၀၁♡

7.2K 596 4
                                    

(Zawgyi)
Busanမြို့၏လမ်းမကြီးထက်တွင်ကျောင်းယူနီဖောင်းကိုဝတ်ထားသောကောင်းလေးတစ်ယောက်အသည်းအသန်ပြေးလွှားနေလေ၏။

ထိုကောင်လေး၏ခြေလှမ်းတို့ကမြန်ဆန်နေသည်။
သူ၏နားထင်တွင်စို့နေသော ချွေးစက်တို့ကနေရောင်ခြည်အောက်တွင်တလက်လက်ပင်။

‌ကျောင်းသားယူနီးဖောင်းကိုဝတ်ထားသောကြောင့်ထိုကောင်လေးသည်အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်သည်ကိုသိနိုင်သည်။

အတော်အသင့်ရှည်သောအရပ်နှင့် ကြည့်ကောင်းလှသောခန္ဓာကိုယ်အနေ‌အထားက သူ့ကိုအထက်တန်းကျောင်းသားနှင့်မတူအောင်ဖော်ဆောင်နေလေသည်။

သူ၏‌ချောမောသောရုပ်ရည်အသွင်အပြင်ကသူ့ကိုပို၍လြူကီးဆန်စေသည်။

ူသိုသော်လည်းပြုံးလိုက်တိုင်းတွင်ပေါ်လာသော ရှေ့သွားလေးနှစ်ချောင်းကထို ကောင်လေးကိုယုန်လေးကဲ့သို့ချစ်ဖို့ကောင်းစေပြန်သည်။

"Jungkookတို့တော့မမနဲ့တွေ့ရတော့မယ်ကွ"
နှုတ်ခမ်းဖျားလေးထက်မှတိုးတိုးလေးရေရွတ်လျက်ပင်။

‌ထိုကောင်လေး၏နာမည်သည်Jeon Jungkookဖြစ်လေ၏။

ပါးတွင်ရှိသည့်အထင်မရှားပါးချိုင့်လေးကပို၍ပင်ချစ်စရာကောင်းလှသည်။

"ဟူးးးးးး"
အိမ်ရှေ့သို့ရောက်လေသည်နှင့်တစ်ပြိုင်တည်းသက်ပြင်းပါချလိုက်မိသည်။

အိမ်သို့အ‌ပြေးပြန်လာခဲ့သော်လည်းအမောစို့စရာခြံဝန်းအကျယ်ကြီးကဆီးကြိုနေပြန်သည်။

‌Jungkookတစ်‌ယောက်သူ၏အိမ်ထဲသိုရောက်ရန်ခြံဝန်းအရှည်ကြီးကိုဖြတ်လျှေက်ရအုံးပေမည်။

Jungkook၏မိဘတို့ကချမ်းသာကြသည်။

Busanမှာရှိသောစီးပွားရေးလုပ်ငန်းအများစုကိုjungkookမိဘတွေကပိုင်ဆိုင်ပေ၏။

ထို့‌ကြောင့်လည်းစီးပွားရေးကိုပဲအလေးပေးနေကြရသည့်အတွက်မိဘနှစ်ပါးစလုံးကjungkookကိုဂရုမစိုက်ဖြစ်ကြပါ။

ဒီနေ့လည်းJungkookကိုကျောင်းလာမကြိုကြပေ။
သို့မဟုတ်‌ကျောင်းလာကြိုဖို့မေ့သွားသည်ထင်သည်။

𝑺𝒖𝒏𝒇𝒍𝒐𝒘𝒆𝒓 || [Complete]Donde viven las historias. Descúbrelo ahora