(Zawgyi)
ြွပုတ်ကျသွားသောစာရွက်တို့သည် သစ်ရွက်တို့ကြွေကျသွားသည့်သကဲ့သို့မြေထက်၌ ကျဲပြန့်နေတော့သည်။
ရင်ခုန်သံတွေစည်းချက်မကိုက်တော့သည့်ကောင်လေးနှစ်ယောက်တို့သည်တော့ ထိုအခြေအနေတိုင်းသာ။
စင်တီမီတာအနည်းငယ်သာကွာတော့သည် ထိုမျက်နှာနှစ်ခုကြားသို့လေပြည်ညှင်းလေးကတိုးဝြေှ့ဖတ်သန်းသွားသည်။
လေညှင်းတို့၏ကျီစယ်မှုကြောင့် Jimin၏အဖြူရောင်ဆံနွယ်တို့ ယိမ်းနွဲ့နေသည်။
Jungkookတစ်ယောက်ငေးမောနေမိစဉ်မှာပင် သူ၏ရင်ခွင်ကိုတွန်းလာသောjimin၏လက်လေးတွေကြောင့်Jungkookသတိရမြိပီ။
Jungkookစိုးရိမ်စိတ်တို့ဖြင့်Jimin၏ကိုယ်ငယ်လေးကိုတင်းကြပ်စွာဖတ်ထားမိခဲ့သည်ကိုသတိရမြိပီ။
တွန်းလာသောလက်တစ်စုံကြောင့်Jungkookလည်းဖတ်ထားမိသောလက်တို့ကိုလွှတ်ပေးလိုက်ရသည်။
Jungkookကြည့်လိုက်ရာ အဖြူရောင်လူသားလေးသည်ပန်းရောင်လူသားလေးအဖြစ်သို့ပင်ပြောင်းနေပြီ။
ရဲတက်နေသောပါးပြင်လေးနှင့် နီရဲနေသောနားလေးတွေကြောင့်Jiminရှက်နေသည်ဆိုသည်မှာအသေချာပင်ဖြစ်သည်။
Jungkookလည်းဘာလုပ်ရမှန်းမသိ၍ မိမိ၏ကုတ်ကိုလက်ဖြင့်ပွတ်လိုက်မိသည်။
သူတို့နှစ်ယောက်စလုံးတိတ်ဆိတ်မှုကိုဖြိုခွဲရန်ပြောစရာစကားတို့ပျောက်ဆုံးနေကြသည်။
ထို့နောက်တွင်နှစ်ယောက်စလုံးသတိရသွားသည်မှာပြန့်ကျဲသွားသောစာရွက်တို့ပင်ဖြစ်သည်။
မြေပြင်ထက်တွင်ပြန့်ကျဲနေသောစာရွက်တို့ကိုကောက်၍ Jiminလည်းကျောင်း၏ရုံးခန်းဆီသို့အမြန်ပင် လျှောက်လာလိုက်သည်။
Jungkookလည်းမြန်မြန်သွားနေသောသူ၏hyungသေးသေးလေးနောက်သို့ခပ်သွပ်သွပ်လိုက်သွားသည်။
ကျောင်းကိစ္စတို့ပြီးသွားပြီးနောက်သူတို့နှစ်ယောက်အိမ်သို့ပြန်လာလိုက်သည်။
"မင်းအိမ်မှာနေခဲ့အုံးhyungကုပ္မဏီကိုသွားရအုံးမယ်"
ကာလေးခြံထဲသို့ရောက်သည်နှင့်Jiminပြောလိုက်သည်။
YOU ARE READING
𝑺𝒖𝒏𝒇𝒍𝒐𝒘𝒆𝒓 || [Complete]
Fanfiction• kookmin Fanfiction • 🌻 နေကြာပန်းလေးတစ်ပွင့်က ဟိုး...ကောင်းကင်ထက်မှာရှိတဲ့နေနတ်သားလေးကိုချစ်မိနေလေ၏။ နေကြာပန်းလေး၏အချစ်ကရိုးရှင်းပေသည်။ သူမဆိုင်ရပေမယ့် ငေးကြည့်နေရရုံနှင့်ကျေနပ်နေမိသည်။ နေကြာပန်းလေး၏ ကမ္ဘာမှာ နေနတ်သား၏အပြုံးကိုနေ့တိုင်းမြင်နေရရု...