To Readers

53.1K 2.7K 38
                                    


Unicode

ဒီဇာတ်လမ်းက တကယ့်အထောက်ထားရှိတဲ့ သမိုင်းနောက်ခံတွေအပြင် ပါးစပ်ရာဇဝင်တွင်ခဲ့တဲ့ သမိုင်းတွေကိုပြန်လည်ရေးဖွဲ့တာမျိုးမဟုတ်ဘဲ ကျွန်တော် ဖန်တီးထားသော ဇာတ်ကောင်မှ ထိုသမိုင်းအကြောင်းအရာများထဲတွင် ရှင်သန်လာခြင်းသဘောမျိုးပါ။

ပါဝင်တဲ့ အဓိက ဇာတ်ကောင် နှစ်ယောက်ကတော့ ကျွန်တော့်စိတ်ကူးဖြစ်ပြီး ပတ်ဝန်းကျင်အနေအထားနဲ့ အုပ်စိုးတဲ့မင်းတွေ ၊ ခေတ်တွေကတော့ တကယ့်အစစ်တွေကို ရှာထားပါတယ်။ ရှာထားတဲ့သမိုင်းကိုးကားစာအုပ်တွေက
-နေထွက် ( မန္တလေးအဘိဓာန်)
-နတ်မောက်ထွန်းရှိန် (၁၉၉၄)ဇွန်- ယနေ့ မန္တလေး
-မြန်မာစွယ်စုံကျမ်း အတွဲ(၉)၊(၁၃)၊(၁၁)
-ဦးဗိုကေ (ပုဂံသုသေသနလမ်းညွှန်)
-တင်နိုင်တိုး (ပုဂံစေတီပုထိုးများသမိုင်း)
တခြားလိုအပ်သည်များကို ကီဝီပီဒီးယားမှ ရှာထားခြင်းဖြစ်ပါတယ်။

နောက်တစ်ချက်က ဒီ fic လေးကို ဖတ်ဖို့ဆိုရင် ယုံကြည်ပေးဖို့ လိုပါမယ် ။ ဘာကိုလဲ ဆိုရင်

အစောင့်ရှောက်ဆိုတာမျိုး ၊ နောက်ပြီး အပိုင်စားနယ်မြေပေးတာတွေ။ နတ်တွေပါပေမယ့် တချို့ နတ်မကိုးကွယ်တဲ့လူတွေရှိတယ် ။

အစောင့်မှာ နှစ်မျိုးရှိတယ် (ဒါ ကျွန်တော် နားလည်သလောက်)

ရှင်းရှင်းပြောရရင် သရဲတစ္ဆေကိုတော့  ယုံနိုင်တယ်မလား။ မကျွတ်မလွတ်တာမျိုးတွေ။ အဲ့သရဲတွေက အစွဲကြောင့် အဲ့နေရာမှာ မကျွတ်နိုင်တာ။ လူအစားလဲနိုင်တာ ရှိတယ် လုပ်ပိုင်ခွင့်လည်း နည်းတယ် ။ အထူးသဖြင့်တော့ သူ့နေရာလာရင် ခြောက်လန့်ရုံပေါ့။

အပိုင်စားကျ မတူတော့ဘူး
လူစကားနဲ့ဆို သူတို့ကမြင့်တယ်၊ နယ်မြေလည်းကျယ်တယ် လုပ်ပိုင်ခွင့်လည်းများတယ်။သူ့နေရာဆိုပြီး သတ်မှတ်ပေးထားတဲ​့ နယ်မြေအပိုင်း အထူးသဖြင့်တော့ ရှေးခေတ်က မင်းတွေက သတ်မှတ်ပေးတာများတယ်။

ဒီလောက်ဆိုရင် နည်းနည်းတော့ ရှင်းလောက်ပြီထင်ပါတယ် ။ ဇာတ်လမ်းကို ဖတ်ရင်းနဲ့ သေချာသဘောပေါက်သွားမှာပါ။  အဓိကမန္တလေးသမိုင်းနဲ့ ပုဂံသမိုင်း။ 

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Where stories live. Discover now