Zawgyi
ရှောင်ကျန့် .. ကလေးလေးမရှိတော့တဲ့ သူ့ဗိုက်လေးကို ကိုင်ရင်း... ဝမ်းနည်းမှုက အလိမ့်လိုက်တတ်လာသည်။ ဝမ်းနည်းမှုနှင့်အတူ နာကျဉ်းမှုပါ တွဲပါလာသည်။
"မမ .. ကျွန်တော် တောင်းထားတဲ့ဟာရပြီလား"
"အင်း...ရပြီ..ဒီမှာဆေးက...အနည်းငယ်သုံးရုံနဲ့ တစ်နာရီအတွင်းမှာ တစ်ကိုယ်လုံးကို အဆိပ်တွေပျံ့ပြီးသေဆုံးသွားနိုင်ပါတယ် "
"ကောင်းပြီ မမ...ကျေးဇူးပာ"
"ကျန့်ကျန့်...ဒါတွေကိုဘာလုပ်ဖို့လဲ"
ရှန်းရှန်းအမေးကို ရှောင်ကျန့်ကမဖြေဘဲ နှုတ်ခမ်းထောင့်လေးကကွေးညွတ်၍ပြုံးသည်။
ရှန်းရှန်း ကတော့...ရှောင်ကျန့်အတွက်ပူပန်နေဆဲပါပဲ။----------------------------------
"အရှင်..! "
ရိပေါ် သဝန်လွှာတွေဖတ်နေတုန်း..အနားရောက်လာတဲ့ မေလျန့်ကို ကြည့်လိုက်သည်။
"မေလျန် ... ဘာကိစ္စများလဲ"
ရိပေါ်အပြောကြောင့် မေလျန့်ကပျက်ချင်သွားတဲ့မျက်နှာကိုထိန်းကာ။
"အရှင် မေလျန့်ကိုပစ်ထားတာကြာပြီလေ...အခုလဲ..မေလျန်လာတာကိုစိမ်းကားနေပြန်ပြီ"
"မဟုတ်ပာဘူး ကိုယ်အလုပ်ရှုပ်နေလို့ပါ"
"ဟင်း ထားလိုက်ပါတော့.....ဒါနဲ့..ဟိုနေ့က လန်မင်းသားကို မိဖုရားခေါင်ကြီးလွှတ်ပေးလိုက်တာကို မေလျန်ပြောပြလိုက်တာ မိဖုရားခေါင်ကြီးကို အပြစ်ပေးဖို့မဟုတ်ဘူးလေ...မေလျန့်ကဒီတိုင်းသိစေချင်လို့ပြောပြတာကို....ပြီးတော့ အရှင်ကဘယ်လိုတွေအပြစ်ပေးလိုက်တာလဲဟင်"
မေလျန့်စကားတွေကြောင့် ရိပေါ်စိတ်ရှုပ်လာသည်။ သူမေလျန့်အပေါ်အရင်လိုခံစားချက်မရှိတော့သလိုပဲ။
"မေလျန် ကိုယ် ခေါင်းတွေနောက်နေလို့...ထွက်သွားပေးပါ "
"ဟင်..အရှင်ပင်ပန်းနေလို့လား..မေလျန်နှိပ်ပေးမှာပေါ့"
ရိပေါ်ရုန်းမလို့ပြင်လိုက်ပေမယ့် ရုတ်တရက် အဆောင်တံခါးပွင့်လာတာကြောင့်။
YOU ARE READING
God-Given(ဘုရားပေးသော)[Complete]
FanfictionYizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။ Yizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။