်ပေးမယ်"
VOUS LISEZ
𝑺𝒖𝒏𝒇𝒍𝒐𝒘𝒆𝒓 || [Complete]
Fanfiction• kookmin Fanfiction • 🌻 နေကြာပန်းလေးတစ်ပွင့်က ဟိုး...ကောင်းကင်ထက်မှာရှိတဲ့နေနတ်သားလေးကိုချစ်မိနေလေ၏။ နေကြာပန်းလေး၏အချစ်ကရိုးရှင်းပေသည်။ သူမဆိုင်ရပေမယ့် ငေးကြည့်နေရရုံနှင့်ကျေနပ်နေမိသည်။ နေကြာပန်းလေး၏ ကမ္ဘာမှာ နေနတ်သား၏အပြုံးကိုနေ့တိုင်းမြင်နေရရု...