အပိုင်း🍀၅🍀

206 8 1
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၅)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
      နောက်မှ.အခွင့်ရေးရတာနဲ့.ထိုလူကို.တွန်းလှဲပြီး..လွန်း.ထွက်ပြေးရမည်။ထိုလူက ဖြေးညှင်းစွာ.လွန်းကို ချုပ်ကိုင်ထားသည့်လက်များကို..ဖြေလျော့ပေးသလို.ပါးစပ်ကို.အုပ်ထားသည့်.လက်ကိုလဲ.ခွာပေးလေသည်။
""ခင်ဗျားကို လန့်အောင်လုပ်မိသလိုဖြစ်သွားရင်..တောင်းပန်ပါတယ်နော်..""
ထိုသူရဲ့ အသံတွေထဲက ဂရုဏာသက်မှုတွေကို လွန်းခံစားလိုက်ရသည်။သူ့ကိုကြည့်ရတာ..လွန်းကို အမှန်တကယ် ခြောက်လန့်ဖို့ရန်..ရည်ရွယ်ချက်မရှိသည့်ပုံ...။
"မင်း..မင်းက ဘယ်သူလဲ...""
လွန်း တုန်ယင်နေသည့် အသံတွေကို..
ထိန်းရင်း မေးလိုက်သည်။
""ကျွန်တော်နာမည်က..ခါးသက်မိုး
.ပါ..ခင်​ဗျားက..အစ်ကိုကြီးရဲ့.သူငယ်ချင်းလို့သာပြောတယ်..
အစ်ကိုကြီးထက်.ငယ်မဲ့ပုံ​ဘဲ..""
"အစ်ကိုကြီးဆိုတာက..အစ်ကိုထစ်ချုန်းကို..ပြောတာလား..""
""ဟုတ်..""
""သြော်..ဟုတ်တယ်..အစ်ကိုနဲ့.လွန်း.အဲ.ငါနဲ့က..အသက်၆နှစ်.ကွာတယ်လေ..""
""သြော် ဟုတ်ကဲ့..အဲ့ဒါဆိုရင်.ခင်​ဗျားက.ကျွန်တော်ထက်..အသက်၁နှစ်ဘဲပိုကြီးတာကိုး..ခင်ဗျား.နာမည်က.လွန်းပုံရိပ်နော်..ဟုတ်လား..""
ခါးသက်မိုး ဆိုသူ၏ အမေးစကားကို..လွန်း ခေါင်းညိတ်ပြလိုက်သည်။
""အဲ့ဒါဆိုရင်..ကျွန်တော်..ခင်ဗျားကို...ကိုလွန်းလို့ဘဲ ခေါ်မယ်နော်..ရလား..""
"".....""
လွန်း ဘာတစ်ခွန်းမှမဖြေ ခေါင်းကိုဘဲ ညိတ်ပြလိုက်၏။
""ဟောဗျာ..ကိုလွန်းကလဲ ခေါင်းချည်းဘဲ ညိတ်ပြနေရအောင်..ကိုလွန်းက.ပုတ်သင်ညိုလား..""
ရယ်သွေးသမ်းပြီး မေးလာသည့်.ခါးသက်မိုး၏.အမေးစကားကြောင့်..လွန်း..
""မဟုတ်ပါဘူး..""
""အဲ့ဆိုရင်ဘာဖြစ်လို့..ကျွန်တော်မေးသမျှကို ခေါင်းချည်းဘဲ ညိတ်ပြနေရတာလဲ..""
""ဒီမှာမင်း..မရစ်နဲ့..မင်းမေးတိုင်း.ငါပြန်ပြီး..စကားပြောနေရအောင်..မင်းကို.ငါမသိဘူး..""
လွန်း ခပ်ပြတ်ပြတ်ဆိုလိုက်တော့ ခါးသက်မိုး..သဘောကျစွာရယ်မောလိုက်မိ၏။
      ""ဘာရယ်တာလဲ..မင်းက​ဘယ်သူလဲ..ဘာဖြစ်လို့.သူများခြံထဲ.ဝင်နေရတာလဲ..""
""သူများခြံထဲ..ဟုတ်လား.
..ကျွန်တော်က..ဒီခြံကြီးထဲမှာဘဲ..မွေးတယ်..ဒီခြံထဲမှာဘဲ.အခုချိန်ထိ.နေနေတဲ့သူပါ..""
