💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၁၆)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
လွန်းကို..အိပ်ဆေးတစ်လုံးထိုးပေးပြီး..လွန်းရဲ့အခန်းထဲမှာဘဲ..ခါးသက်..သိပ်ထားလိုက်သည်။
ထိုနေ့ညက..အိမ်ကိုပြန်လာတဲ့..ထစ်ချုန်းကို..လွန်းအခန်းထဲ မဝင်ရအောင်..အန်တီသက်နဲ့.ဦးလေးရာပြည့်တို့နှစ်ယောက်..နည်းမျိုးစုံသုံးပြီးဟန့်တားခဲ့လေသည်။
ထစ်ချုန်းလဲ..အဘိုးဖြစ်သူ၏.ဖိအားပေးမှုတွေ.ကြောင့်..မွန်းကြပ်နေရလေသည်။ သူလွန်းကို.အဆုံးရှုံးမခံနိုင်ဘူး..။နောက်ပြီး..အဘိုးကိုလဲ..အာမခံနိုင်ဘူး..။ထစ်ချုန်း..ဝရံတာဘက်မှာ..ထိုင်ရင်း..ဝီစကီတစ်ခွက်ကို..မော့သောက်နေမိသည်။
.ထိုအချိန်.ပန်းပင်တွေကြားမှာ.လှုပ်ရှားသွားသည့်..အရိပ်တစ်ခုကြောင့်..သူ.အာရုံစိုက်ပြီးကြည့်လိုက်တော့..သူရဲ့မျက်ဝန်းစုံဟာ..ပြူးကျယ်လို့.သွားရလေပြီ..။
""ဟင်...ခါးသက်မိုး..""
ဒါဆို...လွန်းပြောနေတာတွေက..အမှန်ပေါ့..။ခါးသက်မိုး..သူမသေသေးဘူးဘဲ..။တောက်စ်...ဦးလေးရာပြည့်တို့..လုပ်ရက်လိုက်ကြတာ..။
ကျွန်တော်ကို သစ္စာဖောက်ဝံ့ကြတယ်ပေါ့လေ..။အံ့ကိုကြိတ်ရင်း..ရင်ထဲခံပြင်းစိတ်တွေက.တဖွားဖွား..။
""လွန်း...""
ထစ်ချုန်းရင်ထဲ.အပူလှိုင်းတချို့တို့.ဖြတ်သန်းသွားလေသည်။
လွန်း.ကို.သူတို့တစ်ခုခု.လုပ်ထားလို့..
ငါ့နဲ့ပေးမတွေ့တာဘဲ.ဖြစ်ရမယ်..။
ထစ်ချုန်းမိုး..မင်းကလေ..တကယ့်ကို..ငတုံးဘဲ..။
ထစ်ချုန်း..လွန်းအခန်းဘက်ကိုထွက်လာတော့..လွန်းအခန်းရှေ့မှာ..အရန်သင့်စောင့်ဆိုင်းနေသည့်..ဦးလေးရာပြည့်နဲ့ထိပ်တိုက်ဆုံလေသည်။
""ဟို..သခင်လေး..တူလေးလွန်းက.ဒီနေ့ပင်ပန်း..""
""တော်ပါတော့..ဘယ်အချိန်ထိ..ကျွန်တော်ကို..လိမ်ဖို့ကြိုးစားနေတာလဲ..ဦးလေးရာပြည့်..လွန်းကို..ခင်ဗျားတို့..ဘာတွေလုပ်ထားလို့..ကျွန်တော်နဲ့.မတွေ့ခံနိုင်အောင်ဖြစ်နေရတာလဲ..""
ဦးလေးရာပြည့်စကားမဆုံးခင်..ထစ်ချုန်း..ဒေါသတကြီးနဲ့.အော်မေးသည်။ ဦးလေးရာပြည့်..မျက်နှာပျက်ယွင်းသွားကာ..
