💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၁၂)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
လွန်း သတိမလစ်ခင်..လွန်း.နားလေးကပ်ပြီး..ပြောလာသည့်..စကားလေးတစ်ခွန်း...
""ကျွန်တော်က ခါးသက်မိုး အစစ်လား အတုလား..သိချင်ရင်..အစ်ကိုကြီးဆီကနေ ဓာတ်ပုံတောင်းပြီး..ကြည့်လိုက်ပါလားဟင်..""
❤❤❤
""အင်း...အ့..""
လွန်း သတိပြန်ဝင်လာတော့..ခေါင်းထဲ.မူးနောက်နေ၏။ နားထင်ကို.လက်နဲ့အသာဖိပြီး..လွန်း မျက်လုံးတွေကို.ဖြေးညှင်းစွာ ဖွင့်ကြည့်လိုက်သည်။
လွန်း.အခန်းထဲမှာ.ပြန်ရောက်နေ
သည်။ ပြတင်းဝကနေ.ဖြာကျနေသည့်.နေရောင်ခြည်နွေးနွေး..။
လွန်း ခေါင်းထဲ တိုးဝင်လာကြသည့်..မှတ်ဥာဏ်တချို့..။မနေ့ညက..လွန်း..ခါးသက်မိုး.
အယောင်ဆောင်ထားတဲ့သူ.နဲ့..
မဆင်မခြင်.ထိပ်တိုက်ရင်ဆိုင်ခဲ့မိတယ်..။ နောက်တော့ သူက.လွန်းကို.မေ့ဆေးစွပ်ထားတဲ့..လက်ကိုင်ပုဝါနဲ့.လွန်းရဲ့ပါးစပ်နဲ့ နှာခေါင်းကိုအုပ်လိုက်တာကြောင့် လွန်း သတိမေ့သွားတာလေ..။လွန်း..ကိုယ်ပေါ်က..စောင်ပါးလေးကို.လှပ်ကြည့်လိုက်သည်။
မနေ့ညက..လွန်း.ဝတ်ထားသည့်..အဝတ်စားများက..ပုံမပျက်..။
ဒါဆိုရင်..လွန်းရဲ့အခန်းထဲကို.လွန်းဘယ်လိုဖြစ်ပြီး..ပြန်ရောက့်နေတာလဲ..။အဲ့လူလိမ်က..လွန်းကို.အခန်းထဲပြန်ပို့ပေးထားတာလား..။
""ကျစ်...""
လွန်းတွေးလေ..ခေါင်းထဲထိုးကိုက်လေဖြစ်နေတာကြောင့်..လွန်း.ဘာမှစဉ်းစားမနေတော့ဘဲ...။အိပ်ရာကနေထပြီး..ရေချိုးခန်းထဲဝင်ပြီး..ရေချိုးပစ်လိုက်သည်။
လွန်း..ရေချိုး.အဝတ်စားလဲပြီး.အောက်ထပ်ကို ဆင်းလာခဲ့သည်။.အစ်ကိုကတော့ အလုပ်သွားပြီ..။မရှိတော့ဘူး..။နာရီကလဲ.၁၀နာရီတောင်ကျော်နေပြီလေ..။
""တူလေး.လွန်း..အတွက် မနက်စာ.အန်တီသက်ပြင်ထားတယ်နော်..""
လွန်း..အန်တီသက်ကို.ပြုံးပြရင်း..လွန်းအတွက်.ပြင်ဆင်ပေးထားတဲ့ မနက်စာကို စားလိုက်သည်။
""အန်တီသက်..ဟိုဝှာလေ.."
