(Zawgyi)
Jungkookလည်းအတွေးတို့ကိုရပ်၍ ဟိုဘက်ခြံကဘွားဘွားတို့အိမ်သို့အမြန်ပြေးသွားလိုက်သည်။Jungkookအရမ်တွေ့ချင်နေသောမမက ဘွားဘွားတို့အိမ်ရှေ့ရှိ ဒန်းပေါ်မှာထိုင်နေသည်။
တစ်နေရာဆီသို့ငေးကြည့်နေသောမမသည် jungkookရောက်လာသည်ကိုမမြင်ပါ။
ညနေခင်းနေရောင်လေးသည်မမ၏မျက်နှာပေါ်သို့ဖြာကျနေသည်။
မမ၏ပန်းရောင်သန်းနေသောပါးမို့မို့လေးတွေကနေရောင်အောက်တွင်အနီရောင်သန်းနေသည်။
တခြားမိန်းကလေးများကဲ့သို့မိတ်ကပ်များထူနေအောင်လူးထားခြင်းမရှိသည့်မမသည် သဘာဝအတိုင်းလှပနေသည်။
Jungkookလည်းမမအနားသို့သွားလိုက်သည်။
ဒန်းပေါ်တွင်ထိုင်နေသည့်သူသည်jungkookအသိစိတ်ထဲတွင်jungkookသိပ်ချစ်သောမမjiyeonဖြစ်သည်။
သို့သော်တကယ့်လက်တွေ့တွင်သူဟာ Park jiyeonမဟုတ်သည့်Park Jiminဖြစ်သည်ကိုjungkookမသိပါ။
အနားကိုလျှောက်လာနေသောခြေသံတို့ကိုကြား၍jimin လည်းလှည့်ကြည့်လိုက်မိသည်။
Jiminဆီသို့လျှောက်လာနေသည့်ထိုကောင်လေးကိုjiminသိသည်။
ထိုကောင်းလေးသည်မမ မမ ဆိုပြီးအမြဲအနားသို့လိုက်ကပ်နေတတ်သည့် ဟိုဘက်ခြံက ကောင်းလေးဖြစ်သည်။
"မမ...."
Jungkookခေါ်လိုက်သော်လည်းjiminဘက်မှမည်သည့်တုန့်ပြန်သံမှထွက်မလာပါ။
မမကjungkookကိုဘယ်သောအခါမှစကားပြန်မပြောခဲ့ဖူးပါ။
မမသည်တခြားသူများကိုစကားပြောသည်ကိုလည်းjungkookမတွေ့ဖူးပါ။
မမ၏အသံကိုလည်းjungkookသေချာမကြာဖူးပါ။
Jiminလည်းသူ့ကို"မမ"လို့ခေါ်လိုက်သည့်ထိုကောင်လေးကိုပြုံးသာပြလိုက်သည်။
ပြုံးပြသည်မှလွဲပြီးjiminမှာပြန်ပြောစရာစကားမရှိသည်ထက်သူ့၏အသံကိုမထွက်ချင်သည်မှာပိုမှန်သည်။
Jiminလည်းသူသည်ယောက်ျားလေးတစ်ယောက်ဖြစ်သည်ကိုjungkookမရိပ်မိစေချင်ပါ။
ČTEŠ
𝑺𝒖𝒏𝒇𝒍𝒐𝒘𝒆𝒓 || [Complete]
Fanfikce• kookmin Fanfiction • 🌻 နေကြာပန်းလေးတစ်ပွင့်က ဟိုး...ကောင်းကင်ထက်မှာရှိတဲ့နေနတ်သားလေးကိုချစ်မိနေလေ၏။ နေကြာပန်းလေး၏အချစ်ကရိုးရှင်းပေသည်။ သူမဆိုင်ရပေမယ့် ငေးကြည့်နေရရုံနှင့်ကျေနပ်နေမိသည်။ နေကြာပန်းလေး၏ ကမ္ဘာမှာ နေနတ်သား၏အပြုံးကိုနေ့တိုင်းမြင်နေရရု...