The Guys of Yangon,1930(Part 31)
...........
အခန်း(၃၂)……………..
လန်ကျသွားသော ဘဘိုး ၏ ခေါင်းကို အနောက်ဘက်မှ ရောက်နေသော ထွန်းရင်က အဝတ်အိတ်အမဲဖြင့် စွပ်ကာ အုပ်ကိုင်ထားလိုက်သည်။
ဘဘိုး ကား သတိရှိသူဖြစ်သည့်အတွက် လက်ထဲမှ ခြောက်လုံးပြူးမှာ လွတ်ကျမသွား။
ဖိုးတုတ်က ခြောက်လုံးပြူးကို ဝင်အလုပ်တွင် ဘဘိုးက ခြေထောက်ဖြင့် ရမ်းကန်လိုက်သဖြင့် ခလုတ်တိုက်ပြီး ဘဘိုးပေါ် ဖိုးတုတ် လဲကျသွား၏။
ဘဘိုးနောက်မှ ထွန်းရင်လည်း ပက်လက်အနေအထားဖြင့် လဲကျသွားသည်။
ထွန်းရင်က ဘဘိုး၏ ခန္ဓာဖြင့် ပိနေသော်လည်း ဘဘိုး၏ မျက်နှာကို အုပ်ထားသော အဝတ်မဲကို အားဖြင့် ခပ်တင်းတင်း ဖိထားသည်။
ဘဘိုးမှာ အော်သော်လည်း အဝတ်ဖြင့် အုပ်ထားသဖြင့် ဝူးဝူးဝါးဝါးအသံလုံးသာ ထွက်လာလေသည်။
ဖိုးတုတ်က ဘဘိုးကို အပေါ်မှ ခွကာ ဘဘိုး လက်ထဲမှ ခြောက်လုံးပြူးကို အတင်းလုသည်။ဘဘိုးကလည်း ခြောက်လုံးပြူးကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ရုန်းကန်နေသည်။
ဖိုးတုတ်က ညာဘက်လက်က သေနတ်ကိုလုနေရင်း ဘက်ဘက်မှ ဇာဝီတုတ်ကို ကိုင်ကာ ဘဘိုး၏ ခေါင်းကို တစ်ချက်ရိုက်လိုက်သည်။ သို့သော် အနီးကပ်ရိုက်ရခြင်းဖြစ်သဖြင့် ဇာဝီတုတ်မှာအားသိပ်မပါ။
ထွန်းရင်က ဘဘိုး၏ မျက်နှာကို အဝတ်နက်ဖြင့် အုပ်ရင်း ခပ်တင်းတင်းဆွဲဖိထားရာမှ အားနေသော ပါးစပ်ဖြင့် သူ့ ဘဘိုး၏ ညာဘက်ပါးနေရာကို မှန်းပြီး အသားကုန်ကိုက်ခဲထားလေသည်။
ဘဘိုးမှာ နာကြင်လွန်းသဖြင့် တဝူးဝူး အော်ကာ ရုန်းကန်နေ၏။
လက်က သေနတ်ကိုမူ အလုမခံပဲ ခပ်တင်းတင်းကိုင်ထား၏။
ဖိုးတုတ်မှာ ကျန်းမာရေးထိခိုက်ထားချိန်ဖြစ်သဖြင့် ယခင်ကလောက် ခွန်အားမရှိတောပေ။ အားကောင်းမောင်းသန်လူငယ်ဖြစ်သော ဘဘိုး လက်မှ သေနတ်ကို မနည်းလုနေရသည်။
ထိုအချိန်တွင် ဘဘိုးလက်မှ ခြောက်လုံးပြူးသေနတ်သည် ဒိန်းခနဲ ကျည်ထွက်သွားပြီး ဖိုးတုတ် ဘေးသို့ လွင့်ကျသွား၏။
YOU ARE READING
THE GUYS OF RANGOON 1930
AkcjaThe guys of rangoon1930 လေးကဆရာခက်ဇော်ရဲ့ အခုလတ်တလောမှာ အရမ်းကိုနာမည်ကြီးနေတဲ့ စာအုပ်လေးဆိုတာ စာဖတ်သူတို့သိကြပြီးဖြစ်မှာပါရှင့် ကေသီကအရမ်းကိုစာဖတ်ပျင်းပါတယ် ဒါပေမယ့် ဒီစာအုပ်လေးကိုဖတ်လိုက်တဲ့အချိန်မှာတော့ တကယ်ကို ၁၉၃၀ ရောက်သွားသလိုခံစားရပြီး တကယ်လည...