လွန်း..အန်တီသက်ကို မေးဖို့ ဟန်ပြင်လိုက်ပြီးမှ..စကားကိုရှေ့ဆက်မပြောဘဲ..ရပ်ပစ်လိုက်သည်။ဟိုတစ်ခါကလဲ..အစ်ကိုဆီမှာ.တခြားညီအစ်ကိုမောင်နှမတွေ ရှိလား လို့.မေးတုန်းက..အန်တီသက်ညာပြီး..မရှိဘူးဟု.ဖြေခဲ့လေသည်။
အခုလဲ.လွန်းမေးတာကို.အမှန်တိုင်းဖြေလိမ့်မည်မဟုတ်..။
""ဟင်..ဘာလဲ.လွန်းလေး..ဘာလိုလို့လဲ.ပြောလေ..""
""ဟင့်အင်းမလိုပါဘူး..အစ်ကို.အလုပ်သွားတာ ကြာပြီလားလို့..မေးမလို့ပါ..""
""သြော်..အင်း.ကြာပြီလေ..မနက်.၇နာရီ.လောက်ကတည်းက.သွားတာ..""
""ဟုတ်...""
လွန်း အသာနုတ်ဆိတ်ပြီး..စားစရာရှိတာကို စားနေလိုက်သည်။အန်တီသက်ထွက်သွားတော့..လွန်းရဲ့အနားကို..ဦးလေးရာပြည့်ရောက်လာခဲ့သည်။
"ရော့..""
ဆိုပြီး..ထိုးပေးလာသည့်..ဓာတ်ပုံတွေ..။လွန်း.အူတူတူလေးနဲ့.ဦးလေးရာပြည့်ကို.ငေးကြည့်နေမိသည်။
""ခါးသက်မိုးရဲ့ ဓာတ်ပုံတွေပါ..သူနဲ့.သူအမေ.ရဲ့.ပုံတွေပေါ့..""
""ဗျာ...ဦးလေးရာပြည့်က..ဘယ်လိုဖြစ်ပြီး..လွန်းကို..ဓာတ်ပုံတွေ.လာပြရတာလဲ.ဟင်...""
""..သခင်လေးထစ်ချုန်းက..ပြခိုင်းလိုက်လို့ပါ..""
""ဗျာ..ဘယ်လို..""
လွန်း..အံ့သြမှင်သက်စွာနဲ့ ဦးလေးရာပြည့်ကို ငေးကြည့်နေမိ၏။
နောက်တော့..ဦးရာပြည့်.လက်ထဲ.ဓာတ်ပုံတွေကို..လွန်းယူပြီး..ကြည့်လိုက်သည်။ လွန်းနဲ့အမြဲတွေ့နေတဲ့သူ..။
""သူ...သူက..ခါးသက်မိုး..
ဟုတ်လား..""
""အင်း..ဟုတ်တယ်လေ.ဘာဖြစ်လို့လဲ..""
""လွန်းနဲ့အမြဲတမ်းတွေ့နေတဲ့သူက..သူဘဲလေ..""
လွန်း.အံ့သြထိတ်လန့်စွာ.ပြောလိုက်သည်ကို..ဦးလေးရာပြည့်က ဂရုမစိုက်..။
""လွန်း..မျက်စိမှားတာလဲ..ဖြစ်နိုင်ပါတယ်..ခါးသက်မိုးက.လွန်ခဲ့တဲ့.၄နှစ်ကတည်းက..သေဆုံးပြီးသွားတဲ့.လူတစ်ယောက်ပါ..ဦးလေး.ဒီနေ့..ခြံထဲမှာလူငှားပြီး..အစောင့်ချထားတယ်..လွန်းရဲ့အနားကို..ဘယ်သူ့မှ ရောက်မလာစေရပါဘူး..."
""ဦးလေးရာပြည့်..လွန်းပြောနေတာကို.ရောနားထောင်ရဲ့လား..လွန်းအခုတလော.တွေ့ဖြစ်နေတဲ့သူက..ခါးသက်မိုးပါဆို..သူမသေသေးဘူး..""
""လွန်းလေး..အရမ်းကြီးအတွေးမများပါနဲ့ကွယ်..ခါးသက်မိုး.ကဒီလောကကြီးထဲမှာ.တကယ်မရှိတော့ပါဘူးကွယ်..လွန်းတွေ့ခဲ့တဲ့သူက..လူလိမ်တစ်ဦးဘဲဖြစ်မှာပါ..""
