၀၅♡

3.6K 485 2
                                    

(Unicode)
လေပြေညှင်းတို့ကကုတင်ထက်တွင်အိပ်စက်နေသောကောင်လေး၏မျက်နှာကိုတိုးဝှေ့ကြည်စယ်နေသည်

စူးရှသောနေရောင်ခြည်က Jungkook၏မျက်နှာပေါ်သြို့ဖာကျလာလေသည်

Jungkookလည်းမျက်စိကိုဖြေးညှင်းစွာဖွင့်ကြည့်လိုက်ပြီး ထိုင်လိုက်သည်

ညကအများကြီးငိုထားသောကြောင့်ခေါင်းကအနည်းငယ်ကိုက်နေသည်

Jungkookရေချိုးခန်းထဲသို့ဝင်၍ ရေချိုးသန့်စင်လိုက်သည်

ရေချိုးလိုက်မှသာလူလည်းအနည်းငယ်လန်းဆန်းသွားသည်

"Hyungမင်းကိုကာကွယ်ပေးမယ်.."

Jungkookအတွေးထဲသို့ထိုစကားသံလေးပြန်ရောက်လာပြန်သည်

ဘာကြောင့်မှန်းမသိသော်လည်း Jimin ကဒီစကားလေးကိုပြောလိုက်သည့်အချိန်တွင်Jungkook၏ရင်ထဲတွင်နွေး‌ထွေးသွားခဲ့သည်မှာအမှန်ဖြစ်သည်

ကံတရားကစီမံသည့်အတိုင်းသာဖြစ်ခဲ့ရသည်ဟုJungkookသတ်မှတ်လိုက်သည့်အတွက် ရှေ့ဆက်ရမည့်ဘ၀တွင်သာအကောင်းဆုံးလုပ်ရန် ဆုံးဖြတ်လိုက်သည်

ကျောင်းဝတ်ဆုံကိုလဲ၍Jungkook အိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်

ဧည့်ခန်းထဲတွင်ထိုင်နေသောဖြူဖြူသေးသေးလေးသည် Jungkook၏မြင်ကွင်းကိုပထမဆုံးဖမ်းစားလိုက်သူပင်ဖြစ်သည်

Jungkookဘာကြောင့်မှန်းမသိသော်လည်း ဒီhyungသေးသေးလေးကိုမြင်လိုက်ရချိန်တွင်Jungkook၏ရင်ထဲတွင်နွေး‌ထွေးမှုကိုခံစားရသည်

Jimin hyungက စောင့်ရှောက်ပေးမယ် ဟုပြောချိန်တုန်းက Jungkookတကယ်အားတွေရှိစေခဲ့သည်

Jungkookအရင်ကသိခဲ့သောမမJiyeonသည် Jimin hyungဟန်ဆောင်ထားသူတစ်ဦးသာဖြစ်သည်ဆိုလျှင်တောင် Jimin hyung၏ တကယ့်ပုံစံအစစ်မှန်ကိုမြင်ဖူးခြင်းမှာ Jungkookအတွက်ပထမဆုံးဖြစ်သည်

ဆံပင်အဖြူရောင်နှင့်မျက်လုံးအပြာရောင်ရှိသောJimin hyungကတကယ့်ကိုကြွေရုပ်လေးနှင့်ပင်တူအောင်လှပါသည်ဟုJungkookကောက်ချက်ချမိသည်

မျက်လုံးလေးကိုမှိတ်ထားပြီးတစ်စုံတစ်ခုကိုစဉ်းစားနေဟန်ရှိသောJiminကိုjungkookငေးကြည့်နေမိသည်

𝑺𝒖𝒏𝒇𝒍𝒐𝒘𝒆𝒓 || [Complete]Hikayelerin yaşadığı yer. Şimdi keşfedin