ထပ်မံလိမ်ဖို့ကြိုးစားလေသည်။
""တော်ပါတော့...ဦးလေးရာပြည့်ရဲ့
အလိမ်ညာစကားတွေကို.မကြားချင်တော့ဘူး..ခါးသက်မိုး..အဲ့ဒီအကောင်မသေသေးဖူးမလား...အဲ့ကောင်က..
ဘာဖြစ်လို့..သေချင်ယောင်ဆောင်နေရတာလဲ..""
ထစ်ချုန်း.၏အမေးစကားကြောင့်..ဦးလေးရာပြည့်၏မျက်လုံးအစုံက..ပြူးကျယ်လို့သွားလေသည်။
""သ..သခင်လေး..ဦးလေးတို့.တမင်လိမ်ညာခဲ့တာ..မဟုတ်ရပါဘူး..""
""အဟက်..တမင်လိမ်ညာတာမဟုတ်ပါဘူးတဲ့လား..၄နှစ်လုံးလုံး..ရေငုံနုတ်ပိတ်လာခဲ့ပြီးမှ..လူသိသွားတော့..တမင်လိမ်ညာတာမဟုတ်ပါဘူးတဲ့လား..အရမ်းကိုရယ်ရတဲ့ ပြက်လုံးတစ်ပုဒ်ဘဲနော်..""
ထစ်ချုန်း.ခနဲ့တဲ့တဲ့ဆိုရင်.လွန်းအခန်းတံခါးကို..ဖွင့်လိုက်သည်။
""သြော်..လွန်းသာ..တစ်ခုခုဖြစ်ကြည့်..ခင်ဗျားတို့ကို..ကျွန်တော်အလွတ်မပေးဘူး..""
ထစ်ချုန်း.ကြိမ်းဝါးလိုက်ပြီး..အခန်းထဲကို..ဝင်လာခဲ့သည်။
. အိပ်ရာထက်မှာ..လှဲလှောင်းနေသည့်..လွန်းကို.လှမ်းကြည့်လိုက်တော့..ထစ်ချုန်း.ရင်ထဲ..နာကျင်သွားရလေပြီ..။
""လွန်းကို..အဲ့ဒီအကောင်..နှိပ်စက်ထားတာလား..သူက.ဘာဆိုင်လို့..လွန်းကို..နှိပ်စက်ရတာလဲ..""
အနည်းငယ်ဖူးယောင်နေသည့်..လွန်းရဲ့ပါးပြင်ကြောင့်..ထစ့်ချုန်းရင်ထဲက.ဒေါသတွေ.အတိုင်းအဆမရှိပေါက်ကွဲထွက်ကုန်သည်။
ဦးလေးရာပြည့်လဲ..မနေနိုင်တော့ဘဲ..ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်လေသည်။ ထစ်ချုန်း..ဦးလေးရာပြည့်ရှင်းပြနေသည့်..အကြောင်းရာများကို..တအံ့တသြနဲ့ နားစိုက်ထောင်နေလေသည်။
""ဘာ..လွန်ခဲ့တဲ့.၄နှစ်တုန်းက..ခါးသက်မိုး.တို့.ကားကို.ဝင်တိုက်ခဲ့တဲ့သူက..လွန်းပေါ့..ဟုတ်လား..""
""ဟုတ်ပါတယ် သခင်လေး..""
""သူတို့ကားကို...လွန်းဝင်တိုက်ခဲ့တယ်ဆိုတာကလဲ..တမင်ဝင်တိုက်ခဲ့တာမှမဟုတ်တာ...မတော်တဆ ဖြစ်ခဲ့တာလေ...အဲ့ဒါ..လွန်းကြောင့်ဆိုပြီးတော့..လွန်းအပေါ်.မှာ.အပြစ်တင်လို့မှ..မရတာ..""
