Zawgyi
ရက်အနည်းငယ်ကြာတော့ ကျန်းနိုင်ငံက မင်းကြီးတို့ဝမ်နိုင်ငံကိုရောက်လာကြသည်။
ရှောင်ကျန့်ကတော့ ဝမ်ရိပေါ်အနားမှာထိုင်ရင်း စိတ်ထဲမတင်မကျဖြစ်နေမိသည်။
"ဝမ်မင်းကြီးကိုဂါရဝပြုပါတယ်.."
ဝမ်နိုင်ငံရဲ့ညီလာခံတွင် ကျန်းနိုင်ငံသားတွေအပြည့်။
"ထိုင်ကြပါ"
"အင်း.....လာရင်းကတော့ အရင်တစ်ခေါက်ကပြောထားတဲ့အတိုင်းပဲ ကျနော်တို့ကျန်းနိုင်ငံနဲ့ ဝမ်နိုင်ငံကိုချစ်ကြည်ရေးယူစေချင်ပါတယ်..."
"အင်း...အဲ့တာဆို...ဘာလို့ချစ်ကြည်ရေးယူချင်တာလဲဆိုတဲ့အကြောင်းလေးပြောပြလို့ရမလား ကျန်းမင်းကြီး"
ဝမ်ရိပေါ်ပြောတော့ မျက်နှာပျက်သွားသော ကျန်းမင်းကြီး..။
ဝမ်ရိပေါ်ပြုံးကာပင်.."ဘာပဲဖြစ်ဖြစ် အကြောင်းအရင်းလေးတော့သိထားသင့်တယ်မဟုတ်လား"
"အဟမ်း ဟုတ်ပါတယ်...တကယ်တော့..ကျနော်တို့ကျန်းနိုင်ငံက ကပ်ဆိုက်နေလို့ပါ"
"ဘယ်လို!!"
ညီလာခံတစ်ခုလုံးအသံတွေဖုံးလွှမ်းသွားသည်။
ရှောင်ကျန့်သည်ပင် အံ့သြသွားရ။"တိတ်ကြစမ်း"
ရိပေါ်ရဲ့တစ်ချက်လွှတ်အမိန့်အောက် အားလုံးငြိမ်သက်လျှက်။
"ဘယ်လိုကပ်ဆိုက်တာလဲ"
"ကျနော်တို့နိုင်ငံမှာ ရောဂါတစ်ခုဖြစ်နေတာ ၁နှစ်ကျော်လောက်ရှိပါပြီ...ဒါပေမယ့် ဘာရောဂါဆိုတာလည်းအဖြေရှာမရသလို..ဘယ်သမားတော်မှလည်းမကုနိုင်ပါဘူး....အဲ့ရောဂါဖြစ်သွားရင်..အသက်ရှူမရဖြစ်ပြီး...သေဆုံးသွားကြပါတယ်"
"......"
အားလုံးကစိတ်ဝင်တစားနားထောင်နေကြသည်မို့ ကျန်းမင်းကြီးကဆက်ပြောသည်။
" အဲ့ရောဂါကအကူးအဆက်လဲမြန်ပါတယ် အဲ့တာကြောင့် အခုဆို ကျန်းနိုင်ငံမှာပြည်သူတော်တော်များများသေဆုံးကုန်ကြပါပြီ...အဲ့တော့ အကြောင်းအရင်းကတော့...ဝမ်နိုင်ငံရဲ့အကူအညီလိုချင်တာပါ"
ESTÁS LEYENDO
God-Given(ဘုရားပေးသော)[Complete]
FanficYizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။ Yizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။