Zawgyi
ဘုရင့်ညီလာခံတွင် လူတောင်စုံပြီဖြစ်သည်။
"အရှင်မင်းကြီး မြောက်ပိုင်းမှာ သူပုန်တွေသောင်းကျန်းနေတဲ့ကိစ္စကို ဘယ်လိုဆောင်ရွက်တော်မူပါမည်နည်း"
"အင်း ကိုယ်ရံတော် ကျိုးချန်ကို ရဲမက်တွေနဲ့စေလွှတ်ပေးပါ့မယ် ကယ် ဘာတင်ပြစရာရှိသေးလဲ"
"တစ်ခုရှိပါသေးတယ်"
"ဘာများလဲ ကျန်း အမတ်ကြီး"
"တိုင်းပြည်က မိဖုရားနေရာလိုအပ်နေကြောင်းပါ"
ထိုစကားကြောင့် ရိပေါ် ငြိမ်သက်သွားသည်။
ရုတ်တရက် မျက်လုံးထဲပေါ်လာတာ မျက်ဝန်းလှလှလေးတွေနဲ့ ယုန်သွားတွေနှင့်အတူ နှုတ်ခမ်းအောက်ကမှဲ့ပိုင်ရှင်လေး ရှောင်ကျန့်ကိုသာ..။
သို့သော် သူက ယောက်ျားလေးဖြစ်နေခြင်း ....ဒီအမတ်ကြီးတွေလက်ခံပါ့မလား..ဘာပဲဖြစ်ဖြစ် ငါကိုယ်တော် သူမှလွဲ၍ဘယ်သူ့ကိုမှ လက်မဆက်ချင်..။"ကောင်းပါပြီ ငါကိုယ်တော်စဉ်းစားပေးပါ့မယ်"
===========================
"ရှစ်ရွမ်း"
"........"
"ရှစ်ရွမ်း!!!!!"
"ဟမ်.."
ရှောင်ကျန့် အတွေးလွန်နေ၍ အားယွမ်လေးခေါ်တာတောင်မကြားပေ..။
"ဒါလေး ရှင်းပြပါဦး"
"သြော် အင်း..."
ရှောင်ကျန့် မနက်ထဲက နန်းတော်မှာ စာသင်ပြီး ညနေလောက်မှပြန်ရသည်။
"ကယ် အားယွမ် ရှစ်ရွမ်း ပြန်တော့မယ်နော် အချိန်တောင်တော်တော်လင့်နေပြီ"
"အင်း...ဒါနဲ့လေ ရှစ်ရွမ်း ဦးရီးတော်ကို ဘယ်လိုမြင်လဲ"
"ဟမ်!!!!!!"
"အာ...ထားလိုက်တော့ ထားလိုက်တော့ ဘာမှမဟုတ်တော့ဘူး ရှစ်ရွမ်းအလှလေးသေချာဂရုစိုက်ပြန်နော်"
"အာ...အင်း အင်း"
ရှောင်ကျန့်တစ်ယောက်အိမ်ပြန်ရောက်တော့....
"ရှောင်းရှောင်ကျန့်"
"ဟင်...ပါးပါး"
"မင်းဒီကိုလာဦး"
YOU ARE READING
God-Given(ဘုရားပေးသော)[Complete]
FanfictionYizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။ Yizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။