""ဒီမှာ..ငါ့ကို ဧည့်သည်ဆိုပြီး..မင်းလာပြီးမရွှီးနဲ့..ဒီခြံကြီးထဲမှာ..ဦးလေးရာပြည့်တို့..လင်မယားနှစ်ယောက်တည်းဘဲနေတာတဲ့..""
"သြော်..သူတို့က အဲ့လိုဘဲ ​ကိုလွန်းကို ပြောထားတာလား..ဟုတ်ပါတယ်.ကျွန်တော်က..ဒီ ဧကရာဇ်နန်းမြိုင်စံအိမ်တော်နဲ့ လုံးဝ.မပတ်သက်တဲ့..သူတစ်ဦးပါ..""
      ခါးသက်မိုး၏ မျက်ဝန်းထဲမှာ.ဝမ်းနည်းသိမ်ငယ်နေသည့်.အရိပ်တို့က အထင်းသားပေါ်လွင်နေသည်။
   လွန်းမှာသာ..အူကြောင်ကြားလေးနှင့်..ခါးသက်မိုးကို ငေးကြည့်နေမိ၏။
"ကျွန်တော်က..အစ်ကိုကြီးရဲ့ဘဝအတွက်..ဆူးညှောင့်ခလုတ်လို.ဖြစ်နေတဲ့သူတစ်ဦးလေ..နောက်ပြီး အစ်ကိုကြီးက..ကျွန်တော်ကို လူလို့လဲ မသတ်မှတ်ထားဘူး...""
ခါးသက်မိုး၏.စကားသံတွေက တည်ငြိမ်နေသည် ဆိုသော်လည်း..
ဝမ်းနည်းမှုတွေကို အထင်းသားမြင်နေရ၏။သူက ဘာဖြစ်လို့..အစ်ကို့ကို..အစ်ကိုကြီးလို့.ခေါ်နေရတာလဲ..။အစ်ကိုနဲ့သူနဲ့က ဘယ်လိုပတ်သက်နေလို့လဲ..။
""သြော်...ကိုလွန်း..ကျွန်တော်နဲ့တွေ့ခဲ့တယ်ဆိုတဲ့အကြောင်းကို..အစ်ကိုကြီးကို ပြန်ပြီးမပြောပြပါနဲ့နော်..အစ်ကိုကြီး သိရင်. ဒေါသထွက်မှာ သေချာတယ်..""
""မင်းနဲ့.အစ်ကိုထစ်ချုန်းနဲ့က အသိတွေလား...""
လွန်းအမေးကို သူမဖြေပါ..။ခပ်ယဲ့ယဲ့လေးပြုံးရင်း...
""ကျွန်တော်က..အစ်ကိုကြီးရဲ့..အဖေတူအမေကွဲညီပါ.."
ဟု တိုးညှင်းစွာနဲ့ ပြန်ဖြေလာ၏။
ဘာ...အဖေတူအမေကွဲညီ..။သူက..အစ်ကိုရဲ့ညီ...။လွန်း..အံ့သြလွန်းလို့..အသက်​ရှူဖို့တောင်.မေ့လျော့သွားသည်။
""မင်းတကယ်..ပြောနေတာလား..မင်းက..တကယ်ဘဲ.အစ်ကိုရဲ့ညီလား..""
""ကျွန်တော်ကတော့.ကိုလွန်းကို..အမှန်တိုင်းပြောပြနေတာပါ.ယုံတာမယုံတာကတော့..ကိုလွန်းသဘောပါ..""
လွန်း..ခါးသက်မိုးကို သေချာစူးစိုက်ကြည့်လိုက်သည်။ သူ့မျက်နှာတစ်ခုလုံး သေချာခြုံငုံ ကြည့်လိုက်ရင်..အစ်ကိုနဲ့.၆၀%လောက်တော့ တူသည်။.စူးရှတောက်ပနေသည့်.မျက်ဝန်း..။အချိုးအစားပြေပြစ်လှသည့်မေးရိုးတွေ..။ကြည့်ကောင်းသည်ဆိုတာထက်..ယောက်ျားပီသပြီး..ချောမောခန့်ညားလွန်းလှ၏။
     နောက်ပြီးသူ့ရဲ့.မျက်ဝန်းတွေက..အမှန်တိုင်းပြောပြနေကြောင်း​ကိုထောက်ခံနေသလို..။လိမ်ညာခြင်းအငွေ့တွေ ကင်းမဲ့နေသည့်.ထိုသူ၏ မျက်နှာကြောင့်..လွန်းရင်ထဲ.သူကိုယုံကြည်နေမိ၏။
""ဟုတ်လား..ငါ့ကို.အစ်ကိုက..တစ်ခါမှ..သူဆီမှာ.ညီတစ်ယောက်ရှိတယ်ဆိုတဲ့​အကြောင်းကို..မပြောပြဖူးဘူး..""
