Zawgyi
"ဟင်...ဟိုသခင်လေးရဲ့ သက်တော်စောင့်မလား"
ရိပေါ် ကျိုးချန်ကိုဝင်လာခိုင်းပြီးမှ ဟိုနေ့ကဟာကိုသတိရသွားသည်။
ရှောင်ကျန့်ကိုကြည့်တော့လည်း သူ့ကိုတစ်လှည့် ကျိုးချန်ကို တစ်လှည့်ကြည့်ကာ...သဘောပေါက်နေသည့်ပုံလေး...။မတတ်နိုင်ဘူး သိသွားမှတော့လည်း ချော့မော့ပြောရတော့မှာပေါ့..။"အဟမ်း ဘာကိစ္စလဲ ကျိုးချန်"
"အမတ်ကြီး ယွင် ကတွေ့ခွင့်တောင်းလို့ပါ "
"ပြီးရင် လာခဲ့မယ်လို့ပြောလိုက်"
"မှန်လှပါ အရှင်"
ကျိုးချန်လဲခပ်သွက်သွက်သာထွက်သွားတော့သည်။
"ကော..."
"......."
"ကော..."
"......"
"ကောစိတ်ဆိုးနေတာလား"
ရှောင်ကျန့်ကိုအတင်းချွဲနေသော အရှင်ကြောင့် ရှောင်ကျန့်ဆက်ပြီး မူမနေနိုင်တော့။
"အာ့ဆို အမှန်တိုင်းပြော ဟိုနေ့က ဝမ်လေးမလား"
"အင်း"
"အဲ့တာဘာလို့မပြောတာလဲ"
"ဟို...အဲ့တာက....ဟာ...ကောကလည်း ...အဲ့လိုမှမဟုတ်ရင်..ကောကကျနော့်နောက်ဘယ်လိုက်ပါ့မလဲ"
"ဟင်....အဲ့တာဆို နောက်တစ်ခုထပ်ဖြေ..ကြိုးနီစချည်မိတုန်းက ကျိန်စာဆိုတာကတကယ်လား"
"......."
"ပြောလေ ဝမ်လေး"
"ဟီးး မဟုတ်ဘူး..အဲ့တာ လျှောက်ပြောလိုက်တာ"
"ဘာရယ်! ဝမ်လေး.....ဟူးးး တောင်းပန်ပါတယ် အရှင်"
အခေါ်အဝေါ်ပါပြောင်းပြီး တစ်ဖက်လှည့်သွားသူကြောင့် ရိပေါ် မနေတတ်တော့။
"ကော...ဘယ်လိုခေါ်လိုက်တာလဲ"
"အရှင်က အရှင်ပဲလေ လုပ်ချင်တာလုပ်လို့ရနေတာပဲ "
ဟင်း ဒီလောက်ဆို ကောအလှလေးက စိတ်ဆိုးနေပြီ။
ရိပေါ် ရှောင်ကျန့် ခါးလေစကိုအနောက်ကနေသိုင်းဖက်ကာ....။
KAMU SEDANG MEMBACA
God-Given(ဘုရားပေးသော)[Complete]
Fiksi PenggemarYizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။ Yizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။