ထစ်ချုန်း..အော်ပြောရင်း..လွန်းကို.ဂရုဏာသက်စွာငေးစိုက်ကြည့်နေမိသည်။
,""လွန်းကို..သူနောက်ထပ်..လက်ဖျားနဲ့တောင်.မထိစေရဘူး..စိတ်ချ..လွန်းကို.အစ်ကို.ကာကွယ်ပေးမယ်..လွန်းကို.ဘယ်သူကမှ.ဒုက္ခမပေးစေရဘူး.""
ထစ်ချုန်း..နုတ်ကနေ တဖွဖွပြောရင်း...လွန်းရဲ့ဘေးနားဝင်လှဲလိုက်ကာ..လွန်းရဲ့ကိုယ်လေးကို.ရင်ခွင်ဆွဲသွင်းပြီး.ဖက်ထားလိုက်၏။နဖူးလေးကို.တယုတယနဲ့နမ်းရှိုက်လိုက်ရင်း
..ထစ်ချုန်း.တစ်စုံတစ်ခုကို..ခိုင်မာစွာ.ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။
🍀🍀🍀
""ခင်ဗျား.ဘာဖြစ်လို့..ကျွန်တော့်ကိုသတ်ရတာလဲ.""
""ဟင်..""
နားထဲတိုးဝင်လာသည့်..အသံသဲ့သဲ့ကြောင့်..လွန်း မျက်လုံးဖွင့်ကြည့်လိုက်သည်။သူ့အခန်းရဲ့ထောင့်တစ်နေရာမှာ..လူတစ်ယောက်ရပ်နေသည်။
""ဘာဖြစ်လို့လဲ...ဘာဖြစ်လို့လဲ..ဘာဖြစ်လို့..ကျွန်တော့်ကိုသတ်ခဲ့ရတာလဲဟင်..ဘာဖြစ်လို့လဲ..""
တရွေ့ရွေ့နဲ့.လွန်းအနားကိုတိုးကပ်လာသည့်သူ..။.ထိုသူက..လွန်း..ခါးသက်မိုးနေတဲ့.သစ်လုံးအိမ်ထဲမှာ.တွေ့ခဲ့ရတဲ့.ဓာတ်ပုံထဲကသူ..။Dလင်းသာ..။မျက်နှာတစ်ခုလုံးဖြူဖျော့နေပြီး. ဒေါသမျက်ဝန်းများနှင့်.လွန်းကို စိုက်ကြည့်နေရင်း.တရွေ့ရွေ့တိုးလာနေသည်။
""ဟင့်အင်း..ငါမင်းကို.တမင်ရည်ရွယ်ပြီး..သတ်ခဲ့တာမဟုတ်ပါဘူး..
မတော်တဆဖြစ်ခဲ့တာပါ..ငါတောင်းပန်ပါတယ်...ငါတကယ်တောင်းပန်ပါတယ်..ငါတမင်.မင်းကိုသတ်ခဲ့တာမဟုတ်ပါဘူး..""
လွန်း.ထိတ်လန့်တုန်လှုပ်စွာ..တောင်းပန်စကားတို့ကိုသာ.တွင်တွင်ဆိုရင်..ငိုကြွေးနေမိ၏။
""ခင်ဗျား..ကျွန်တော့်ကို.သတ်ခဲ့သလိုမျိုး..ကျွန်တော်လဲ..ခင်ဗျားကို.ပြန်သတ်ရမှ.ကျေနပ်နိုင်မယ်.""
ဟု.အာခေါင်ခြစ်ပြီး..အော်ဟစ်ပြောဆိုကာ..လွန်းဆီကို.ဒေါသတကြီး.ပြေးဝင်လာပြီး..လွန်း၏လည်မြိုကို..သူ့၏လက်နှစ်ဘက်နဲ့..အားကုန်.ညှစ်ချလိုက်လေသည်.။
""အား..""
""လွန်း...လွန်း..""