လွန်း..ဓာတ်ပုံထဲက..ခါးသက်မိုးပုံကို ကြည့်ရင်း..သက်ပြင်းတစ်ချက်ချလိုက်မိ၏။..မင်းက.တကယ့်ကို..သေသွားတာလား..။ဒါဆို..ငါနဲ့ဆုံတွေ့နေတာက.မင်းရဲ့.ဝိညာဉ် များလား..။
အထီးကျန်ဆန်နေတဲ့ ဝိညာဉ် တစ်ကောင်နဲ့ လွန်းဆုံတွေ့နေတာမျာလား.။
🤔🤔🤔
ထစ်ချုန်း ဘိုးဘိုးက.အရေးတကြီးပြောစရာရှိတယ်ဆိုလို့..ဘိုးဘိုးဆီကို လာခဲ့လိုက်သည်။
ဘိုးဘိုးအခန်းထဲ..ထစ်ချုန်း.ဝင်လိုက်တော့..ဘိုးဘိုးက.သူ့စားပွဲရှေ့မှ.ချထားတဲ့ဓာတ်ပုံ.တွေကို.ကောက်ကိုင်လိုက်ပြီး..ထစ်ချုန်းရဲ့မျက်နှာဆီကို.ပစ်ပေါက်လိုက်သည်။
""ထစ်ချုန်းမိုး...မင်းက..ငါ့ရဲ့စိတ်ကိုလာဆွနေတာလား..""
ထစ်ချုန်း..ကြမ်းပြင်ပေါ် ပြန့်ကျဲသွားတဲ့.ဓာတ်ပုံတွေကိုကောက်ပြီး ကြည့်လိုက်တော့...ပါးစပ်အဟောင်းသားဖြစ်ရလေသည်။လွန်းနဲ့သူ ရဲ့ပုံတွေ...။
""မင်း..မင်းရဲ့အတွင်းရေးမှူးမလေး..သရဖီနဲ့လက်ထပ်ဖို့အတွက်ကိုဘဲ..ခေါင်းထဲထည့်ထားလိုက်ပါ...""
""ဗျာ..ဘိုးဘိုး..ကျွန်တော်..သရဖီ.နဲ့လုံးဝကိုမယူနိုင်ဘူးနော်..""
""ဘာပြောတယ်..ထစ်ချုန်းက..မင်းက..ငါ့ကို.အာခံတယ်ဆိုတဲ့သဘောလား...""
""ဘိုးဘိုး...သား လွန်းကိုချစ်တယ်..လွန်းနဲ့ဘဲ အတူတူနေချင်တယ်..""
""မင်းပါးစပ်ကို..ပိတ်ထားစမ်း
..ထစ်ချုန်း...မင်းပါးစပ်ကနေ.အရှက်မရှိ..တခြားအကောင်တစ်ကောင်ကို.ချစ်တယ်.လို့ပြောနေတာက..ငါ့နားထဲ.ကလန့်ကြီး.ဝင်လာတယ်ကွ..နားခါးတယ်.သိရဲ့လား..""
ဦးဓနမိုးက..ထစ်ချုန်းကို..လက်ညိုးငေါက်ငေါက်ထိုးရင်းဆိုသည်။
""မင်း..ရှေ့က..ခါးသက်မိုးတို့အတွဲကို..ငါဘာလုပ်ခဲ့လဲ..မင်းသိတယ်နော်...ထစ်ချုန်း...မင်းလဲ..သူတို့လိုဘဲ.သေကွဲကွဲချင်နေတာလား..ပြော.""
""ဘိုးဘိုး..အရမ်းကို အတ္တကြီးတယ်..နောက်ပြီး..ကျွန်တော်က..ခါးသက်မိုးမဟုတ်ဘူး..""
""အဟက်...မင်းက.အရမ်းကို.သတ္တိတွေကောင်းပြနေတယ်ပေါ့လေ..
