Zawgyi
(Warning⚠)
ရိပေါ် .. ကောကို စိတ်မဆိုးပါဘူး..။ တမင်ချွဲချင်လို့..စိတ်ကောက်ပြလိုက်တာ..။
ကလေးကိုလည်း သူချီထားချင်လို့သာမပေးတာ ။ အဲ့တာကို အတင်းလုနေတာမို့..ပြောရင်းပြောရင်းနဲ့အသံလေးနည်းနည်းကျယ်သွားမိတယ် ။ ဒါကသူ့ရဲ့အမှာပဲ ။ ကောမျက်ဝန်းလေးတွေက..ထိတ်လန့်မှုအပြည့်နဲ့ မျက်ရည်စလေးတွေခိုတွဲလာတယ်။ သူမှားမှန်းသိလိုက်ရပြီ။ အခုတော့ ကောက သူ့ကိုကျောခိုင်းလို့ ပြေးထွက်သွားလေပြီ ။အချိန်မလွန်ခင် အထင်မလွဲရအောင် ရိကျန့်လေးကို အထိန်းတော်ယီနဲ့ ထားခဲ့လိုက်ပြီး,သူကတော့ ကောရဲ့အဆောင်တော်ဆီ။
ရိပေါ် တံခါးမခေါက်တော့ဘဲ တန်းသာဝင်လိုက်သည်။
ထိုအခာ သူ့ကိုကျောခိုင်းပြီးဘေးတစောင်းလှဲနေတဲ့ကောကိုတွေ့သည်။
ရိပေါ်ကုတင်လေးအနားသို့သွားကာ ဝင်ထိုင်လိုက်ပြီး။"ကော...ကျွန်တော့်ကို စိတ်ဆိုးသွားတာလား"
သူပြောတော့ ကောရဲ့ခေါင်းလေးကရမ်းခါပြသည်။
"အာ့ဆိုဘာလို့ငိုနေတာလဲ"
"မငိုပါဘူး"
'မငိုပါဘူး'ဆိုပြီးပြောတဲ့ ကောရဲ့အသံတွေကငိုသံတွေစွတ်နေခဲ့သည်လေ။
"ကော ညာတယ်....
လာပါ ထ"ရိပေါ် ရှောင်ကျန့် ကိုယ်လေးကိုပွေ့ကာထိုင်စေပြီး ရင်ခွင်ထဲကိုထည့်ထားလိုက်သည်။
"ကျွန်တော်တောင်းပန်ပါတယ်..ကျွန်တော်ကောကိုတမင်အော်လိုက်တာမဟုတ်ပာဘူး .. ကျွန်တော်ကကောကိုစချင်လို့"
ရင်ခွင်ထဲက မြတ်နိုးရသူက ဘာမှမပြောဘဲ ငြိမ်သက်နေသည်။
ရိပေါ် ရှောင်ကျန့် မျက်နှာလေးကို မော့စေလိုက်သည်။"အဲ့မျက်ဝန်းလှလှလေးတွေကနေ နောက်ထပ်..မျက်ရည်တွေထပ်မကျစေနဲ့တော့နော်"
"အာ့ဆို ဝမ်လေးလည်း ကောကို နောက်တစ်ခါအဲ့လိုမအော်ပါနဲ့"
နှုတ်ခမ်းလေးတွေက အနည်းငယ်စူထော်ပြီးပြောလာတဲ့ မြတ်နိုးရသူကြောင့် ရိပေါ်က ခပ်တိုးတိုးလေးရယ်သည်။
YOU ARE READING
God-Given(ဘုရားပေးသော)[Complete]
FanfictionYizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။ Yizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။