အိမ်မက်ယောင်ရင်း..ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်..လွန်းကိုယ်လေးကို.ထစ်ချုန်းဖမ်းချုပ်လိုက်ပြီး..လွန်းနုတ်ခမ်းလေးတွေကို.နမ်းရှိုက်ရင်း.လွန်းကို.အိမ်မက်ဆိုးများထဲကနေ.ဆွဲထုတ်လိုက်လေသည်။.
""အစ်ကို..""
လွန်း.အိမ်မက်ဆိုးကနေ နိုးထလာတော့..လွန်းကို.ဖက်ထားတဲ့ အစ်ကိုကြောင့်..လွန်း လုံခြုံသွားသလိုမျိုး.ခံစားလိုက်ရသည်။
အစ်ကိုရင်ခွင်ထဲ..ခေါင်းလေးတိုးဝင်ပြီး..ကလေးငယ်လေးတစ်ဦးလို့..လွန်း..သည်းထန်စွာငိုကြွေးနေမိသည်။ လွန်း လူတစ်ယောက်ကို.သတ်ခဲ့မိတယ် ဆိုတဲ့.အသိကြီးနဲ့..လွန်းဘယ်လို..ရှေ့ဆက်ရမယ်မှန်းမသိတော့..။အတိတ်က အရိပ်ဆိုးတွေက..လွန်းကို.အမြဲတစေ.ခြောက်လန့်နေမှာက.အမှန်..။
ထစ်ချုန်း..လွန်းရဲ့ကျောပြင်လေးကို
ပွတ်သပ်ပေးလိုက်တယ်..။လွန်းလဲ..အစ်ကို့ကို.တင်းကြပ်နေအောင်.ဖက်ပြီး.ငိုကြွေးနေမိတယ်.။
နောက်တော့.မျက်ရည်တွေအတူနဲ့.လွန်းငိုရတာမောပြီး..အိပ်ပျော်သွားလေတော့သည်။
🍀🍀🍀
""လွန်းကို..အစ်ကိုနဲ့အတူ.ခေါ်သွားမယ်..လွန်းကို..
ဒီမှာ..တစ်ယောက်တည်း..အစ်ကိုမထားရစ်ခဲ့နိုင်ဘူး..နောက်ပြီး..လွန်းကို.အစ်ကိုမယုံကြည်ပေးမိတဲ့အတွက်တောင်းပန်ပါတယ်နော်..""
""ဟုတ်ကဲ့..ရပါတယ်..အစ်ကို..""
ထစ်ချုန်း..လွန်းပါးပြင်လေးကို.မြတ်နိုးစွာနမ်းရှိုက်လိုက်သည်။
လွန်းကို.ဧကရာဇ်နန်းမြိုင်စံအိမ်တော်ကြီးကနေ..ထစ်ချုန်း.ခေါ်ထုတ်လာခဲ့သည်။.သူနာမည်နဲ့.ဝယ်ထားသည့်..ကွန်ဒိုတိုက်ခန်းဆီကို.ခေါ်သွားလေသည်။
"လွန်း.အစ်ကို့ကိုယုံလား..""
လွန်း..ထစ်ချုန်းကိုကြည့်ရင်း.ခေါင်းညိတ်ပြလိုက်သည်။
""လွန်း..အစ်ကိုခေါ်ရာနောက်ကို.လိုက်မှာလား..လွန်းနဲ့အစ်ကိုတို့နှစ်ယောက်..ခါးသက်မိုးနဲ့ဝေးရာ..တစ်နေရာကို..ထွက်သွားကြမယ်လေ""
""လွန်းတို့..အဲ့လိုထွက်ပြေးသွားရင်..သူ့အတွက်.တရားပါ့မလား.""
""လွန်း..သူက..လွန်းနဲ့အစ်ကို့ကို.ဒုက္ခပေးမဲ့သူလေ..""