ရတယ်..မင်းဘက်က..ငါစီစဉ်တာကို.လက်မခံဘူးဆိုရင်.မနက်ဖြန်.လွန်းပုံရိပ်ဆိုတဲ့.ချာတိတ်လေးအကြောင်း.သတင်းစာထဲမှာ..ပါလာစေရမယ်..ကုမ္ပါဏီကငွေတွေကို..အလွဲသုံးစားလုပ်မှုနဲ့..ထောင်နန်းစံရတဲ့အကြောင်းလား..ဒါမှမဟုတ်..
အက်စီးဒန့် တစ်ခုဖြစ်ပြီး.နေရာမှာတင်.ပွဲချင်းပြီး.သေဆုံးသွားတဲ့အကြောင်း..မင်းကြိုက်ရာ.ရွေးလိုက်လေ.ထစ်ချုန်းမိုး..""
ဦးဓနမိုးက. ထစ်ချုန်းကို..စူးရဲစွာနဲ့စိုက်ကြည့်ရင်း..ပြောလိုက်လေသည်။
ထစ်ချုန်း လက်သီးကို ကျစ်ကျစ်ပါနေအောင်ဆုပ်ထားနေမိ၏။အဘိုးက..ပြောရင်.ပြောတဲ့အတိုင်း.လုပ်တတ်သည့်..လူစားမျိုးပင်..။အများမြင်မှာ.အသက်ခပ်ကြီးကြီး..အဘိုးကြီးတစ်ဦးဆိုပေမယ့်..။ဦးဓနမိုး၏.သြဇာက..ယခုအချိန်ထိ..အာဏာစက်ပြင်းနေတုန်းပင်..။
ဦးဓနမိုး၏နောက်ကွယ်တွင်လည်း..လူဆိုးဂိုဏ်းတစ်ခုလဲရှိနေသေး၏။.အငှားလူမိုက်များနှင့်.တစ်ဘက်က.ရန်သူကိုတိုက်ခိုက်လာခဲ့တဲ့သူ.။သူလိုချင်တာတစ်ခုကို..မရရအောင်လုပ်စွမ်းနိုင်သောသူ.။
အရှင်းဆုံးပြောရရင်..အဘိုးဖြစ်တဲ့.ဦးဓနမိုးကို..ထစ်ချုန်းမိုးအနေနဲ့..ဘယ်လို.မှ..တွန်းလှန်နိုင်မည်မဟုတ်..။
နောက်ပြီးထစ်ချုန်းအတွက်..ကြောက်စရာ.သင်ခန်းစာတစ်ခုကလဲရှေ့မှာရှိနှင့်ထားပြီးသားဖြစ်၏။..ခါးသက်မိုး၏ချစ်သူ..ဒီလင်းသာ..။သူ့လို အဖြစ်ဆိုးမျိုးနဲ့..လွန်းလဲ.
တစ်နေ့ကြုံတွေ့ရနိုင်သည်။
အတွေးတွေနဲ့အတူ.ထစ်ချုန်းမိုး.ရင်ထဲမငြိမ်မသက်ဖြစ်နေမိ၏။
ခေါင်းထဲမှာလဲ..အပြေးအလွှားနှင့်..လွန်းကို.ကာကွယ်ဖို့ရာ.တွေးတောနေမိသည်။
""မင်းသာ..ငါစကားကို.နားထောင်ပြီး..သရဖီနဲ့လက်ထပ်ဖို့ကိစ္စကို.သဘောတူရင်..လွန်းပုံရိပ်ဆိုတဲ့.ချာတိတ်လေးကို.ငါလက်ဖျားတောင်မထိဘူးလို့..ကတိပေးတယ်..""
ထစ်ချုန်း..အံကိုတင်းတင်းကြိတ်နေရုံကလွဲပြီး တခြားဘာမှမတတ်နိုင်တော့..။
❤❤❤
""ကိုလွန်း...""
