🚨Bad Boy🚨II

48.4K 2.8K 235
                                    

မိဘနှစ်​ပါးကအလုပ်​ကိစ္စနဲ့ခရီးလွန်​​နေမှု​ကြောင့်​အိမ်​တွင်​သူတစ်​​ယောက်​တည်းသာ​နေရသည်​....

ဒါ​ကြောင့်​ပိုပြီးအဆင်​​ပြေသွား​​လေတယ်​.....

လမ်း​လျှောက်​​နေရင်း​နဲ့ပုခုံး​ပေါ်​ခေါင်း​လေးတင်​ပြီးအိပ်​​နေတဲ့Tae hyungကိုတစ်​ချက်​တစ်​ချက်​ကြည့်​မိ​​တော့...

သူတစ်​ကယ်​စိတ်​မ​ကောင်းဖြစ်​မိသည်​...
သူကTae hyungနဲ့ပတ်​သက်​ရင်​ဘယ်​​တော့မှထိန်းချုပ်​နိုင်
စွမ်းမရှိဘူး...

အမြဲတမ်းပဲ....
ဒါကသူTae hyungကိုအရမ်းချစ်​လွန်းလို့ဖြစ်​ရတာ​တွေပါ...

အိမ်​​ရောက်​​တော့Tae hyungကိုယ်​​လေးကိုကုတင်​​ပေါ်
ဖြေး​ဖြေး​လေးတင်​လိုက်​သည်​.....

Tae hyungအိပ်​လို့မဖြစ်​​သေးဘူး....အဝတ်​​တွေလဲရမယ်​...

"Tae hyung.....ထဦး....အင်္ကျီ​တွေလဲရဦးမယ်​..."

ပုခုံး​လေးကိုသာသာ​လေးလှုပ်​ပြီးနှိုး​လေး​တော့Tae hyung
မျက်​လုံး​လေး​တွေပွင့်​လာသည်​...

"ငါ........ငါ့ကိုဘယ်​​ခေါ်လာတာလဲJung kook...."

Tae hyungခမျာစကား​ပြောတာ​တောင်​အားယူပြီး​ပြော​နေ
ရရှာသည်​....

"ငါ့အိမ်​မှာ.....စိတ်​ချပါ....ငါမင်းကိုဘာမှမလုပ်​တော့ပါဘူး​​....."

"အင်း....."

Tae hyungက​ခေါင်း​လေးညိမ့်​ပြသည်​...

"ကဲ...ထ....အင်္ကျီ​တွေလဲဦး...."

Tae hyungကို​ဖြေး​ဖြေးချင်းထူ​ပေးရင်းထိုင်​​စေလိုက်​သည်​....

"ခဏ​လေး....ငါအင်္ကျီ​တွေယူ​ပေးမယ်​..."

"အင်း...."

Jung kookကTae hyungအတွက်​ဆိုပြီးဗီဒိုထဲက
သူ့အင်္ကျီ​တေထုတ်​​ပေးသည်​.....

"​ရော့....အဲ့ဒါ​တွေလဲလိုက်​...."

အဝတ်​အစား​လေး​တွေကိုTae hyung
လက်​ထဲထည့်​​ပေးလိုက်​​တော့Tae hyungက
သူ့လက်​က​လေးကိုပြန်​ကိုင်​ပြီး...

"မင်း​ရောမလဲဘူးလား....မင်းအင်္ကျီ​တွေလဲစို​နေတယ်​​လေ.."

Tae hyungသူ့ကိုစိတ်​ပူ​ပေးတာနဲ့တင်​သူက​ကျေနပ်​​နေပါပြီ
....
သူ့လက်​ကိုကိုင်​ထားတဲ့Tae hyungရဲ့
လက်​​လေးကိုပြန်​ကိုင်​လိုက်​ပြီး....

PARADISE OF TK - 2Where stories live. Discover now