လွန်း အသံလေးက မသိမသာ တုန်ယင်နေပြီး..အဖျားစွတ် တိမ်ဝင်သွားလေသည်။အိုး...လွန်း..ဘာဖြစ်လို့.ဝမ်းနည်းနေရတာလဲ..။အစ်ကိုက.သူ့ဆီမှာညီရှိတယ် ဆိုတဲ့အကြောင်းကို.မပြောပြလို့..ဝမ်းနည်းနေတာလား..။ဟင့်အင်း..။လွန်း.နဲ့အစ်ကို.ခင်လာတာ.၃နှစ်ကျော်လာပြီ..။ဒီ၃နှစ်တာ အတွင်းမှာ..အစ်ကိုရဲ့ အကြောင်းကို..လွန်း.ဘာတစ်ခုမှကို.ရေရေလည်လည် တိတိကျကျသိထားတာတွေ မရှိခဲ့ဖူးဘူး..။အစ်ကိုက.ဒီအတိုင်း ချမ်းသာတယ်..။ချောမောပြီး.စမတ်ကျတဲ့.လူငယ်.စီးပွားရေးလုပ်ငန်းရှင်တစ်ဦး..ဆိုတာကိုဘဲ.သိတယ်..။
     ""ကိုလွန်း...""
လွန်း ခါးသက်မိုးကို မော်ကြည့်လိုက်သည်။လွန်း ကိုဂရုဏာသက်သည့်မျက်ဝန်းတွေနဲ့.စိုက်ကြည့်နေလို့..လွန်းစိတ်ထဲ မတင်မကျဖြစ်သွားလေသည်။
""ဘာလဲ..""
လွန်း အသံက အောင့်သက်သက်နဲ့ ထွက်သွားသည်။
""စိတ်မကောင်းဖြစ်သွားတာလား..အစ်ကိုကြီးက..သူ့ဆီမှာ ညီရှိတယ်ဆိုတဲ့အကြောင်းကို... ကိုလွန်းကို.မပြောပြလို့..စိတ်မကောင်းဖြစ်သွားတာလား..""
""မဆိုင်တာ..""
""ဟုတ်လို့လား..""
ခါးသက်မိုးက..လွန်းကို မျက်ခုံးလေးပင့်ကြည့်ရင်းမေးလိုက်တော့..
""မင်း.!!.ငါကဘာဖြစ်လို့..စိတ်မကောင်းဖြစ်ရမှာလဲ..ဒီအတိုင်း.အံသြသွားမိတာပါ..""
လွန်း..မလုံမလဲနဲ့ပြန်ဖြေလိုက်သည်။
""စိတ်မကောင်းမဖြစ်ပါနဲ့..အစ်ကိုကြီးက..ကျွန်တော့်ကို သူ့ညီလို့ကို.မသတ်မှတ်ထားပါဘူး..""
လွန်း.ဘာမှမဖြေမိ..။ဒီအတိုင်း.ခါးသက်မိုး ကိုငေးကြည့်နေမိသည်။
     ခါးသက်မိုး က လွန်းရဲ့ဘေးနားမှာ ဝင်ထိုင်လိုက်တာကြောင့် လွန်း ကိုယ်လေး မသိမသာ ချုံ့လိုက်သည်။ထိုနောက်.ဒူးလေးနှစ်ဘက်ကို.ထောင်လိုက်ပြီး..လက်နှစ်ဘက်နဲ့ပိုက်ကာ ရင်ခွင်ထဲ.ထွေးပိုက်ထားလိုက်သည်။
     ""ဟောဗျာ..ကိုလွန်း.ခြေထောက်တွေကို..ကျွန်တော် ဖြတ်ယူသွားမှာစိုးလို့..ရင်ခွင်ထဲမှာ  ပွေ့ထားတာလား..""
