Zawgyi
"ဟိုလေ အခုဘယ်သွားနေတာလဲ.."
သူ့လက်ကို မလွှတ်စတမ်းကိုင်ကာ ဆွဲခေါ်သွားနေသူကြောင့် ရှောင်ကျန့် စိတ်ထဲကြောက်သလိုဖြစ်လာသည်။
"......"
တစ်ဖက်ကဖြေသံမကြား...
ခဏကြာတော့ တဖြည်းဖြည်း နက်လာတဲ့တောအုပ်ကြောင့်...
"ဒီက သခင်လေး အခုဘယ်သွားနေတာလဲ"
"တိတ်တိတ်နေ..."
အမိန့်ပေးခံရသလို ခံစားချက်ကြောင့် ရှောင်ကျန့်လဲဆက်မပြောတော့...။
"ရောက်ပြီ"
တောထဲက အိမ်ပုလေးတစ်လုံးကိုတွေ့တော့...
"ကျနော်တို့ ဒီကိုဘာလာလုပ်တာလဲဟင်"
"ငါတို့ဒီမှာတစ်ညလုံးရှိနေမှရမယ်လေ.."
"ဒါနဲ့ ဒါက သခင်လေးနေတဲ့နေရာလား"
ရှောင်ကျန့် အရဲစွန့်ပြီးမေးလိုက်တော့ သူ့ကိုပြန်ကြည့်လာတဲ့ မျက်ဝန်းတွေက ဆက်ပင်မကြည့်နိုင်လောက်အောင်စူးရှလွန်းတာကြောင့် ခေါင်းကိုငုတ်ထားလိုက်သည်။
"တောင်းပန်ပါတယ်..သခင်လေး"
ထိုသခင်လေးက ပြန်မဖြေဘဲ အိမ်ပုလေးထဲဝင်ကာ ထိုင်ပြီး...
"ဒီကိုလာ"
ထိုသို့ပြောသောကြောင့် သူသွားကာ ထိုင်လိုက်သည်။
ရုတ်တရက် လက်ကောက်ဝတ်ကကိုင်ကာသူ့ပေါင်ပေါ် ဆွဲချလိုက်သောသခင်လေးကြောင့်..ထဖို့ရုန်းတော့..။
"ငြိမ်ငြိမ်နေ..."
သခင်လေးရဲ့စကားတွေကအမိန့်ဆန်လွန်းတယ် ဒါပေမယ့် ကျနော်လိုက်နာမိနေတယ်..။
"မော့ကြည့်လိုက်"
သခင်လေးပြောတဲ့အတိုင်းကြည့်လိုက်တော့ ကောင်းကင်ထက်၌ကြယ်ပွင့်လေးတွေအထင်းသားမြင်နေရတဲ့ မြင်ကွင်း အရမ်းကိုလှလွန်းသည်။
"လှလား"
"အင်း"
ရှောင်ကျန့် သခင်လေးဆိုသူပေါင်ပေါ်မှာဆိုတာကိုတောင် မေ့လျော့ကာ ကြယ်တွေကိုကြည့်ရင်းအားရပါးရပြုံးလိုက်မိသည်။
JE LEEST
God-Given(ဘုရားပေးသော)[Complete]
FanfictieYizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။ Yizhan fiction ကောက ကျနော့်အတွက်တော့ ဘုရားပေးတဲ့ ဆုလာလ်လေးတစ်ခုပဲ ကျနော်ကောကိုဘယ်လိုနည်းနဲ့မှလက်မလွှတ်နိုင်ဘူးနော်..။