(Zawgyi)
Taehyungရှိရာရုံးခန်းသို့ Jiminခပ်သွပ်သွပ်လေးလျှောက်လာလိုက်သည်။
ပုံမှန်ဆိုလျှင်Taehyungနဲ့အတူနေ့လည်စာထွက်စားလေ့ရှိ၍ ဒီနေ့လည်းနေ့လည်စာထွက်စားရန်Taehyungကိုသွားခေါ်ခြင်းပင်ဖြစ်သည်။
များသောအားဖြင့်နေ့လည်စာစာချိန်တိုင်းတွင်လာခေါ်လေ့ရှိသော သူငယ်ချင်းTaehyungကြ်ီးသည် ဒီနေ့မှလာမခေါ်သောကြောင့်Jiminသွားခေါ်ရပေသည်။
"Sori...မင်းကျောင်းပြေးပြန်ပြီလား"
"ဟာကိုကိုကလည်း...ညီမလေးနေမကောင်းလို့ပါလို့ပြောပြီးပြီလေ"
"နေမကောင်းရင်အိမ်မှာမနေပဲဘာလို့ဒီရောက်လာတာလဲ..."
Taehyung၏အခန်းထဲမှာရန်ဖြစ်သံတို့သည်အပြင်သို့ပင်ဟိန်းထွက်နေသည်။
အထဲကစစ်ပွဲကတော့ပြင်းထန်နေဟန်ရှိသည်။
Kim Soriဆိုသည်မှာKim Taehyung၏ချစ်ညီမလေးပင်ဖြစ်သည်
Soriသည်တကယ်တော့ Taehyung၏ညီမလေးအရင်းမဟုတ်ပေ။
Taehyung၏မိထွေး၏သမီးဖြစ်သည်။
သို့သော်သူတို့မိသားစုလေးသည်ပျော်စရာကောင်းပေသည်။
သူတို့နှစ်ယောက်သည်မောင်နှမအရင်းတွေကဲ့သို့အရမ်းချစ်ကြသည်။Sori၏မေမေကလည်းTaehyungကိုသားအရင်းကဲ့သို့ချစ်ရှာသည်။
သူတို့မောင်နှမနှစ်ယောက်ကလည်းတွေ့တိုင်းရန်ဖြစ်ရတာ နဲ့ပဲ...
ပြီးရင်လည်းသူတို့လောက်ချစ်တာသူတို့ပဲရှိတယ်..."ဟူးးး"jiminလည်းTaehyungနှစ်ယောက်အကြောင်းတွေးမိပြီးသက်ပြင်းပင်ချလိုက်မိသည်။
Soriကအထက်တန်းနောက်ဆုံးနှစ်တက်နေပြီးငယ်ငယ်ကတည်းကအလိုလိုက်ခြင်းခံရ၍အနည်းငယ်ဆိုးသည်။
ကျောလယ်လောက်ထိရှိသောဖြောင့်ဆင်းသောဆံပင်အနက်ရောင်လေးနှင့် Soriသည်တကယ်လှသောမိန်းကလေးတစ်ယောက်ပင်ဖြစ်သည်။
Jiminတံခါးကိုတွန်းဖွင့်၍အခန်းတွင်းသို့ဝင်လိုက်သည်။
"ဟာ..ကိုကိုjiminပါလား
ဘယ်တုန်းကပြန်ရောက်တာလဲ"
YOU ARE READING
𝑺𝒖𝒏𝒇𝒍𝒐𝒘𝒆𝒓 || [Complete]
Fanfiction• kookmin Fanfiction • 🌻 နေကြာပန်းလေးတစ်ပွင့်က ဟိုး...ကောင်းကင်ထက်မှာရှိတဲ့နေနတ်သားလေးကိုချစ်မိနေလေ၏။ နေကြာပန်းလေး၏အချစ်ကရိုးရှင်းပေသည်။ သူမဆိုင်ရပေမယ့် ငေးကြည့်နေရရုံနှင့်ကျေနပ်နေမိသည်။ နေကြာပန်းလေး၏ ကမ္ဘာမှာ နေနတ်သား၏အပြုံးကိုနေ့တိုင်းမြင်နေရရု...