(Zawgyi)
ွအချစ်ဆိုသည်အရာကဆန်းကြယ်ပေသည်။ချစ်ခြင်းအစမုန်းခြင်းကဟူ၍လည်း တစ်ချို့လူများကပြောကြပေသည်။
တကယ်တမ်းတော့အချစ်သည်ဘယ်ကစသောအရာဟူ၍မသြိ
ကပေ။တကယ်တမ်းအချစ်ကိုတော့ရှိချိန်မှာတော့ မိမိကိုယ်တိုင်အချစ်နွံထဲမှာမရုန်းနိုင်အောင်နစ်နေကြပေပြီ။
အချစ်ဆိုသည်အရာသည် ပူလောင်ခြင်းလော အေးချမ်းခြင်းလောမသိကြပေ။
အချစ်၏ အဓိပ္ပာယ်ကိုအမျိုးမျိုးဖွဲ့နွဲ့ကြပေသည်။
အချစ်သည်ပျော်ရွှင်ခြင်းလား ၀မ်းနည်းခြင်းလားဆိုငည်ကို ထိုလူသားနှစ်ယောက်သိမည်မဟုတ်ပေ။
နေကြာပန်းလေးကဲ့သို့မပိုင်ဆိုင်နိုင်ပဲငေးကြည့်နေရုံဖြင့်သာကျေနပ်ရသည့်အချစ်မျိုးကပင်ပန်းလေသည်။
အချစ်ဆိုသည်ကိုဘာမှန်းမသိခင်မှာပင် ကောင်းလေးနှစ်ယောက်တော့အချစ်နွံထဲမှာနစ်မြုပ်တော့ပေမည်။
ကားလေးသည်ခြံဝန်းထဲသို့ဖြည်းညင်းစွာမောင်းဝင်လာလေသည်။
ကားလေးခြံထဲသို့ကားလေးဝင်လာသည်ကို နှင်းဆီခင်းထဲတွင်အိပ်ပျော်နေသောကောင်းလေးတော့မသိချေ။
Jiminလည်းကားပေါ်ကဆင်း၍အိမ်ထဲသို့အမြန်ပင်ပြေးဝင်လိုက်သည်။
အိမ်လေးသည်အေးချမ်းတိတ်ဆိတ်လျက်ရှိပေသည်။
"ဟာ..အဲ့ကလေးဘယ်ရောက်နေပြန်ပြီလား"
Jiminအခန်းတိုင်းကိုဖွင့်၍ရှာသော်လည်းမတွေ့ပေ။
လူလည်းစိတ်ပူနေမိပြီ။Jiminကိုယ်တိုင်မသိလိုက်ခင်မှာပင်Jiminတကယ်စိတ်ပူနေမိပြီ။
"ဟာ....ဒီကလေး"
Jiminလည်းအိမ်ထဲမှာမတွေ့၍အိမ်ရှေ့သို့ထွက်လာလိုက်သည်။
ခုနကအိမ်ထဲကိုအမြန်ပြေးဝင်လာမိ၍ နှင်းဆီဝါတို့ကိုလှည့်မကြည့်ခဲ့မိပေ။
ခုတော့တွေ့ပါပြီ။နှင်းဆီခင်းထဲမှာအိပ်မနသောယုန်လေးကို။
Jimin၏နှုတ်ခမ်းထက်မှအပြုံးပန်းလေးများပွင့်လာမိသည်။
"ဟာဒီကလေးတော့...အိပ်စရာနေရာရှားလို့"
ČTEŠ
𝑺𝒖𝒏𝒇𝒍𝒐𝒘𝒆𝒓 || [Complete]
Fanfikce• kookmin Fanfiction • 🌻 နေကြာပန်းလေးတစ်ပွင့်က ဟိုး...ကောင်းကင်ထက်မှာရှိတဲ့နေနတ်သားလေးကိုချစ်မိနေလေ၏။ နေကြာပန်းလေး၏အချစ်ကရိုးရှင်းပေသည်။ သူမဆိုင်ရပေမယ့် ငေးကြည့်နေရရုံနှင့်ကျေနပ်နေမိသည်။ နေကြာပန်းလေး၏ ကမ္ဘာမှာ နေနတ်သား၏အပြုံးကိုနေ့တိုင်းမြင်နေရရု...