The Guys of Yangon,1930(Part 30)
အခန်း(၃၁)
.................."ဒေါက်တာဘမော် ကို သတ်ရမယ်..ဟုတ်လား"
လမ်းမတော်ဖိုးတုတ် တအံတသြဖြစ်သွားသည်။
ဗိုလ်ချုပ်အီစာမူရာက ဆာကေး နောက်တစ်ခွက်ကို သူ့ဘာသာ ထပ်ငှဲ့လိုက်သည်။
"မင်းလူတွေကို သတ်ပြီး မင်းနေရာကို မှန်းနေကြတာ ဒေါက်တာဘမော် ရဲ့ လူတွေနော်..ဖိုးတုတ်"
ဖိုးတုတ် စဉ်းစားသွားသည်။
"ဟုတ်ပြီ..မာစတာ..ဒါဆို ဒေါက်တာဘမော် အပြင် သူ့ဘေးက ဦမြကျင် နဲ့ ဘဘိုး ကို ရော အဆစ်သတ်ပစ်လို့ ရမလား''
"ဒါကတော့ မင်းကိစ္စလေ..ဖိုးတုတ်။ ဒေါက်တာဘမော် မရှိတော့ရင် သူတို့လည်း မင်းလက်ထဲက ပြေးမလွတ်ပါဘူး"
"ဘယ်တော့လောက်..ဘယ်လိုသတ်ပေးရမှာလဲ"
"ဒါက မင်းအရင် လမ်းဘေးမှာ လူသတ်သလို လုပ်လို့တော့မရဘူး..ဖိုးတုတ်။ ငါတို့စနစ်တကျ အစီအစဉ်ဆွဲရမယ်။ ပြီးတော့ ငါတို့ ဝင်သတ်ဖို့ ရွေးချယ်ထားတာက ဘမော် ရဲ့ အိမ်ထဲမှာပဲ။ အဓိပတိတစ်ယောက်ရဲ့ အိမ်ထဲကို ဝင်သတ်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးကွ"
"ဒါဆို ဘာလို့ အိမ်ထဲ ဝင်သတ်မလဲ၊ သူတစ်နေရာရာကို ရောက်နေချိန် သတ်လို့ရော မရဘူးလားဗျ"
"မရဘူး..ဖိုးတုတ်။ ဘမော် အိမ် ပတ်လည်မှာ ဝိုင်းနေတာ ဘီအိုင်အေက ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေချည်းပဲ။ ပြီးတော့ ဘမော် အိမ်ရဲ့ အဝင်ကင်းစခန်းကလည်း ဘီအိုင်အေက စောင့်တာ။ သူ့အိမ်ထဲကို ဝင်သတ်နိုင်မှ ဘီအိုင်အေက ဘမော်ကို သတ်တယ်ဆိုတာမျိုးကို တိုကျိုအစိုးရကို ငါတို့ တင်ပြလို့ရမှာ။ နို့မဟုတ် ဘမော်မှ ဘမော်ဖြစ်နေတဲ့ တိုကျိုနန်းတွင်းနဲ့ အစိုးရက ငါတို့သတ်တာလို့ သိတာနဲ့ ငါတို့ သွားပြီပဲ။ ဒါကြောင့် ဘီအိုင်အေက သတ်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် လုပ်ရမယ်"
"ခင်ဗျားတို့က ဗမာအချင်းချင်းပါ ချကုန်အောင် လုပ်တာပဲဗျ"
"ဒါနိုင်ငံရေး..ဖိုးတုတ်။ တရားတာ မတရားတာထက် ရလာဒ်က ပိုအရေးကြီးတယ်"
YOU ARE READING
THE GUYS OF RANGOON 1930
ActionThe guys of rangoon1930 လေးကဆရာခက်ဇော်ရဲ့ အခုလတ်တလောမှာ အရမ်းကိုနာမည်ကြီးနေတဲ့ စာအုပ်လေးဆိုတာ စာဖတ်သူတို့သိကြပြီးဖြစ်မှာပါရှင့် ကေသီကအရမ်းကိုစာဖတ်ပျင်းပါတယ် ဒါပေမယ့် ဒီစာအုပ်လေးကိုဖတ်လိုက်တဲ့အချိန်မှာတော့ တကယ်ကို ၁၉၃၀ ရောက်သွားသလိုခံစားရပြီး တကယ်လည...