The Guys of Yangon,1930 (Part 4)
..................................................
အခန်း(၅)
……………….''ကိုကြီးဖိုးတုတ်..ကျွန်တော်တောင်းပန်ပါတယ်ဗျာ..ကျွန်တော့်ကြောင့် ဒီလိုဖြစ်ရတာ''
''နေ နေ ဘသိန်း..ငါဘာမှမဖြစ်ဘူး..အခုချိန်မှာ ငါ့စိတ်ကို ဖြေလျော့ပေးနိုင်တာ ချိုက်ဟုန်ပဲ ရှိတယ်… ဂန္ဓမာ ချိုက်ဟုန် အိမ်ကို မောင်းကွာ။ ပြီးရင် ငါ့ကို ချထားခဲ့။ ပြီးတာနဲ့ ချိုင်းနားစတန်းကို သွားပြီး လောက်ဝီ ကို ပြောလိုက် ဒီည ချိုက်ဟုန် ကို ငါက အလုပ်ပေးမဆင်းဘူးလို့..''
ကားက မော်တင်ကမ်းနားမှ သစ်သားတန်းလျားဆီသို့ ဦးတည်လိုက်သည်။
ထိုသစ်သားတန်းလျားတွင် ချိုက်ဟုန် က သူ့သူငယ်ချင်း မသောင်းနှင့်အတူ အခန်းတစ်ခန်းငှားကာနေထိုင်ခြင်းဖြစ်သည်။ချိုက်ဟုန်သည် တရုတ်သွေးတဝက်ပါသည့် အစ္စလာမ်ဘာသာဝင် မဂိုမလေးဖြစ်သည်။
ချိုင်းနားစတန်းဟိုတယ်တစ်ခုလုံးတွင် နာမည်အကြီးဆုံးဟိုတယ်မယ် လည်းဖြစ်၏။
အသားဖြူဖြူ၊ နှာတံစင်းစင်း မျက်နှာဝိုင်းဝိုင်းတွင် ဆံပင်မှောင်မှောင်ကောက်ကောက်လေးများ တွဲကျနေသည့် ဆွဲဆောင်မှုရှိသော အလှပိုင်ရှင်ဖြစ်သည်။ခန္ဒာကိုယ်က အနည်းငယ်၀ဖြိုးသည့်ဘက်ရောက်သော်လည်း ယောက်ျားများအကြိုက်အနေအထားတွင် ရှိနေသည်။
ချိုက်ဟုန်က အပြောအဆို၊ အယုအယတွင် တစ်ဖက်ကမ်းခတ်သည်။
လမ်းမတော်ဖိုးတုတ် ၏ အချစ်တော်ကလေးလည်း ဖြစ်သည်။လမ်းမတော်ဖိုးတုတ် လာမည့်ညဆိုလျှင် ချိုက်ဟုန်ကို မည်သူမှ မထိရဲ။ ဟိုတယ်ပိုင်ရှင်တရုတ် လောက်ဝီ က ချိုက်ဟုန်ကပ် ချိုက်ဟုန်ကို သီးသန့်အခွင့်အရေးပေးရသည်။
ချိုက်ဟုန်တို့ တန်းလျားရှေ့တွင် မော်တော်ကားရပ်လိုက်သည်။
ဖိုးတုတ် ဆင်းလာသည်ကို တဲတန်းရှေ့ ဘုံဘိုင်ခေါင်းတွင် ရေချိုးနေသော မသောင်းက လှမ်းမြင်လိုက်၏။
''ဟယ်..ကိုဖိုးတုတ်ကြီး.လာတယ်တော့..ဒါဆိုရင်တော့ ဒီနေ့ အသောင်း ဆိုင်ကို စောစောသွားရတော့မယ်ထင်တယ်ရှင့်''
YOU ARE READING
THE GUYS OF RANGOON 1930
AcciónThe guys of rangoon1930 လေးကဆရာခက်ဇော်ရဲ့ အခုလတ်တလောမှာ အရမ်းကိုနာမည်ကြီးနေတဲ့ စာအုပ်လေးဆိုတာ စာဖတ်သူတို့သိကြပြီးဖြစ်မှာပါရှင့် ကေသီကအရမ်းကိုစာဖတ်ပျင်းပါတယ် ဒါပေမယ့် ဒီစာအုပ်လေးကိုဖတ်လိုက်တဲ့အချိန်မှာတော့ တကယ်ကို ၁၉၃၀ ရောက်သွားသလိုခံစားရပြီး တကယ်လည...