""ဟင်..""
လွန်း အခန်းထဲကို ဝင်လာတဲ့..ခါးသက်မိုးကြောင့်..လွန်း..ကြောင်အန်းအန်းလေးဖြစ်သွားလေသည်။
""မင်း..မင်း..ဘယ်လိုဖြစ်ပြီး..ငါ့အခန်းထဲကို..ရောက်လာတာလဲ..""
"""ကိုလွန်းမှ..ကျွန်တော်ဆီကို.ရောက်မလာတာ..အဲ့တော့..တွေ့ချင်နေတဲ့..ကျွန်တော်ကဘဲ..ကိုလွန်းဆီကို..အရဲစွန့်ပြီး.လာရတာပေါ့ဗျ..""
""နောက်တစ်ခါ ငါထပ်မေးမယ်..မင်းကဘယ်သူလဲ..""
""ရော်..ခက်ပါလား..ကိုလွန်းရယ်..ကျွန်တော်က..ခါးသက်မိုးပါဆိုမှ..""
""ခါးသက်မိုးက..သေသွားပြီတဲ့..""
""အဟက်..သူတို့က..သူတို့ထင်ချင်တဲ့အတိုင်း.ထင်နေကြတာပါ..ကျွန်တော်က.မသေသေးပါဘူး..""
""အဲ့ဒါဆိုရင်.ချောက်ထဲကျသွားတဲ့..ကားမှာထဲမှာပါသွားတဲ့သူက..မင်းမဟုတ်ဘူးပေါ့..""
လွန်း..အရဲစွန့်ပြီး..ခါးသက်ကို..မေးလိုက်တော့..ခါးသက်က.အေးစက်စွာ.အော်ရယ်နေ၏။
""အဟင်း...ဟုတ်တယ်..ကားထဲက.အလောင်းက.ကျွန်တော်မဟုတ်ဘူး..တခြားလူတစ်ယောက်..အဲ့အချိန်
တုန်းက..ဒီလင်းဆုံးသွားတော့..ကျွန်တော် ဆောက်တည်ရာမရ..ဖြစ်နေခဲ့တယ်လေ..တစ်ယောက်တည်း..ကားတစ်စီးနဲ့..လေလွင့်နေခဲ့တယ်.ကုန်ကုန်ပြောရရင်ဗျာ..ကျွန်တော် ဆေးစွဲခဲ့တဲ့ အဆင့်ထိကိုရောက်သွားခဲ့တယ်..တစ်ယောက်တည်း.မြို့ပြင်မှာ..ဆေးချတယ်..တစ်ညမှာပေါ့..ကျွန်တော့်ဆေးချနေတုန်း..ကျွန်တော့်ကို ရိုက်ပြီး..ကျွန်တော်လက်မှာဝတ်ထားတဲ့..အမေ့ရဲ့လက်စွပ်လေးရယ်.တခြားတန်ဖိုးကြီးပစ္စည်းတွေကို.ယူပြီး..ကားကိုပါမောင်းပြေးသွားတယ်လေ..အဟက်..ရယ်စရာမကောင်းဘူးလား..အဲ့သူခိုးမောင်းပြေးသွားတဲ့ကားက..ချောက်ထဲထိုးကျပြီး.ကားမီးလောင်သွားရတယ်လို့..အဟား...အဟား...ဟား...""
ရှည်လျားစွာပြောရင်း...ဟားတိုက်ရယ်မောနေသော..ခါးသက်မိုးကို.ယလွန်း..နားမလည်ဟန်နဲ့ငေးစိုက်ကြည့်နေမိ၏။
""အဲ့ဒါဆိုရင်..မင်းဘာဖြစ်လို့..သူတို့ကို မရှင်းပြခဲ့ရတာလဲ..ကားထဲမှာ ရှိနေခဲ့တဲ့သူက.မင်းမဟုတ်ဘူးဆိုတာကို.ဘာဖြစ်လို့..ဖြေရှင်းချက်မထုတ်ခဲ့ရတာလဲ...""
