အပိုင်း ၂၀

6.5K 643 31
                                    

Zawgyi

ချန်မင်းကြီး ကျောက်စမ်းပြားသွားယူနေတုန်း သူ့အနောက်ကတစ်ယောက်က ဓါးကိုဆွဲထုတ်လိုက်သည် ။ ထိုသည်ကို မြင်လိုက်သည်က ဝမ်ရိပေါ်။

ရိပေါ် ချက်ချင်းပင် ဝမ်နင်ကိုတွန်းထုတ်ကာ ချန်မင်းကြီးနားသွားပြီး ထိုဓါးထုတ်လိုက်တဲ့သူကို တိုက်ခိုက်လိုက်သည်။ အရှေ့ကတစ်ယောက်ကို တိုက်နေတုန်း ဘေးက လူကိုမမြင်မိ ။
အသက်အရွယ်ကြီးတဲ့ ချန်မင်းကြီးကလည်း ဘေးနားမှာ နောက်တစ်ယောက်လာတာကို မြင်ပေမယ့် မတုန့်ပြန်နိုင်လောက်အောင် ကြောင်နေသည်။

"အား ! "

ဓါးသွားက ဝမ်မင်းကြီးရဲ့ ကိုယ်ထဲကို စိုက်ဝင်သွားခဲ့သည် ။

ထိုသောအခါ ထိုနေရာမှာ တိုက်ခိုက်နေကြတဲ့သူတွေအားလုံး ရပ်တန့်ကုန်သည်။

"မင်းကြီး !!!"

အားလုံးရဲ့အသံတွေကဟိန်းထနေခဲ့သည် ။
လုပ်ကြံသူတစ်စုတို့ကလည်း ထိုနေရာမှထွက်ခွာသွားကြသည် ။

လဲကျသွားခဲ့တဲ့ဝမ်မင်းကြီးဆီကို ဝမ်နင် အမြန်ဆုံးသွားလိုက်သည်။

"မင်းကြီး ! စိတ်ထိန်းထားတော်မူပါ "

"ငါ့ကို စိတ်မပူနဲ့ ဒီလောက်ကဘာမှမဖြစ်ဘူး "

"ဘာလုပ်နေကြတာလဲ သမားတော်မြန်မြန်ခေါ်ကြလေ !"

ဝမ်နင်ရဲ့အသံကလည်း ဟိန်းထွက်လို့နေသည် ။

ဝမ်မင်းကြီးကို တွဲခေါ်ကာ ချန်မင်းကြီးစီစဉ်ပေးထားတဲ့အဆောင်တော်ကိုခေါ်သွားလိုက်သည်။

-----------------------------------------------

ယွင်ရှန်း ရှောင်ကျန့် ကိုကြည့်နေတာအတော်ကြာလေပြီ ... မနေ့ကညထဲက ရှောင်ကျန့် ငြိမ်လို့နေသည် ။
အခုဆို အရင်လို ငိုမနေတော့ဘူး ။ သူကျွေးတဲ့ စားတော်ပွဲတွေကိုလည်း စားတယ်။ ရှောင်ကျန့်ကသူ့အပေါ်အကောင်းမြင်လာတာလား ။ ဒါဆို သူ့အတွက်မျှော်လင့်ချက်ရှိလာတာပေါ့ ။

"ကျန့် "

"ဟင် "

ပြန်ထူးလာတာမို့ ယွင်ရှန်း ပြောဖို့အားတွေရှိလာသည် ။

God-Given(ဘုရားပေးသော)[Complete]Where stories live. Discover now