ရယ်ကျဲကျဲနဲ့ ခါးသက်မိုးက မေး​လိုက်တော့.လွန်း မျက်စောင်းလေးခဲလိုက်မိသည်။
      ခါးသက်မိုးက ပြုံးစစနဲ့.လွန်းကို.စိုက်ကြည့်နေပြန်သည်။
ကျစ်..နေရထိုင်ရတာ ခက်လိုက်တာ.။
ထထွက်သွားတာဘဲ ကောင်းပါတယ်..။သူ့ဘာသာ.အစ်ကိုရဲ့ညီဘဲ.ဖြစ်ဖြစ်..။ဘာဘဲဖြစ်ဖြစ်..။
လွန်းတွေးပြီး..ဆတ်ခနဲ့ ထရပ်လိုက်ပြီး.ထွက်သွားဖို့ ဟန်ပြင်လိုက်သည်။
""ဟာ..ကျစ်..မင်းဘာလုပ်တာလဲ..""
ရုတ်ရက်..လွန်း.လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်တဲ့..ခါးသက်မိုးကို.လွန်း.မကျေမချမ်း လှည့်ကြည့်လိုက်ရင်း မေးလိုက်သည်။
     ""ခင်လို့ရမလား..""
""ဘာကိုလဲ.."
""ကိုလွန်း.နဲ့ကျွန်တော်ခင်ချင်တယ်.
ခင်ခွင့်ပြုပါလား..""
အသနားခံနေသည့် မျက်ဝန်းရွဲကြီးတွေနဲ့စိုက်ကြည့်ပြီး.ပြောနေသည့်.ခါးသက်မိုးကို ကြည့်ရင်း လွန်း.စိတ်ထဲ.မသက်သာသလိုခံစားလိုက်ရသည်။
         ဒီလိုမျက်ဝန်းတွေနဲ့ စိုက်ကြည့်နေမှတော့..ဘယ်သူ့မဆို သနားမိမှာဘဲလေ..။နောက်ပြီးလွန်းက.အသည်းနုတဲ့သူ..။အသည်းမာမာနဲ့.သူရဲ့လက်​ကိုပုတ်ထုတ်ပြီး..မခင်ချင်ဘူး.လို့.မှပြန်မပြောရက်တာကို..။
""အင်း..""
""တကယ်..ကိုလွန်းက ကျွန်တော်ကို ခင်ခွင့်ပြုတယ်ပေါ့..ဝမ်းသာလိုက်တာ..""
""ဝမ်းသာတယ်ဆိုရင်လည်း..လက်ကိုလွှတ်ပေးတော့လေ..""
""မလွှတ်ပေးချင်သေးဘူး.
ခဏလောက်..ကျွန်တော်နဲ့အတူ.စကားပြောပေးလို့.ရမလား.""
""ကျစ်..မင်းနော်.ဆီပေးဆားတက်တော့လာမလုပ်နဲ့..""
""ဟုတ်ပါပြီ..ကိုလွန်း..မကြိုက်ရင်..ကျွန်တော် ဇွတ်အတင်းခေါ်မထားပါဘူး..""
ကျစ်..လာပြန်ပြီ...ဒီအသနားခံတဲ့.အကြည့်..။ဒီလူက လှည့်ထွက်သွားပြန်ရင်လဲ..လူဆိုးလုံးလုံးဖြစ်တော့မယ်..။
လွန်း သက်ပြင်းကို ဟင်းခနဲ့မြည်အောင်ချလိုက်ပြီး..ခါးသက်မိုး.ဘေးနားဝင်ထိုင်လိုက်သည်။
         အောင်နိုင်သူလို ပြုံးနေသည့်.ခါးသက်မိုးကို..လွန်း..မျက်စောင်းလေးတစ်ချက်ပစ်ထိုးပစ်လိုက်သည်။
""ကိုလွန်း ကျွန်တော့်ကို အမြင်မကပ်ပါနဲ့နော်..ကိုလွန်းကို.စတွေ့ကတည်းက..ကျွန်တော်.ကိုလွန်းနဲ့
ခင်ချင်မိသွားလို့ပါ..""
"" ....""