""အစကတော့ ဖြေရှင်းချက်ပေးမလို့ဘဲ..နောက်တော့ စဉ်းစားကြည့်မိတယ်..ကျွန်တော်သေသွားရင်လဲ..ဘယ်သူကမှ ဝမ်းနည်းနေမှာမဟုတ်ဘူးလေ..
နောက်ပြီး..ကျွန်တော်သေသလားရှင်သလားလဲ..သူတို့တွေ စိတ်ဝင်စားမှာလဲမဟုတ်ဘူး..အဲ့တော့.
.ကျွန်တော်.အသိတချို့ရဲ့အကူညီနဲ့.အဝေးကိုထွက်သွားခဲ့တယ်..
နေ့စဉ်နေ့တိုင်း..ကျွန်တော်ရင်ထဲမှာ.
ပေါက်ဖွားလာတဲ့အမုန်းတရားတွေနဲ့အတူ...လက်စားခြေဖို့.ရင်ထဲငြိုးနေခဲ့တယ်..""
ခါးသက်မိုးက လွန်းကိုစူးရဲစွာစိုက်ကြည့်လာ၏။ သူ့အကြည့်တွေက..လွန်း.ရင်ထဲက ကြောက်စိတ်တွေကို လှုပ်နိုးနေသလို..။
""ကိုလွန်း..ကြားဖူးလား..ခဲတစ်လုံးတည်းနဲ့..ငှက်နှစ်ကောင်ပစ်တယ်ဆိုတာကိုလေ.ကျွန်တော်အတွက်တော့.အရမ်းမှန်တယ်..""
ခါးသက်မိုးကတစ်လုံးချင်းပြောရင်း..လွန်းအနားကို တိုးကပ်လို့ လာခဲ့၏။ လွန်းရင်ထဲ ထိတ်လန့်မှုတွေနဲ့အတူ..အနောက်ကို ဆုတ်လိုက်သည်။
ခါးသက်က.လွန်းရဲ့.လက်နှစ်ဘက်ကို..ဆတ်ခနဲ့..ဆွဲဖမ်းချုပ်လိုက်ပြီး..
""အခုကစပြီး..ကျွန်တော်ဘက်ကနေ..ကစားပွဲစပြီ..ကိုလွန်း..ခင်ဗျားနဲ့.သူ..ပေးဆပ်ဖို့အတွက်ကိုသာ..ပြင်ဆင်ထားပေတော့..""
ခါးသက်မိုးက အေးစက်စွာပြောပြီး..လွန်းရဲ့နုတ်ခမ်းတွေကို..မညှာမတာ..ခပ်ကြမ်းကြမ်းနမ်းရှိုက်လေတော့သည်။
လွန်း..အတင်းရုန်းသည်.။မရ..။ခါးသက်က..လွန်းရဲ့ကိုယ်ကို.နံရံမှာဖိကပ်ထားပြီး..သူ့လက်တစ်ဘက်တည်းနဲ့.လွန်းရဲ့လက်နှစ်ဘက်ကို
အပေါ်ကိုမြှောက်ထားပြီး
ချုပ်ကိုင်ထားလေသည်။
သူရဲ့ကျန်လက်တစ်ဘက်က..လွန်း.ရဲ့ပါးနှစ်ဖက်ကို ခပ်ကြမ်းကြမ်း..ဖိကိုင်ထားသည်။နောက်ပြီး..လွန်းရဲ့ခြေထောက်တွေကိုလည်း..သူ့ရဲ့ခြေထောက်နှစ်ဘက်နဲ့ညှပ်ပြီးချုပ်ထားပြန်၏။
လှုပ်လို့မရအောင်.ဖမ်းချုပ်ထားပြီး..လွန်းရဲ့နုတ်ခမ်းတွေကို..ခပ်ကြမ်းကြမ်းနမ်းရှိုက်နေ၏။လွန်း.ဘာမှ နားမလည်တော့ဘူး..။သူက ဘယ်သူ့ကိုလက်စားခြေချင်နေတာလဲ..။ လွန်းနဲ့ကဘာဆိုင်လို့လဲ..။လွန်းဘာဆိုဘာမှတွေးလို့မရ..။သူ့ရဲ့အနမ်းကြမ်းတွေအောက်မှာ လူကမွန်းကြပ်နေပြီ..။လွန်းရဲ့နုတ်ခမ်းတွေလဲ..နာကျင်နေပြီ..။သူအားရအောင် နမ်းရှိုပ်ပြီးမှာ.အနမ်းတွေကို ရပ်တန့်လိုက်၏။
""အဟက်..ကျွန်တော်က..ခင်ဗျားရဲ့နုတ်ခမ်းတွေကို.ချိုမယ်လို့.ထင်ထားတာ..ဒီလင်း.ရဲ့နုတ်ခမ်းလေးလောက်တောင်မှ.မချိုဘူး..""
