Zawgyi
"သား ကျန့်ကျန့် ပြန်လာပြီလား"
"......."
ဖြေသံမကြားတာကြောင့် ယွိမေ ရှောင်ကျန့်အနားသွားကာ ....။
"သားလေး ဘာဖြစ်လာတာလဲ စိတ်နဲ့လူနဲ့မကပ်သလိုပဲ"
"မယ်မယ်"
"ဟင် ပြောလေ သားလေး"
"သား ဒီနေ့ မင်းကြီးနဲ့တွေ့ခဲ့တယ်"
"ဟမ် ဘယ်လို!!"
ရှောင်ကျန့် ဖြစ်ကြောင်းကုန်ဆင်ပြောပြလိုက်တော့....။
"ဟင်းးးးးငါ့သားလေးကတော့ ပထမဆုံးအပြင်ထွက်တဲ့နေ့မှာကံဆိုးတာလားကံကောင်းတာလားပဲ...."
"သား လက်ခံလိုက်တယ် မယ်မယ် မဟုတ်ရင်....."
"အင်းပါ သားလက်ခံလိုက်တာမှန်ပါတယ် မင်းကြီး အမိန့်ကိုလွန်ဆန်လို့မှမရဘဲ"
"ဒါပေမယ့် ပါးပါး...."
"သားပါးပါးကို မယ်မယ့်တာဝန်ထား ဟုတ်ပြီလား"
"ကျေးဇူးပါမယ်မယ်"
ရှောင်ကျန့် ယွိမေရင်ခွင်ထဲတိုးဝင်မိသည်။
၂၇နှစ်အရွယ် ရှောင်ကျန့် က ယွိမေအတွက်တော့ ကလေးလေးပါပဲ။
ငယ်ငယ်ထဲက သူများနဲ့မတူတဲ့ ထူးခြားတဲ့ ကလေးဖြစ်လို့ ပိုးဥသလိုဥပြီး အပြင်တောင်မထွက်ခိုင်းခဲ့တာ....အခုတော့ ကံကြမ္မာပဲပေါ့...။
(A/N_သူများနဲ့မတူ ထူးခြားတယ်တဲ့နော် ဘာပါလိမ့်💁)
🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰
ရှောင်ကျန့် နန်းတော်အတွင်း ဝင်လာတော့.......မှူးမတ်တစ်ယောက်နှင့်တိုက်မိသည်။
"အ"
"အဆင်ပြေရဲ့လား"
"အင်း ပြေပါတယ်"
"ဒါနဲ့ မင်းက..."
ရှောင်ကျန့် ဦးညွှတ်ကာ....
"ကျနော့်နာမည် ရှောင်းရှောင်ကျန့်ပါ အရှင်မင်းကြီးက အခေါ်တော်လွှတ်ထားလို့.မင်းသားလေးကို စာသင်ဖို့အတွက်"
"အာ ... ဆရာလေးကို"
"ဟုတ်ပါတယ်ဗျ"
"အာ့ဆို ကျနော်နဲ့လိုက်ခဲ့လေ မင်းသားလေးဆီခေါ်ဆောင်ပေးပါ့မယ်"
YOU ARE READING
God-Given(ဘုရားပေးသော)[Complete]
FanfictionYizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။ Yizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။