Zawgyi
"မွ"
"ဖြေးဖြေးနမ်းပါ အားယွမ်ရာ မင်းကလည်း"
ကလေးလေးကို အသည်းတယားနဲ့တအားနမ်းနေသူ အားယွမ်လေးကို ရိပေါ်မနေနိုင်လို့ပြောလိုက်ခြင်း..။
"ဦးရီးတော်ကလည်း ရိ..ရိကျန့်လေးကချစ်ဖို့ကောင်းလို့ပါ..ဘာလဲမကြိုက်တာလား..ဒါမှမဟုတ် သားကိုမချစ်တော့တာလား..သားအခုမှ၅နှစ်ပဲရှိသေးတယ်နော်..တခြားကိုပစ်လိုက်ဖို့မကြိုးစားနဲ့"
စိတ်ထင်ရာပေါက်ကရလျှောက်ပြောနေတဲ့ တူတော်အတတ်လေးကြောင့် ရိပေါ် အားရပါးရရယ်လိုက်ကာ။
"ဟားဟား အားယွမ်ရာ ဦးရီးတော်ကမင်းကိုဘယ်ကိုမှမပစ်ပါဘူး..ရိကျန့်လေးနဲ့တူတူမင်းကိုချစ်ပြီးသား"
"ဟွန့် အာ့ဆိုလည်း သား ရိကျန့်လေးကိုဆက်နမ်းဦးမယ်"
"သဘောပါဗျာ သဘော"
ထိုစဉ်..အဆောင်တော်တွင်းဝင်လာသောသူလေး..။
"ကော"
ရှောင်ကျန့်ကိုတွေ့တော့ ရိပေါ် ပြေးဖက်လိုက်သည်။
"အင့်.."
ရိပေါ်ဖက်တာအားပါသွားတာမို့ ရှောင်ကျန့် အသက်ရှူကြပ်လာသည်။
"ဝမ်လေး..ကောကိုလွှတ်ပါဦး"
ထိုတော့မှ ဖက်ထားရာမှခွာကာ...
"ကောရာ ကျနော့်ကိုမပြောဘဲဘယ်တွေလျှောက်သွားနေတာလဲ"
"ကော မီးဖိုဆောင်ဘက်သွားတာပါ စားချင်တာလေးရှိလို့"
"ကောရာ အဲ့တာ ကျိုးချန်ကိုပြောလိုက်လို့ရတယ်လေ"
"ဟင် ဝမ်လေးကလည်း ကျိုးချန်ကကိုယ်ရံတော်လေ ဒီဟာတွေထိပါ လိုက်လုပ်ခိုင်းဖို့ကအားနာစရာကြီးကို"
"ဟာ...မသိဘူး ကောရာ..ကျနော်စိတ်ပူနေတာကို"
အချွဲပိုနေတဲ့ ဝမ်မင်းကြီးကို ရှောင်ကျန့်အသဲတယားနဲ့ .. မျက်နှာလေးကိုကိုင်လိုက်တာ....။
"ဟုတ်ပါပြီ.. ကောနောက်တစ်ခါမင်းကိုပြောပြီးမှသွားပါမယ်"
"ဟင်..မရဘူး အဲ့လောက်နဲ့မရဘူး...အပြစ်ပေးရမယ်"
"ဘာအပြစ်လဲ"
DU LIEST GERADE
God-Given(ဘုရားပေးသော)[Complete]
FanfictionYizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။ Yizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။