""ဒါပေမယ့်..လွန်းတို့က..သူ့အပေါ်မှာ.မတရားခဲ့ဘူးလေ..အစ်ကိုက.သူနဲ့Dလင်းသာကို.ရှင်ကွဲ.ကွဲအောင်.ခွဲခဲ့တဲ့သူ...လွန်းကကျတော့..သူနဲ့Dလင်းသာကို..သေကွဲကွဲအောင်..ခွဲခဲ့မိတဲ့သူလေ..""
လွန်း.ရှိုက်သံလေးနဲ့ဆိုလိုက်တော့ ထစ်ချုန်း..ခေါင်းကိုခါရမ်းကာ..
""ဒါပေမယ့်..လွန်းက..တမင်သက်သက်..သူချစ်သူကို.သတ်ခဲ့တာမှ..မဟုတ်တာ..အဲ့ဒီအတွက်နဲ့..လွန်း.ကိုယ့်ကိုယ်ကို..အပြစ်တွေ.မတင်ပါနဲ့တော့ကွာ..သေသွားတဲ့သူကလဲသေသွားပြီးပြီဘဲလေ.လွန်းကိုယ့်ကိုယ်ကို.အပြစ်တင်နေလို့လဲသူက..ပြန်ရှင်လာနိုင်တာမှမဟုတ်တာ..မေ့ပစ်လိုက်ပါတော့နော်..""
ထစ်ချုန်းဆိုရင်း.လွန်းကိုယ်လေးကိုတင်းကြပ်နေအောင်ဖက်ထားလိုက်သည်။
မေ့ပစ်လိုက်တော့ ဆိုတဲ့စကားက.ပြောရတာသာလွယ်တာပါ အစ်ကို.။တကယ်မေ့ပစ်ဖို့ကတော့ ခက်တယ် ။အထူးသဖြင့်..ကိုယ်ကျူးလွန်ခဲ့မိတဲ့ ပြစ်မှုတွေက..ပိုဆိုးပါတယ်..။တစ်ချိန်လုံး..အရိပ်မဲကြီးတွေလို.အနောက်နေလိုက်ပြီး..အချိန်ပြည့်..ခြောက်လန့်နေကြတာလေ..။
လွန်း.ခါးသက်မိုးနဲ့ဝေးရာကို...ထွက်သွားလဲ..။လွန်းရဲ့.အတိတ်က.အရိပ်မဲကြီးက..ခြောက်လန့်နေဦးမှာဘဲ..အစ်ကို..။
လွန်းထွက်မပြေးဘဲ...။ခါးသက်မိုးပေးအပ်လာမဲ့...ပြစ်ဒဏ်ကိုဘဲ.ခါးစည်းခံလိုက်ရတာက.ပိုကောင်းမယ်ထင်ပါတယ်. ။နောက်ဆုံးကုန်ကုန်ပြောရရင်..လွန်းရဲ့အသက်ကို.သူတောင်းဆိုလာရင်တောင်.လွန်းပေးဖို့.အသင့်ပြင်ထားပြီးသားပါအစ်ကို..။
တောင်းပန်ပါတယ် အစ်ကို..။
လွန်း.တစ်ကိုယ်ဆန်ဆန်နဲ့.ဒီကိစ္စကြီးကို...မျက်နှာမလွဲခဲ့ချင်ဘူး..။လွန်ခဲ့တဲ့.၄နှစ်တုန်းက..လွန်းတို့တွေ..
ခါးသက်မိုးအပေါ်မှာ ရက်စက်စွာနဲ့.ဒဏ်ရာတွေကိုဘဲ..ထပ်ခါထပ်ခါ..
ပေးခဲ့မိတယ် ။အထီးကျန်ဆန်ပြီးမှောင်မိုက်နေရှာတဲ့.သူ့ဘဝရဲ့..