""ကိုလွန်း.မျက်နှာလေးကိုမြင်ရတဲ့အခိုက်တန့်လေးမှာ..ကျွန်တော် ရင်ထဲ.အေးချမ်းသွားသလို.ခံစားလိုက်ရတယ်..""
""......""
""ကိုလွန်းက..အထီးကျန်​ဆန်နေပြီး..မှောင်မိုက်နေတဲ့ ကျွန်တော်ဘဝထဲကို.ဝင်ရောက်လာတဲ့ အလင်းရောင်နတ်သားလေးနဲ့တူတယ်..""
"".....""
လွန်း ဘာတစ်ခွန်းမှ မဆိုဘဲ..။ခါးသက်မိုးကို ငေးကြည့်နေမိ၏။
သူ့ပုံစံက..အရမ်းကိုအထီးကျန်ဆန်နေတဲ့သူတစ်ဦးလို ဖြစ်နေသည်။
         အတော်တန်ကြာသည့်အထိ..လွန်းနဲ့ခါးသက်မိုး..ဘာတစ်ခွန်းမှ မပြောကြဘဲ..တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြသည်။
     တရွေ့ရွေ့နဲ့ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်ရီ ပျိုးလို့လာနေပြီ..။
တစိမ့်စိမ့်.နဲ့..တိုက်ခတ်နေတဲ့လေတွေကလဲအအေးဓာတ်​တွေပိုလာတာကြောင့်..လွန်း.တစ်ကိုယ်လုံး အေးခဲနေလေပြီ..။ဒီအချိန်မှာ ခါးသက်မိုးကို လွန်း မသနားနိုင်တော့ပါ..။ဆတ်ခနဲ့.ရပ်လိုက်ပြီး..
""သွားတော့မယ်..မှောင်လည်းမှောင်နေပြီ...""
လွန်းပြောပြီး..ထထွက်လာခဲ့တယ်.။
""ကိုလွန်း...""
"".....""
သက်ပြင်းတစ်ချက်ချပြီး.ဘာလဲဆိုတဲ့မျက်​နှာပေးနဲ့..ခါးသက်မိုးကို.လှည့်ကြည့်လိုက်တယ်..။
""ညရောက်ရင်..ပြတင်းပေါက်​နား.မှာ.ခဏရပ်နေပေးလို့ မရဘူးလား..""
""ဘယ်လို...""
"စရောက်တဲ့နေ့က..ကိုလွန်းပြတင်းဝကနေ..ကောင်းကင်ပေါ်ကို.ငေးကြည့်နေတဲ့ ပုံလေးက..အရမ်းကြည့်လို့ကောင်းနေလို့ပါ..နောက်နေ့တွေ​ကျတော့..ကိုလွန်း.ပြတင်းပေါက်နားကို.မလာတော့ဘူးနော်..""
ခါးသက်မိုး၏စကားကြောင့် လွန်း.ကျောထဲစိမ့်ခနဲ့ဖြစ်သွားရလေသည်။ဒါဆို သူတွေ့ခဲ့တဲ့ အရိပ်က..ခါးသက်မိုးပေါ့..။တခြားသူစိမ်းယောက်ျား​လေးတစ်ဦး.ကြည့်ရဖို့အတွက်.ပြတင်းဝကနေ..မိမိက.ရပ်ပေးရမတဲ့လား..။လွန်းစိတ်ထဲ..အနည်းငယ်..ကသိကအောက်.ဖြစ်သွားသည်။သို့ပေမယ့်..ခါးသက်မိုးကို.ဘာတစ်ခွန်းမျှ.ပြန်ပြောမနေတော့ဘဲ.လွန်း.ဒီအတိုင်းဘဲ.ထွက်လာခဲ့တော့၏။.
🌾🌾🌾
အပိုင်း🍓၆🍓မျှော်ပေးကြဦးမှာလား.။ဦးရေးတာ..ပျင်းစရာကောင်းနေလားမသိဘူး..😌😌။ဦးက.စာရေးညံ့တယ်နော်.သည်းခံပြီး​ဖတ်ပေးကြပါ🤧🤧။ဖတ်ပေးကြတဲ့သူတွေကို ချစ်တယ်နော် အာဘွား😘။
                           🍉ညှို့စက်ကွင်း🍉

ဝိုးတဝါးအိမျမကျWhere stories live. Discover now