အပိုင်း ၁၀

11.1K 928 44
                                    

Zawgyi

ရိပေါ် တို့ ဝမ်နိုင်ငံကိုပြန်ရောက်လာသည်။

"ဦးရီးတော်....ရှစ်ရွမ်း.."

အသံဆာဆာလေးနဲ့ ပြေးထွက်လာကာ သူတို့နှစ်ယောက်အား ပြေးဖက်သော အားယွမ်လေး...။

"အာ....ရှစ်ရွမ်းရဲ့အားယွမ်းလေး ပျင်းနေတာလား"

"ဟုတ်တာပေါ့..ဦးရီးတော်က.ရှစ်ရွမ်း ကိုအပိုင်သိမ်းထားတာလေ..ဟွန့် သားဆီတောင်မလာခိုင်းဘူး "

အားယွမ်လေးက ရိပေါ်ကိုမျက်စောင်းထိုးကာပြောတော့ နှစ်ယောက်သားရယ်လိုက်ကြသည် ။

"ဟားဟား အားယွမ်လေးရယ် ဦးရီးတော်က မင်းရှစ်ရွမ်းကို ချစ်လို့ပါ"

"တော်ပါ တော်ပါ နောက်မှချစ်...အခုလောလောဆယ် သား ရှစ်ရွမ်းကိုခေါ်သွားမယ်"

"ဟင် ဘယ်ခေါ်သွားမလို့လဲ "

"ကစားမလို့လေ ရှစ်ရွမ်းနဲ့"

"ဟင်....မရဘူး မရဘူး အားယွမ်လေး..မင်းရှစ်ရွမ်း ဗိုက်ထဲမှာ ကလေးလေးရှိနေပြီ....မင်းနဲ့ကစားရင် ဗိုက်ထဲက ကလေးလေးနာသွားမှာပေါ့"

"ဟမ်?ကလေးလေး ဟုတ်လား...ဘယ်မှာလဲဟင်"

"မင်းရှစ်ရွမ်း ဗိုက်ထဲမှာပေါ့"

"ဟုတ်လား...."

အားယွမ်လေးက ရှောင်ကျန့် ဗိုက်ချပ်ချပ်လေးကို လက်ကလေးနဲ့ထိကြည့်သည်။
ထိုနောက် တခ်ခ်နဲ့ရယ်တော့သည်။

"ခ်ခ်  သား..သား ချစ်တယ် ရှစ်ရွမ်း ဗိုက်ထဲက ကလေးလေးကို....အာ့ဆို သား ရှစ်ရွမ်းနဲ့မဆော့တော့ဘူး ကလေးလေးနာသွားမှာစိုးလို့ .. ပြီးတော့ ကလေးလေး မွေးလာရင်...သားယူမှာနော်"

နှုတ်ခမ်းတထော်ထော်နဲ့ စကားတတ်လွန်းတဲ့ အားယွမ်လေးကို ကြည့်ပြီး ရိပေါ်နဲရှောင်ကျန့်မှာအသဲယားနေရသည်။

"ဟုတ်ပါပြီ ....ဒါဆို..အားယွမ်လေး သွားကစားတော့နော်.....မင်းရှစ်ရွမ်း လည်း နားရဦးမယ်"

"ဟုတ်..ဟုတ်ကဲ့  အာ့ဆို သားသွားပြီနော် ရှစ်ရွမ်း.....ကလေးလေး ကိုကိုသွားပြီနော်"

ရှောင်ကျန့် ဗိုက်လေးကိုလက်နဲ့ကိုင်ကာ အားယွမ်လေး ပြောသွားတဲ့စကားကြောင့် ရိပေါ်ရော ရှောင်ကျန့်ပါ ပါးစပ်အဟောင်းသား။
အားယွမ်လေးက သူ့ကိုယ်သူ 'ကိုကို'ဆိုတဲ့နာမ်စားလေးသုံးသွားတာ။
တကယ်အတတ်လေး။

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now