တစ်ခုတည်းသော.အလင်းရောင်ကို..လွန်း.ဖျက်ဆီးခဲ့မိတယ်..။
လွန်း.သိသိကြီးနဲ့..နောက်ထပ်တစ်ခါ..သူ့ကို.ဒဏ်ရာတွေနဲ့မထားရစ်ခဲ့နိုင်ဘူး..အစ်ကို..။လွန်း.လိပ်ပြာသန့်သန့်နဲ့..သူပေးအပ်လာမဲ့.ပြစ်ဒဏ်ကိုဘဲ..ခံယူလိုက်တော့မယ်.။
🍀🍀🍀
ထစ်ချုန်း..သူ့ရဲ့အကြံစည်တွေကို.အမြန်ဆုံး.အကောင်ထည်ဖော်ရန်.အတွက်စီစဥ်လိုက်လေသည်။
အဘိုးရဲ့ အကြပ်ကိုင်မှုတွေ
ကြားထဲမှာ..လူက မွန်းကြပ်နေရတဲ့ကြားတဲ့..ခါးသက်မိုးဆိုတဲ့ အရှုပ်ထုတ်လေးက.ပေါ်လာပြန်သေးသည်။
နောက်ထပ်ပိုပြီး..စိတ်ရှုပ်စေသည့်အရာက..လွန်းကြောင့်..သူ့ရဲ့ချစ်သူ.
သေဆုံးသွားရတဲ့ကိစ္စ...။ အရေးမပါတဲ့ လက်စားခြေမှုတွေအတူ..မိမိနဲ့လွန်းကို.ခွဲဖို့ကြံစည်နေတာတဲ့လား..။
ဟင့်အင်း..လွန်း.နဲ့သူ့ကို.ဘယ်သူကမှ.လာပြီးခွဲလို့မရစေရဘူး..။
သူတို့နဲ့ဝေးရာ..ဘန်ကောက်မြို့ရဲ့တစ်နေရာဆီကို..လွန်းကိုခေါ်ပြီး.သူထွက်သွားဖို့ရန်အတွက်ကို သူစီစဥ်ထားပြီးသားဖြစ်သည်။ချစ်တယ်လွန်း..။မင်းကို.အစ်ကိုအဆုံးရှုံးမခံနိုင်ဘူး..။ မင်းက.အစ်ကိုပထမဦးဆုံးနဲ့နောက်ဆုံးချစ်ခဲ့ရတဲ့သူတစ်ဦးပါ..။
တောင်းပန်ပါတယ်..ကျွန်တော်ဘဝထဲကနေ နောက်ထပ် ကျွန်တော်ချစ်ရတဲ့သူတွေကို...ဆွဲထုတ်မသွားကြပါနဲ့ဗျာ..။
😢😢😢
အပိုင်း🍓၁၇🍓မျှော်ပေးကြဦးမှာလားဟင်..။ ခံစားချက်လေးတွေကို.မန့်ခဲ့ကြဦးနော်..။ဦးကတောစာလုံးရေတွေအများကြီး.ရေးပေးထားရတာ..။
စာရိုက်ပျင်းလို့ဆိုပြီး.မမန့်ဘဲမနေကြနဲ့ဦး..။မနက်ဖြန်.မတင်ဘဲ ပစ်ထားလိုက်မှာဗျာ့...ဟွန့်😒။
⭐ ညှို့စက်ကွင်း⭐
YOU ARE READING
ဝိုးတဝါးအိမ်မက်
Romanceစာရေးသူ.ညှို့စက်ကွင်း.ရဲ့ဇာတ်လမ်းလေးပါ.. ယူနီနဲ့ရောဇော်ဂျီနဲ့ပါ တင်ပေးထားပါသည်။ စာရေးသူ.ညှို့စက်ကွင်း.ရဲ့ဇာတ်လမ်းလေးပါ.. ယူနီနဲ့ရောဇော်ဂျီနဲ့ပါ တင်ပေးထားပါသည်။ Completed