ခါးသက်ထိုသို့ပြောပြီး..လွန်းကိုယ်လေးကို.ကြမ်းပြင်ပေါ်သို့..တွန်းလှဲပစ်လိုက်၏။ကြမ်းပြင်ပေါ်လှဲကျသွားတဲ့လွန်းကို ကြည့်ရင်း
""ဒါ..အခုမှ အစဘဲရှိသေးတာနော်..ကစားပွဲတွေ အများကြီးကျန်သေးတယ်..""
ခါးသက်ပြောပြီး..လှည့်ထွက်သွားလေသည်။ခါးသက်ရဲ့ ကျောပြင်ကို လွန်း.ငေးစိုက်ကြည့်ရင်း..သူခပ်ကြမ်းကြမ်းနမ်းရှိုက်သွားတဲ့ နုတ်ခမ်းလေးကို.လက်နဲ့ပွတ်လိုက်တော့..လွန်းရဲ့လက်မှာ သွေးစလေးတွေကပ်ပါလာလေသည်။ လွန်းရဲ့ယောက်ျားဆိုတဲ့.မာနတွေကို..ခါးသက်က.တစ်ခါတည်း..နင်းခြေသွားသလိုမျိုးလဲ..လွန်းခံစားလိုက်ရသည်။ပါးပြင်ပေါ်.ပေါက်ခနဲ့ ကြွေဆင်းလာတဲ့.မျက်ရည်စတွေကို.ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး..
""လွန်းပုံရိပ်..မင်း.ဒီလောက်လေးနဲ့..အဖြစ်သည်းမနေနဲ့..မင်းက..ယောက်ျားလေးတစ်ဦးနော်...စိတ်ဓာတ်ကို ခိုင်ခိုင်ထားစမ်းပါ..ခါးသက်မိုး..မင်း.လုပ်ချင်တိုင်းလုပ်ရအောင်ငါက.မင်းရဲ့အရုပ်မဟုတ်ဘူးကွ..တောက်စ်..""
❤❤❤
အပိုင်း🍓၁၃🍓မျှော်ပေးကြဦးနော်.။ဦးကတိမတည်နိုင်တော့လို့.ခွင့်လွှတ်ပေးကြ🙏။😁 ၂ပိုင်းဘယ်လိုမှကို မပြီးနိုင်လို့နော် 😘😘😘။
🍉ညှို့စက်ကွင်း🍉
YOU ARE READING
ဝိုးတဝါးအိမျမကျ
Romanceစာရေးသူ.ညှို့စက်ကွင်း.ရဲ့ဇာတ်လမ်းလေးပါ.. ယူနီနဲ့ရောဇော်ဂျီနဲ့ပါ တင်ပေးထားပါသည်။ စာရေးသူ.ညှို့စက်ကွင်း.ရဲ့ဇာတ်လမ်းလေးပါ.. ယူနီနဲ့ရောဇော်ဂျီနဲ့ပါ တင်ပေးထားပါသည်။ Completed