(Zawgyi)
မျက်စိကိုကြိုးစား၍ဖွင့်လိုက်သည်နှင့်စူးရှသောအလင်းရောင်ကမြင်လွှာထက်သို့ခစားလာသည်။
ဝိုးတိုးဝါးတားသာမြင်ရသောမျက်နှာကျက်အဖြူရောင်သည် မိမိနှင့်အစိမ်းသက်သက်ပင်။
Jiminမှတ်မိသလောက်ထိုညကသူမေ့လဲသွားခဲ့သည်။
ယခုဘယ်သို့ရောက်နေတာလဲ။
သူသည်ကုတင်တစ်ခုထက်မှာလှဲလျောင်းနေခြင်းဖြစ်လေသည်။Jiminလည်းအနည်းငယ်ကိုက်နေသောခေါင်းကိုလျစ်လျူရှု၍ထလိုက်သည်။
ဘေးတွင်ခုနကတည်းကထိုင်နေသောTaehyungကထနိုင်စေရန်ကူပေးသည်။
မိမိရောက်နေသည်မှာဆေးရုံတစ်ခုတွင်သာ။
ထိုညက.............
Jiminနှင့်ဖုန်းပြောပြီးနောက်Taehyungလည်း Fileတစ်ချို့စစ်စရာကျန်သေးသည်နှင့်မအိပ်ဖြစ်သေးပေ။
မှောင်ကျသွားသောကြောင့် Taehyungပထမဆုံးသတိရလိုက်မိသည်မှာJiminသာ။
Taehyung၏စိုးရိမ်စိတ်တို့ကအဆုံးထြိမင့်တက်သွားလေသည်။
ကားကိုထုတ်၍ Jimin၏အိမ်သို့အမြန်မောင်းထွက်ခဲ့သည်။
အမှောင်ထုကိုဖြိုခွဲလျက်ကားလေးသည်ဘေးကင်းစွာပင် Jimin၏အိမ်သို့ရောက်ခဲ့သည်။
Taehyungလည်းကားပေါ်ကဆင်း၍အိမ်ရှေ့တံခါးဆီသို့အပြေးသွား၍တံခါးဖွင့်ကြည့်သည်။
သော့ခတ်ထားသောတံခါးငယ်ကမည်သို့မျှကြိုးစား၍ဖွင့်မရပေ။
"ဒုန်း! ဒုန်း! ဒုန်း !"
"Jimin! Park Jimin! ..... Jimin!"
တံခါးကိုထု၍ခေါ်နေပေမယ့်အိမ်အတွင်းမှမည်သည့်တုန့်ပြန်သံမှမကြားရ၍ အိမ်၏အနောက်ကတံခါးကိုသတိရသွားသည်။
ဓါတ်မီးအလင်းရောင်ကိုအားပြုလျက်အိမ်၏အနောက်ဘက်သို့ပြေးသွား၍ အိမ်၏အနောက်ဘက်ကတံခါးကိုတွန်းဖွင့်လိုက်သည်။
ကံကောင်းစွာပင်သော့ခတ်မထားသောတံခါးလေးကပွင့်သွားခဲ့ပေသည်။
Taehyungလည်းအိမ်ထဲသို့အမြန်ဝင်၍ Park Jiminကိုလိုက်ရှာသည်။
ရေခဲသေတ္တာရှေ့၌ခွေခွေလေးလဲနေသောကိုယ်ငယ်လေးကTaehyungကိုဆီးကြိုနေလေ၏။
ESTÁS LEYENDO
𝑺𝒖𝒏𝒇𝒍𝒐𝒘𝒆𝒓 || [Complete]
Fanfic• kookmin Fanfiction • 🌻 နေကြာပန်းလေးတစ်ပွင့်က ဟိုး...ကောင်းကင်ထက်မှာရှိတဲ့နေနတ်သားလေးကိုချစ်မိနေလေ၏။ နေကြာပန်းလေး၏အချစ်ကရိုးရှင်းပေသည်။ သူမဆိုင်ရပေမယ့် ငေးကြည့်နေရရုံနှင့်ကျေနပ်နေမိသည်။ နေကြာပန်းလေး၏ ကမ္ဘာမှာ နေနတ်သား၏အပြုံးကိုနေ့တိုင်းမြင်နေရရု...